Archive for October 2011

ကွန်ပျူတာ ပြုပြင်သူများနှင့် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ပြဿနာ

Authorized Service Center များမှ တာဝန်ရှိ Service Technician များအား ဆက်သွယ်မေးမြန်းခဲ့ရာဟာ့ဒ်ဝဲပိုင်းပြုပြင်ပေးရခြင်းထက် ဆော့ဖ်ဝဲပိုင်း ပြုပြင်ပေးရခြင်းက ပိုမိုများပြားကြောင်း၊ ဟာ့ဒ်ဝဲပိုင်း ပြုပြင်ပေးရာတွင်လည်း Hard Disk ၊ Battery ၊ Graphic Card အစရှိသော အစိတ်အပိုင်းများကို အသစ်လဲလှယ်တပ်ဆင်ပေးရခြင်းမျိုးသာ အတွေ့များကြောင်း သုံးသပ်ပြောကြားသည်။
Suzuki ကွန်ပျူတာ ကုမ္ပဏီမှ Technician မပွင့်သက်နွယ်က “ Suzuki Brand အနေနဲ့ကတော့ Hardware ပိုင်း ပြုပြင်ပေးရတာ နည်းပါတယ်။ ပြုပြင်ရတာရှိရင်လည်း Battery အပိုင်းမှာပဲ ဖြစ်တတ်ပါတယ်။ Software ပိုင်းနဲ့ Hardware ပိုင်းမှာ Software ပိုင်းကို ပြုပြင်ပေးရတာ များတယ်။ Virus ကြောင့် ဖြစ်တာများတယ်၊ တစ်လကို ရန်ကုန်မှာ Software ပိုင်းမှာ အလုံး (၂ဝ)လောက်၊ Hardware ပိုင်းမှာ (၁ဝ)လုံးလောက် ပြုပြင်ရပါတယ်။ နယ်မြို့တွေမှာတော့ တစ်လ (၆)လုံးလောက် ပြုပြင်ပေးရပါတယ်။ Battery ဆိုလည်း အသစ်လဲပေးတယ်။ Motherboard ဆိုလည်း အသစ်လဲပေးတယ်။ Graphic Card ဆိုလည်း အသစ်လဲပေးပြီး ပြုပြင်ပေးပါတယ်။ နောက်ပိုင်းကျတော့ အလုံးအရေအတွက် လျော့ပြီး ပြုပြင်ပေး လာရတယ်။
အခုနောက်ပိုင်း Suzuki Notebook ကို ကျပ် (၃၈ဝ,ဝဝဝ) လောက်နဲ့ Standard ပုံစံသုံးလို့ ရနေပြီ။ Netbook ဆို (၂) သိန်းကျော်ကျော်လောက်နဲ့ သုံးနိုင်ပြီး Parts Year (၁)နှစ်၊ Service Warranty (၂)နှစ် ပေးထားပါတယ်။ Brand တိုင်း ပြုပြင်ပေးရမှု အပိုင်းမှာ ကွာခြားချက် ရှိပါတယ်။ Suzuki Brand ပုံစံက ရိုးပါတယ်။ အကြမ်းခံတယ်။ Keyboard အလွှာတွေကို (၃/၄)လွှာထိ လုပ်ပေးထားတဲ့ အတွက် ရေစို ခံနိုင်ရည် ရှိပါတယ်” ဟု ပြောသည်။ Gigabyte ကွန်ပျူတာကုမ္ပဏီမှ Technician ကိုအောင်ကျော်ညွှန့်က “ များသောအားဖြင့် Motherboard တို့နဲ့ ပတ်သက်ပြီး တစ်ပတ်(၁)လုံး၊ နှစ်လုံး ပြုပြင်ပေးရပါတယ်။ ပုံမှန်တော့ မဟုတ်ပါဘူး။ တစ်လလုံးမှ (၃)လုံးလောက် ပြုပြင်ရတာလည်း ရှိပါတယ်။ တစ်လကို တစ်လုံးလောက်ကတော့ အနည်းဆုံး ပြုပြင်ပေး ရပါတယ်။ ပြုပြင်ပေးရတဲ့ အပိုင်းကတော့ နည်းပါတယ်။
သတ်မှတ်ကာလအတွင်း Free Service နဲ့ ပြုပြင်ပေးတာပါ။ ဒီမှာက Gigabyte Brand တစ်မျိုးတည်းပါ။ အရင်က ပြုပြင်ရတဲ့ အရေအတွက်၊ အခုပြုပြင်ပေးရတဲ့ အရေအတွက်ကတော့ ပြောဖို့ ခက်ပါတယ်။ နယ်တွေမှာရှိတဲ့ Show Room တွေမှာတော့ Software အပိုင်းကို ပြုပြင်ပေးပြီး Hardware အပိုင်းမှာတော့ ရန်ကုန်မှာ ပြုပြင်ရတာ များပါတယ်” ဟု ပြောသည်။ Toshiba Service မှ Technician ကိုနေသူရက “Adapter ကတော့ အနည်းအကျဉ်း ပြုပြင်ပေးရတာ ရှိပါတယ်။ (၁)လကို Hardware ပိုင်းအနေနဲ့ အလုံး (၂၅)လုံး၊ Software ပိုင်းကတော့ အလုံးများပါတယ်။ Service ပစ္စည်း လိုအပ်မှု ရှိရင်တော့ ရန်ကုန်မှာမရှိရင် စင်ကာပူကို ပစ္စည်းမှာပြီး ပြုပြင်ပေးပါတယ်။ သတ်မှတ်ထားတဲ့ Warranty ပစ္စည်းဆိုရင် Free Service ပါပဲ။
Toshiba Authorized ကုမ္ပဏီက ဝယ်သွားတယ်ဆိုတဲ့ အချက်အလက် အပြည့်အစုံ ပြနိုင်ရင် Service ကို ပြည့်ပြည့်စုံစုံ ပေးထားပါတယ်။ နည်းပညာ ကွာခြားပြီး ပြုပြင်ပေးရတဲ့ အပိုင်းတွေ ရှိပါတယ်။ Model အလိုက် ပြောင်းလဲမှုတွေ ရှိပါတယ်။ Software နဲ့ ပတ်သက်ပြီး Complain များ ရှိပါတယ်။ ပြုပြင်ပေးမှု အပိုင်းမှာလည်း အရင်အရေအတွက်နဲ့ အခုအရေအတွက် ကွာခြားချက်များ ရှိပါတယ်။ Software ပိုင်း ပြုပြင်မှု အပိုင်းမှာ အများကြီး ကွာခြားချက်တော့ မရှိပါဘူး။ နည်းပညာတွေကို အခက်အခဲမရှိ ကူညီပြုပြင်ပေးနိုင်ဖို့ တစ်နှစ်(၂)ကြိမ် စင်ကာပူမှာ Training ပေးပါတယ်။ Toshiba Brand ဖြစ်တဲ့ Notebook ကို South East Asia မှာ ဝယ်ခဲ့တဲ့ Notebook ဆိုရင် ဒီမှာ ပြုပြင်ပေးပါတယ်။ Part Warranty 1 year ၊ Service Warranty 2 Years ပေးပါတယ်။ (၇၂) နာရီအတွင်း Service ပြုပြင်ပေးမှု အပိုင်းကို ပြည့်ပြည့်စုံစုံ ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ Notebook ဝယ်မယ်ဆိုရင် သူ့ရဲ့ဆိုးအကောင်းတွေ၊ Content တွေ၊ Warranty တွေကို ကြည့်ပြီး လုပ်ဆောင်မှုများကို သုံးသပ်ပြီးမှ ဝယ်ယူပါ ” ဟု ရှင်းပြသည်။
Acer မှ တာဝန်ရှိသူ Service Technician ဖြစ်သူ ကိုပြည့်ဖြိုးဝင်းက “ များများစားစား ပြုပြင်ပေးရမှုတော့ မရှိပါဘူး။ ပြုပြင်ပေးရတဲ့ အပိုင်းမှာတော့ Motherboard ၊ Hard disk ၊ LCD ကြိုးတွေကို ပြုပြင်ပေးရတာ များပါတယ်။ အများဆုံး ပြုပြင်ပေးရတဲ့ အပိုင်းကတော့ Hardware အပိုင်းပါ။ Virus ကြောင့်ပါ။ တစ်လမှာ ပုံမှန်ပြုပြင် ပေးရတာတော့ မရှိပါဘူး။ Software ထည့်ချင်သူတွေ ရှိတယ်။ Application လေးတွေထပ်ပြီး ထည့်ပေးရတာတွေ ရှိတယ်။ နယ်တွေက အသုံးပြုသူတွေကြတော့ သက်ဆိုင်ရာ နေရာတွေမှာ ပြုပြင်ပေး ပါတယ်။ အရင်က ကွန်ပျူတာတွေကို ပြုပြင်ပေးရတဲ့ နည်းပညာနဲ့ အခုပြုပြင်ပေးရတဲ့ နည်းပညာ ကွာခြားချက်တွေ နည်းပါတယ်။
တချို့ဟာတွေမှာ မတူဘူး။ ဖြစ်နိုင်တဲ့ အရာများအပေါ် မူတည်ပြီး ပြောပေးရပါတယ်။ အရင်ကလည်း ကွန်ပျူတာတွေကို ပြုပြင်ရတာ နည်းပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ ကုမ္ပဏီ Brand ဆို ဦးစားပေး ပါတယ်။ တခြား Acer ဆိုလည်း ပြုပြင်ပေးရတဲ့ အခကြေးငွေကို သင့်တင့်သလောက် ယူပါတယ်။ Brand အလိုက် ပြုပြင်ပေးရမှုမှာတော့ Battery တို့၊ Chipset တို့ ပစ္စည်းကွာခြားတာတော့ ကိုယ်စီ ရှိကြပါတယ်။ Chipset နဲ့ ပတ်သက်ပြီး လဲရမယ်ဆိုရင် Customer ကို အသိပေးပြီး လဲလှယ်ပေးပါတယ် ” ဟု ပြောသည်။
MSI\Service Technician ကိုမြတ်ဇော်ကို ကလည်း “ အသုံးပြုသူတွေ အများဆုံးဖြစ်လာတဲ့ ပြုပြင်မှု အပိုင်းကတော့ Windows အပိုင်းနဲ့ Virus ပိုင်း ပိုများပါတယ်။ Windows ပိုင်းမှာတော့ Software နဲ့ မကိုက်ညီတဲ့ အတွက် Screen ပျက်တဲ့ပြဿနာ၊ System file တွေ ပျက်သွားတဲ့ အတွက် Windows မတက်တာ၊ ဒီနောက်ပိုင်းမှာတော့ Virus ကြောင့်ဖြစ်တဲ့ ပြဿနာတွေ များပါတယ်။ Hardware ပိုင်း အနေနဲတော့ Memory တို့ Battery တို့နဲ့ ပတ်သက်တဲ့ ပြဿနာ များပါတယ်။ Laptop ဝယ်ယူသူအားလုံးကို Warranty year ပေးထားတယ်။ Warranty ကာလအတွင်းမှာတော့ Laptop အစိတ်အပိုင်း အားလုံးကို လက်ခမဲ့ ပြုပြင်ပေးပါတယ်။
နယ်က အသုံးပြုသူတွေ အနေနဲ့ကတော့ သူတို့ဝယ်ယူထားတဲ့ ဆိုင်ကနေတစ်ဆင့် Service ပြန်လည် ပေးပါတယ်။ ဒါမှမဟုတ် ရန်ကုန်က Service Centre ကို တိုက်ရိုက် ပို့ဆောင်မှု ပြုရင်လည်း လက်ခံပေးပါတယ်။ Royal Smart ကုမ္ပဏီမှ လာဝယ်တဲ့ ပစ္စည်းအားလုံးကို Service ပြုလုပ်ပေးပြီး ပြုပြင်ပေးပါတယ်။ အရင်ကထက် စာရင်တော့ Windows နဲ့ ပတ်သက်တဲ့ Service Tools တွေ ပိုများလာတဲ့အတွက် ပိုပြီး လွယ်ကူလာတယ်။ Warranty ကို (၁)နှစ်အတွင်းမှာ လက်ခမဲ့ ပြုပြင်ပေးပြီး (၁)နှစ်ကျော် သွားရင်လည်း Service လက်ခကို အထူးချိုသာစွာ ပြုပြင်လုပ်ဆောင် ပေးပါတယ်”ဟု ပြောသည်။
ASUS မှ Service Technician ကိုထင်အောင်ကျော် (Senior Technical Support) က “ Virus Definition Update၊ Virus Cleaning၊ OS installation ပြန်တင်ပေးရတဲ့ အဓိက အစိတ်အပိုင်းတွေကို ပြုပြင်ရတယ်။ တစ်လကို Hardware အတွက် တစ်လကို (၅)လုံးနီးပါးလောက် ရှိပြီး Software နှင့် Virus အတွက်တော့ (၁၅)လုံး နီးပါးလောက်ထိ Service ပြုပြင်ပေးရတယ်။ နယ်တွေက အသုံးပြုတွေကို အဆင်ပြေအောင် လျင်လျင်မြန်မြန် ဝန်ဆောင်မှု ပေးပါတယ်။ နည်းပညာအသစ်တွေ ပေါ်လာတိုင်း Technician တွေကို Training ပေးပါတယ်။ Technician တွေဟာ အသုံးပြုသူတွေကို ပြန်ပြီး အသိပညာ ဝေမျှမှု လုပ်ပေးပါတယ်။
အသုံးပြုသူတွေရဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ တိုးတက်လာပြီး နည်းလမ်းတကျ အသုံးပြုမှုကြောင့် ပြုပြင်ပေးရတာ အရမ်းနည်းသွားပါတယ်။ ASUS Laptop တွေကို (2)Year Global Warranty ထူးထူးခြားခြား ပေးထားပါတယ်။ ပြည်ပက ဝယ်လာတဲ့ Global Warranty ပစ္စည်းတွေကိုလည်း လက်ခမဲ့ လျင်လျင်မြန်မြန် ပြင်ဆင်ဆောင်ရွက် ပေးပါတယ်။ အခုဆိုရင် ASUS Product ရဲ့ Quality နဲ့ Warranty Service ကို အသုံးပြုသူတွေက ယုံကြည်စိတ်ချစွာ အသုံးပြုမှု များလာတဲ့ အတွက်ကြောင့် နောင်အနာဂတ်မှာလည်း အသုံးပြုသူတွေကို နည်းပညာ အသစ်အဆန်းတွေနဲ့ ပျော်ရွှင်ကြည်နူးမှုများကို ပေးသွားမှာ ဖြစ်ပါတယ် ”ဟု ပြောကြားသွားခဲ့သည်။
မန္တလေးမြို့တွင် Service Centre ရှိသော ကုမ္ပဏီများ အနေဖြင့် နယ်မြို့များတွင် ပြုပြင်ပေးရသော Hardware အပိုင်းကို ထိုမြို့မှာပဲ ပြုပြင်ပေးပြီး၊ ပြုပြင်ပေးရာတွင် ပစ္စည်းလိုအပ်မှု ရှိမှသာလျှင် ရန်ကုန်ရှိ သက်ဆိုင်ရာ ပင်ရင်း Service Centre များသို့ပို့ဆောင်ပြုပြင် ပေးရကြောင်း သိရှိရသည်။ ရန်ကုန်မြို့တွင်လည်း ပြုပြင်မှုအပိုင်း ပြည့်စုံမှုမရှိပါက သက်ဆိုင်ရာဒေသ၏ Service Centre ရှိသော စင်ကာပူသို့ပို့ကာ ပြုပြင်မှုလုပ်၍ ပြည့်ပြည့်စုံစုံ ဝန်ဆောင်မှုများ ပေးကြသည်ဟု ရန်ကုန်မြို့ရှိ Authorized ကုမ္ပဏီများမှ တာဝန်ရှိ Technician များ၏ ပြောပြချက်များအရ သိရှိရသည်။
Warranty ပေးထားသော သတ်မှတ်ကာလအတွင်း Free Service အနေဖြင့် ပြုပြင်ပေးနေကြောင်း၊ အခြားသော Brand များကိုလည်း Authorized အနေဖြင့် မဟုတ်သော်လည်း ကုမ္ပဏီမှ တင်သွင်း ရောင်းချပေးထားခြင်းများ ရှိခြင်းကြောင့် မိမိဆိုင်တွင် ဝယ်ယူအားပေးသွားသော Authorized မဟုတ်သော Brand ကိုလည်း Free Service အနေဖြင့် ဝန်ဆောင်မှုများ ပေးနေကြောင်း၊ ထိုသို့ ဝန်ဆောင်မှုပေးရာတွင် သင့်တင်သော နှုန်းထားဖြင့်လည်းကောင်း၊ အခကြေးငွေဖြင့်လည်းကောင်း ပြုပြင်ပေးကြောင်းကို အချို့ Authorized ကုမ္ပဏီများနှင့် Technician များ၏ ပြောပြချက်များအရ သိရှိရသည်။

Monday, October 10, 2011
Posted by Unknown

Windows Movie Maker For Windows 7 OS

ဒီ Windows Movie Maker software က Photos & Video Clips တွေကို Create & Edit လုပ်နိုင်တဲ့ Software တစ်ခုပါ။ Professional အတွက်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ Software တွေ အများကြီးရှိပါတယ်။ Windows XP & Vista users တွေအတွက်ကတော့ Auto Install ထားပြီးဖြစ်လို့ စက်ထဲမှာ အသင့်ပါပြီးဖြစ်ပါတယ်။
ဒါပေမယ့် Windows 7 users တွေကတော့ Windows Movie Maker ကို စက်ထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီ့အတွက် Microsoft က New version အနေနဲ့ Windows Movie Maker software ကို Windows Vista & 7 users များအတွက်ဆိုပြီး ထုတ်ထားပါတယ်။ Windows 7 users များ အောက်မှာ ပေးထားတဲ့ လင့်ခ်ကို သွားပြီး New Movie Maker software ကို Download ချနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Windows Movie Maker software နဲ့ Movie-making, Improved editing, Slide show creation နဲ့ web publishing တွေအတွက် အသုံးပြုနိုင်ပါပြီ။
{ Only for Windows Vista & 7 users (not for XP users) }

Download Movie Maker


ကျနော့်ရဲ့Vista Error အတွက်ရှာရင်းကရခဲ့တာပါ....အဆင်ပြေနိုင်ပါစေလို့မျှော်လင့်ပါတယ်

ကျေးဇူးတင်ပါတယ်..
Posted by Unknown

ကွန်ပျူတာအသုံးပြုသူတိုင်း သိထားသင့်သော အချက်များ

ကွန်ပျူတာမြန်ဆန်အောင်အခြေခံလုပ်ဆောင်သင့်သောအချက်များ
 
၁။ File Indexing ကို Disable လုပ်ထားပါ
ဖိုင်တွေရှာဖွေတဲ့အခါမှာ ပိုပြီး မြန်ဆန်စေဖို့ သုံးတဲ့ windows xp ရဲ့ component တစ်ခုဖြစ်ပါတယ်။ ဖိုင်ရှာဖွေတဲ့ အလုပ်ကို ခဏခဏမလုပ်ဘူးဆိုရင်တော့ ပိတ်ထားတာက သင့်တော် ပါလိမ့် မယ်။
Disable လုပ်တဲ့နည်းကတော့-Control Panel>Add/Remove Windows Components မှာ Indexing Service ရှေ့က အမှန်ခြစ် ကလေးကို ဖြုတ်ရုံပါပဲ။
၂။ Start up program တွေကို ဖြုတ်ပစ်ပါ
Start up program ဆိုတာက Windows တက်တက်ချင်း run တဲ့ program ပါ။ အများအားဖြင့် မလို အပ်တာ တွေပဲများပြီး စောင့်နေရတာပဲ ပိုပါတယ်။ အဲဒါတွေကို Disable လုပ်မယ် ဆိုရင်တော့
Start>Run မှာ msconfig လို့ရိုက်ပါ။ ပြီးရင် startup tab ကို နှိပ်ပြီး Disable All ကို နှိပ်ပါ။ တစ်လက်စတည်း Service tab ကိုလည်း နှိပ်ပါ။ Hide All Microsoft Service ရှေ့မှာ အမှန်ခြစ်ပေးပါ။
ကျန်နေတဲ့ service တွေရဲ့ ရှေ့က အမှန်ခြစ်တွေကို ဖြူတ်ပစ်ပါ။ Antivirus service တွေကိုတော့ မဖြုတ်ပါနဲ့။
၃။ Temp Folder ကို အလိုအလျောက်ဖျက်စေဖို့
Temporary ဖိုင်တွေဟာ program တွေက လိုအပ်လို့ ဖန်တီးလိုက်ပြီးတဲ့နောက်ပိုင်း ကျန်နေခဲ့တဲ့ မလိုအပ်တဲ့ဖိုင်တွေပဲ ဖြစ်ပါတယ်။ ဒီဖိုင်တွေကို အလိုအလျောက်ရှင်းစေချင်ရင်တော့
Start>Run ကနေ gpedit.msc လို့ ရိုက်ပြီး Enter ခေါက်ပါ။ ပြီးရင် Computer configuration> Administrative Templates> Windows Components> Terminal Services>
Temporary Folder အတိုင်း သွားပါ။ ပြီးရင် ညာဘက်မှာ Do Not Delete Temp Folder Upon Exit ပေါ်မှာ Double Click နှိပ်ပြီး Disable ကို ရွေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါတော့
၎။ Virtual Memory တိုးပေးပါ
Virtual Memory ဆိုတာက RAM မလုံလောက်တဲ့အခါ Hard disk ထဲမှာ နေရာတစ်ခုသတ်မှတ်ပြီး Memory အတုအဖြစ် သတ်မှတ်သုံးစွဲတာဖြစ်ပါတယ်။ သင့်ကွန်ပျူတာက RAM ပမာဏများနေရင်
တော့ ကိစ္စမရှိပေမဲ့ RAM နည်းနေရင်တော့ Virtual Memory ကို တိုးပေးပါ။ တိုးနည်းကတော့ Start>Run ကနေ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။ Advanced tab ကို နှိပ်ပါ။ အပေါ်ဆုံးက
Setting button ကို နှိပ်ပါ။ Advanced ကို နှိပ်ပါ။ Change ကို နှိပ်ပါ။ initial size text box ထဲမှာ လက်ရှိ RAM ပမာဏရဲ့ ၁.၅ ဆရိုက်ထည့်ပါ။ Maximum size text box ထဲမှာတော့ လက်ရှိ
RAM ပမာဏရဲ့ ၃ဆ ရိုက်ထည့်ပါ။ ပြီးရင် Set ကို နှိပ်ပါ။ OK နှိပ်ပြီး ထွက်လိုက်ပါ။
၅။ မလိုအပ်တဲ့Font တွေကို ဖျက်ပစ်ပါ
Program တစ်ခုတင်လိုက်တိုင်း Font တွေ တိုးတိုးသွားတာကို သင်သတိပြုမိရဲ့လား။ Fonts တွေ အများကြီးရှိနေရင် Windows တက်တာကအစ Program တွေ ဖွင့်တာအဆုံး ကြာနေတတ်ပါတယ်။
ဒါကြောင့် မသုံးတဲ့ font တွေကို ဖျက်ပစ်ပါ။ ဖျက်နည်းကတော့ Start>Run ကနေ fonts လို့ရိုက်ပြီး Enter ခေါက်ပါ။ Fonts တွေ ပေါ်လာပါလိမ့်မယ်။ မသုံးတဲ့ font ကို select လုပ်ပြီး Delete Key
ကိုသာ နှိပ်လိုက်ပါ။ Windows က သုံးတဲ့ Font တွေ မဖျက်မိတော့ သတိထားပါ။
၆။ Visual Effect တွေကို လျှော့ချပါ
Windows XP မှာ အမြင်လှပအောင်လုပ်ပေးနေတဲ့ Visual Effect တွေကို လျော့ချပေးပါ။ လုပ်နည်းကတော့ Start>Run မှာ sysdm.cpl လို့ရိုက်ပြီး Enter ခေါက်ပါ။
Advaned ကိုနှိပ် အပေါ်ဆုံးက Setting ဆီ သွားပြီး Adjust for best performance ကို ရွေးပေးပါ။ ပြီးရင် OK နှိပ်ပြီး ထွက်လိုက်ပါ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။
Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။
1. Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
2. နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
3. Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
4. ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
5. အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
6. ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

gmail သုံးတဲ့ လူတိုင်း mail ဖွင့်လိုက်တာနဲ့ ကိုယ့် ဆီ ကို ဘယ်သူတွေ ဘာတွေပို့ထားမလဲ လို့ သိချင်ကြမှာပေါ။့ ဒါပေမယ့် mail က တော်တော်နဲ့မပွင့်နိုင်။ ဒီတော့ ကျွန်တော်ကတော့ google Lab ထဲက inbox preview
ဆိုတာကို enable လုပ်ပေးထားလိုက်တယ်။ ဖွင့်ကြည့်လို့ မရပေမယ့် ဘယ်သူတွေ ဘာတွေပို့ထားတယ် ဆိုတာလောက်တော့ သိရတာပေါ့။ လုပ်ပုံလုပ်နည်းက gmail ရဲ့ setting ထဲက Labs ကိုသွား ပြီး Inbox preview
မှာ Enable လုပ်ပေးထားလိုက်ရုံပါပဲ။ နောက်တစ်ကြိမ် gmail ဖွင့်တဲံ အချိန် ကြရင် ပုံမှာအတိုင်း ပေါ်လာပါလိမ့်မယ်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

ကိုယ်သိထားတဲ့သတင်းတစ်ပုဒ် အများသိဖို့လုပ်ချင်ရင်တော့ Forward လုပ်ပို့တာက အကောင်းဆုံးပါပဲ။ Gmail မှာ Forward လုပ်ပို့တယ်ဆိုတာက အရင်လို Email လိပ်စာတွေ အများကြီး ရိုက်ထည့်စရာ မလိုတော့ပါဘူး။
Group တစ်ခု ဖန်တီးလိုက်မယ်။ Forward လုပ်တော့မယ်ဆိုရင် To မှာ အဲဒီ Group နာမည် ရိုက်ထည့်လိုက်တာနဲ့ အဲဒီ Group ထဲမှာရှိတဲ့ Email တွေ အကုန်လုံးဆီကို ကိုယ့်မေးလ်က ရောက်သွားပါလိမ့်မယ်။
Gmail မှာ Group ဆောက်ဖို့အတွက်
၁။ သင်ဟာ Gmail ရဲ့ new version ကို သုံးနေတာ သေချာပါစေ။
၁။ Gmail Window ရဲ့ ညာဘက်မှာ ရှိတဲ့ Contacts မှာ တစ်ချက်နှိပ်ပါ။
၂။ ပြီးရင် လူနှစ်ယောက်ပုံလေးနဲ့ အပေါင်းလက္ခဏာလေးပေါ်နေတဲ့ Create Group button မှာ တစ်ချက်နှိပ်ပါ။
၃။ အဲဒီအခါမှာ Group နာမည်တောင်းတဲ့ box တစ်ခု ပေါ်လာပါလိမ့်မယ်။ Group နာမည်ရိုက်ပြီး OK နှိပ်ပါ။
၎။ အဲဒီအခါမှာ ပုံမှာပြထားသလို Group နာမည်လေး ပေါ်လာပါလိမ့်မယ်။ အခု ဥပမာအနေနဲ့ MyFriends ဆိုပြီး ရိုက်ထည့်လိုက်ပါတယ်။
၅။ ပြီးရင် All Contacts မှာ တစ်ချက်နှိပ်ပါ။ Select All ကို နှိပ်ပါ။ ဒီနေရာမှာ Select All ကို မနှိပ်ပဲ Group ထဲ ထည့်ချင်တဲ့ လိပ်စာတွေကို Checkmark လေးတွေ ပေးပြီး ရွေးရင်လည်း ရပါတယ်။
၆။ ပြီးရင် ညာဘက်က Groups list box လေးကို ဖွင့်ချပြီး အခုအသစ်လုပ်လိုက်တဲ့ Group (MyFriends) ကို ရွေးပေးလိုက်ပါ။ ဒီအခါမှာ Group ထဲကို မေးလ်လိပ်စာတွေ ရောက်သွားပါပြီ။
၇။ အခု စပြီးတော့ မေးလ်ပို့လို့ ရသွားပါပြီ။ Compose mail ကို နှိပ်ပြီး To နေရာမှာ Group နာမည်ကို ရိုက်ထည့်လိုက်ရုံပါ။ Body ထဲ ကိုယ်ပို့လို့တဲ့စာတွေထည့်ပြီး Send ကို နှိပ်လိုက်ရင် အဲဒီ Group ထဲမှာ ရှိတဲ့ လိပ်စာတွေ
အကုန်လုံးဆီကို အီးမေးလ်တွေ ရောက်သွားပါလိမ့်မယ်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Gmail က message translation ဆိုတာလေး 18 ရက်နေ့က ထပ်ထည့်လိုက်ပါတယ်
သင်ဆီကို သင်နားမလည်တဲ့ language နဲ့ mail ရောက်လာ ခဲ့ရင် သင်နားလည်တဲ့ language တွေနဲ့ ပြောင်းနိုင်ပါပြီ
gmail labs ထဲက Message translation ကို Enable လုပ်ပြီး ၀င်လာတဲ့ mail ကို Translate message to:English ဆိုတာလေးကို နှိပ်ပြီး english လိုဖတ်နိုင်ပါတယ် change language မှာ laguage ပြောင်းဖတ်နိုင်ပေမယ့်
Myanmar မပါလာ တာတော့ တော်တော် ၀မ်းနည်း စရာကောင်းပါတယ်...
နမူနာ စမ်းကြည့် လိုသူများ အတွက် ဒီစာသား လေးတွေကို ကိုယ့်mail ကိုပြန်ပို့ ၍ စမ်းကြည့်နိုင်ပါတယ်
Vittoria Colonna (* 1492 in Castello di Marino bei Rom; † 25. Februar 1547 in Rom) war eine berühmte Dichterin. Für viele ihrer gebildeten Zeitgenossen war sie eine vorbildliche Idealfigur,
die neben die großen Frauengestalten der Antike gestellt wurde. Sie entstammte dem alten, schon im Mittelalter mächtigen römischen Adelsgeschlecht der Colonna, einer der einflussreichsten
Familien im Kirchenstaat. Durch ihre Ehe mit dem Markgrafen von Pescara, einem erfolgreichen Heerführer, wurde sie Markgräfin. Nach seinem Tod an den Folgen einer in der Schlacht erlittenen
Verwundung blieb sie Witwe und kinderlos und widmete sich kulturellen und religiösen Aufgaben. Sie stand mit bedeutenden humanistischen Gelehrten, Künstlern und kirchlichen Würdenträgern
in freundschaftlicher Verbindung. Besonders mit Michelangelo verband sie eine enge Freundschaft. mehr
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

gmail ရဲ့ feature တစ်ခုဖြစ်တဲ့ Show original ကိုသုံးပြီး ကိုယ့်ဆီ ရောက်လာတဲ့ mail ဘယ်ကပို့လဲလို့ အလွယ်လေးသိနိုင်တယ် inbox ထဲက သိချင်တဲ့ mail ကိုဖွင့်ကြည့် လိုက်ပါအုံး Reply ဘေးကမျှားလေးကို နှိပ်ပြီး
Show original ကို ရွှေးလိုက်၊ဒီတော့ web page တစ်ခုကျလာပြီ X-Originating-IP: ဆိုတာရှာ သူ့နောက် က IP address ကိုကူး၊ http://ipinfo.info/html/ip_checker.php (proxy တစ်ခုခုနှင့်ကျော်ပါ)
ကိုသွား domain whois record ဆိုတဲ့ check box လေးကို အမှန်ခြစ်ပေး လိုက်ပါအုံး၊ (မကျော်ချင်ရင် http://www.geobytes.com/IpLocator.h tm?GetLocation ကိုသွားပါ) ကဲ စောစောက ကူးထားတာလေး past လုပ်ပေး ပြီး enter နှိပ်လိုက်တော့၊
ဟော ဟော မိပြီ Domain Whois Record အောက်မှာ Owner/Main contact အောက်မှာ နာမည်ရော လိပ်စာရော နိုင်ငံရောပါပဲ အကုန်ကို ပေါ်တာပါပဲ

Gmail မှာ Last Account Activity ဆိုတဲ့ Feature တစ်ခု ပါလာပါပြီ။ Gmail Page ရဲ့ အောက်ဆုံးနားမှာ Gmail သုံးခဲ့တဲ့ နောက်ဆုံးအချိန်ကို ဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ပါ။
ဘေးက Details ကို နှိပ်လိုက်မယ်ဆိုရင်တော့ ဒီ Gmail Account ကို ဘယ်အချိန်တုန်းက ဘယ် IP ကနေ ဘယ်လို Browser ကို သုံးပြီး Access လုပ်ခဲ့ပါတယ်ဆိုပြီး အသေးစိတ်ဖော်ပြထားပေးပါတယ်။
ဒါကြောင့် အခုဆိုရင် ကျွန်တော်တို့ Gmail ကို တစ်ယောက်ယောက်က ခိုးကြည့်နေသလား ဆိုတာ စစ်ဆေးနိုင်သွားပါပြီ။ Last Account Activity ရဲ့ Details မှာ ပေါ်နေတာက ကိုယ့် IP မဟုတ်ဘူး၊ ဒါမှမဟုတ် ကိုယ်သုံးခဲ့ဖူးတဲ့ အချိန်မဟုတ်ဘူးဆိုရင်
တစ်ယောက်ယောက်က ကျွန်တော်တို့ Gmail ကို ခိုးသုံးနေတာ သေချာပြီပေါ့။ Password ကိုသာ ချက်ချင်း ပြောင်းပစ်လိုက်တော့ပေါ့။ ကိုယ့် Gmail ကို နေရာမျိုးစုံကနေ သုံးခဲ့ဖူးမယ်ဆိုပါစို့။ တခါတလေမှာ မေ့သွားတာမျိုးကြောင့်
Sign Out မလုပ်ခဲ့ရဖူးဆိုရင်လည်း Detail Page မှာ Sign Out All Other Sessions Button ကို နှိပ်ပြီး Sign Out လုပ်လို့ ရပါတယ်။ တကယ်လို့များ အဲဒီလို Button လေး မပါဘူးဆိုရင်တော့ Sign Out လုပ်ဖို့ မမေ့ခဲ့ဘူးလို့ပါ။ Concurrent Sessions
လို့ပေါ်နေရင်တော့ ဒီ Gmail Account ကို တချိန်တည်းမှာ နှစ်ယောက်သုံးနေလို့ပါ။ ကဲဗျာ အခုပဲ စာဖတ်သူရဲ့ Gmail ကို ဖွင့်ပြီး အောက်ဆုံးနားမှာပါတဲ့ Last Account Activity ကို ကြည့်လိုက်ပါဦး။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Gmail မှာ Holiday Time! သတ်မှတ်ပေးထားရင် အလိုအလျှောက် စာပြန်ပေးပါတယ်။ ဘာကြောင့် လောလောဆယ် စာမပြန်နိုင်တာ အသိပေးနိုင်တော့ တစ်ဖက်ကလည်း မမျှော်ရတော့ဘူးပေါ့ :-)
အင်တာနက် ကွန်နက်ရှင် မရှိတဲ့ဒေသ တွေဆီသွားမယ်ဆို စသွားမယ့်ရက် နဲ့ ပြန်ရောက်မယ့်ရက် ရွေးပေးပြီး ပြောပြစေလိုတဲ့ စာသားဖြည့်ထားရင် သတ်မှတ်ရက် အတွင်းမှာ Gmail က
အ၀င်စာတွေကို စာပြန်ပေးနေပါလိမ့်မယ်။ မူရင်း ဂျီမေးလ် မှာ labs icon သို့ setting \labs \Holiday Time! မှာ enable လုပ်ပြီး setting save လုပ်ပေးလိုက်ပါ။ Standard version သုံးနေမှ
တွေ့ရပါမယ်။ နောက်တစ်ဆင့်မှာ setting \general \Out of Office AutoReply သွားပြီး on mode ကို ရွေးရပါတယ်။ ရက်စွဲ၊ခေါင်းစဉ်၊အကြောင်းအရာ တွေ စိတ်ကြိုက် ချိန်ညှိပြီး contacts က
မေးလ်ဘဲ ပြန်စေမလား အ၀င်စာ အားလုံး ပြန်စေမလား ဆုံးဖြတ်ပြီးရင် ခရီးထွက်နိုင်ပါပြီ။ ခရီးက ပြန်ရောက်လာရင် အရင်ဆုံး မိမိ မေးလ်ကို ဘယ်သူ ဟက်ထားသေးလည်း စစ်ကြည့်လိုက်ပါဦး။
Mail login ၀င်ပြီး Browser အောက်နားက Last account activity မှာ detail ကိုနှိပ်ပြီး မိမိမဟုတ်တဲ့ IP မသုံးတဲ့ access နည်းလမ်းတွေနဲ့ ဘယ်အချိန်က ၀င်ထားလည်း ကြည့်နိုင်ပါတယ်။
ထူးခြားချက်တွေ့ရင် sign out all other session ကိုနှိပ်လိုက်ပါ။ စိတ်မချရသေးရင် learnmore ကိုနှိပ်ပြီး ပြောင်းလို့ရတဲ့ security setting အကုန်ပြောင်း ဂူဂယ်ကိုပါတိုင်ပေါ့။
ပြောမယ့်သာပြောရတယ် ဒီလိုမဖြစ်စေချင်ပါဘူး လုံခြုံရေး အရ မသိထားသူ သိရအောင်လို့ပါ။ Gmail ဟာ လုံခြုံမှုအရှိဆုံး နဲ့ အကောင်းဆုံး free service ပါ။ ယုံကြည်စိတ်ချ ခရီးသွားလို့ ရပါတယ် :-)
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Gmail မှာ Exe ဖိုင်ကို attach လုပ်ပြီး ပို့မရတာ အားလုံးသိပြီးကြမှာပါ။ ဗိုင်းရပ်စ်တွေဟာ exe ဖိုင်တွေကနေ အများဆုံးဝင်နိုင်တာမို့ Google က ကန့်သတ်ထားခြင်းဖြစ်ပါတယ်။ ခက်တာကဗျာ..ကျွန်တော်တို့က ဘယ်ဗိုင်းရပ်စ် မှလည်း သူများဆီကို ပို့မှာမဟုတ်ဘူး။
ဟိုဟိုဒီဒီ ကောင်းနိုးကောင်းရာ Program လေးတွေကို သူငယ်ချင်းတွေဆီ attach လုပ်ပို့မယ်ဆိုတော့ ပြဿနာတက်ရော။ အဲဒါနဲ့ ကျွန်တော်လည်း ကလိန်ကကျစ်နည်းလေးတစ်ခုကို စတွေ့ပါတော့တယ်။ ပထမဆုံး ကိုယ်ပို့ချင်တဲ့ Exe ဖိုင်ကို File Extension ပြောင်းပေးရပါမယ်။
File extension ဆိုတာက ဖိုင်တစ်ဖိုင်ရဲ့ နာမည်နောက်မှာရှိတဲ့ letter သုံးလုံးကို ပြောတာပါ။ ဥပမာ File name က ultrasurf.jpg ဆိုရင် အဲဒီဖိုင်ရဲ့ Extension ဟာ jpg ဖြစ်ပါတယ်။ ultrasurf.exe ဆိုရင်တော့ သူ့ extension က exe ပေါ့။ Exe ဆိုတာက Executable ရဲ့အတိုကောက်ဖြစ်ပါတယ်။
အဲဒီတော့ ကိုယ်ပို့မယ့် exe ဖိုင်ကို တခြား extension ပြောင်းပါ။ ultrasurf.exe ဆိုရင် ultrasurf.abc လို့ပြောင်းလိုက်ပေါ့။ အဲဒါဆို အဲဒီဖိုင်ကို attach လုပ်လို့ ရသွားပါပြီ။ ကိုယ် မေးလ်ပို့တဲ့သူကိုတော့ မေးလ်ထဲမှာ Extension ကို ပြန်ပြောင်းပြီး ဖွင့်ပါလို့တော့ ရေးပေးရမှာပေါ့။
File extension ကို ပြောင်းလဲနည်းကတော့
၁။ သင့်ဖိုင်နာမည်ကို ကြည့်လိုက်ပါ။ File extension မပါဘူးဆိုရင် Tools> Folder Option ကိုသွားပြီး View tab ကိုနှိပ်ပါ။
၂။ ပြီးရင် Hide extensions for known file type ရှေ့က အမှန်ခြစ်ကို ဖြုတ်ပေးပါ။ OK နှိပ်ပါ။
၃။ File ကို rename လုပ်ပါ။ (a.exe ဆိုရင် a.abc ပေါ့) Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။
၎။ ပြီးသွားပါပြီ။ ကဲ ပို့ကြည့်လိုက်ပေါ့။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

gmail ရဲ့ plus addressing ဆိုတာက အတော်အသုံးဝင်ပါတယ်။Website တွေမှာ Register လုပ်တဲ့အခါ ဒီ Website ဟာ ကိုယ့် email address ကိုspammer တွေဆီ ရောင်းစား/မစားဆိုတာ
မသိနိုင်ပါဘူး။ ဒါကြောင့် အဲဒီလို Website တွေကို register လုပ်ရင်း
ကိုယ့် email address ကိုရိုက်ထည့်တဲ့အခါကိုယ့်အီးမေးလ်နောက်မှာ plus sign လေးထည့်ပေးလိုက်ပါ။ဥပမာ ခင်ဗျားမေးလ်က kyawkyaw@gmail.com လို့ဆိုပါတော့။ Email ထည့်ခိုင်းတဲ့Website က gogo.com ဆိုပါတော့။ ဒါဆိုရင် kyawkyaw+gogo@gmail.com လို့ရိုက်ပေးလိုက်ပါ။
အဲဒီ Website ကမေးလ်ပို့တဲ့အခါ kyawkyaw+gogo@gmail.com နဲ့ပို့မှာပါ။ kyawkyaw+gogo@gmail.com နဲ့ kyawkyaw@gmail.com ကအတူတူပါပဲ။ဒါပေမဲ့ Plus ခံထားတဲ့အတွက် Filter လုပ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ Gmail ထဲက Filter Option က To: မှာ kyawkyaw+gogo@gmail.com
လို့ထည့်ပါ။ပြီးရင် အဲဒီ Address နဲ့ လာတဲ့Mail တွေကို Star ပဲလုပ်လုပ်၊ Delete ပဲလုပ်လုပ်ကိုယ်ကြိုက်တာ လုပ်ခိုင်းလို့ရပါပြီ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

အရင်ဖတ်ပြီးသူများ မှတ်ချက် update ကိုကြည့်ပါခင်ဗျာ
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54 Australia AU +61 Austria AT +43 Belgium BE +32 Canada CA +1 Chile CL +56 China CN +86 Czech Republic CZ +420 Denmark DK +45 El Salvador SV +503 Finland FI +358 France FR +33 Germany DE +49
Hong Kong HK +852 Hungary HU +36 Ireland IE +353 Israel IL +972 Italy IT +39 Latvia LV +371 Lithuania LT +370 Luxembourg LU +352 Mexico MX +52 Netherlands NL +31 Norway NO +47 Peru PE +51 Poland PL +48
Romania RO +40 Slovakia SK +421 Slovenia SI +386 Spain ES +34 Sweden SE +46 Switzerland CH +41 United Kingdom GB +44 United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
၁။ Google Talk ကိုဖွင့်ပါ။
၂။ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
၃။ အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။
အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။
တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။

တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။Make calls from your Google Talk
Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။ Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။ တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား
ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။ သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။ ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။ တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။Helpful Hintsဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။login တွေ password တွေမလိုတဲ့ လွယ်ကူစွာ
ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

PDF နဲ့ ရယူလိုရင် ဒီက ယူပါ။မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့ သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့ ထင်ပါတယ်။
စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ ယူကြပေတော့ဗျို့ :Pမှတ်ချက် update။ ကျွန်တော်ထပ်သိရတဲ့ သတင်းအရ ပိုက်ဆံ ဖြတ်တာက ဟိုဘက်ကသုံးနေတဲ့ ဖုန်းကဒ်နဲ့ ဆိုင်တယ် ဆိုပဲဗျ။ ဒါပေမယ့် စနေ၊ တနင်္ဂနွေဆို ဘယ်နိုင်ငံ ဘယ်ကဒ် ဖြစ်ဖြစ် ပိုက်ဆံ မဖြတ်ဘူးလို့ သိရပါတယ်။ စမ်းကြည့်လိုက်ကြပါဦး။
http://www.myanmarteldir.com/white_pages/wp_search.asp
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Email ဘယ်က ပို့လိုက်တာလဲ ဆိုတာကို Google map နဲ့ ကြည့်လို့ရပါတယ်။ http://www.ip-adress.com/trace_email/ ကိုသွားလိုက်ပါ။ How to view the email header မှာ Click here
ကို နှိပ်လိုက်ပါ။ ကိုယူထားတဲ့ email services အလိုက် header ရယူနည်းတွေ ရှိပါတယ်။ ပြီးရင် တော့ mail box ကို ဖွင့်ပြီး။ ကိုသိချင်တဲ့လူ ပို့ထားတဲ့
mail ကိုဖွင့်ပြီး Header ရယူလိုက်ပါ။ http://www.ip-adress.com/trace_email/ ကိုပြန်သွားပြီး Copy and Paste the email header in this field: မှာ ရလာတဲ့ email က header
ကို past လုပ်ပေးလိုက်ပါ။ Google map မှာ ရှာပေးပါလိမ့်မယ်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

အခုဆိုရင် Gtalk မှာ ဘာသာပြန်စနစ် ပါရှိလာပါပြီ။ ကျွန်တော်တို့ ရိုက်လိုက်တဲ့စာတွေကို တခြားဘာသာသို့ တိုက်ရိုက်ဘာသာပြန်ပေးတဲ့စနစ်ပါ။ Gtalk မှာ အဲဒီလိုရနိုင်ဖို့ Translation Bots တွေ လိုအပ်ပါတယ်။ Bots တွေရဲ့အမည်ကို ဘာသာစကားတိုင်းရဲ့ ကိုယ်စားပြုစကားလုံးနှစ်လုံး (ဥပမာ- English ဆိုရင် EN ) ကို အသုံးပြုထားပါတယ်။
ဘယ်လိုလဲဆိုတော့ [from language]2[to language]@bot.talk.google.com ဆိုတဲ့ ပုံစံမျိုးဖြစ်ပြီး ရနိုင်တဲ့ bots တွေရဲ့ အမည်ကို အောက်မှာ ပြပေးထားပါတယ်။

Bots တွေကို အသုံးချနည်းကတော့ Gtalk ကနေ အဲဒီ bots တွေကို invite လုပ်ပါ။ ဆိုလိုတာက ကိုယ်က အင်္ဂလိပ်ကနေ စပိန်ပြောင်းချင်တယ်ဆိုရင် en2es@bot.talk.google.com ကို invite လုပ်ပါ။ ပြီးရင် အဲဒီ bots ဆီကို ကိုယ်ဘာသာပြန်ချင်တဲ့ စာတွေကို ရိုက်ထည့်ပြီး ပြောလိုက်ပါ။ သူက ချက်ချင်း ဘာသာပြန်ပေးပါလိမ့်မယ်။
ဥပမာ- en2es bots နဲ့ဆိုရင် ကိုယ်က Hello လို့ ရိုက်လိုက်ရင် သူက Hello ကို စပိန်လို Hola လို့ ပြန်ပြောပါလိမ့်မယ်။

အောက်မှာပါတဲ့ bots တွေကို Chat လုပ်ပြီး ဘာသာပြန်ခိုင်းနိုင်ပါပြီ။

Arabic – English ar2en en2ar
Bulgarian - English bg2en en2bg
Czech - English cs2en en2cs
Danish - English da2en en2da
German - English de2en en2de
German - French de2fr fr2de
Greek - English el2en en2el
Spanish - English es2en en2es
Finnish - English fi2en en2fi
French - English fr2en en2fr
Hindi - English hi2en en2hi
Croatian - English hr2en en2hr
Italian - English it2en en2it
Japanese - English ja2en en2ja
Korean - English ko2en en2ko
Dutch - English nl2en en2nl
Norwegian - English no2en en2no
Polish - English pl2en en2pl
Portuguese - English pt2en en2pt
Romanian - English ro2en en2ro
Russian - English ru2en en2ru
Swedish - English sv2en en2sv
Chinese - English zh2en en2zh
Traditional Chinese -
Englishzh-hant2en en2zh-hant
Traditional Chinese -Chinesezh-hant2zh zh2zh-hant
Bots နာမည်တွေရဲ့ နောက်မှာ @bot.talk.google.com ထည့်ပြီး invite လုပ်ပါ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး
အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။
၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။
၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။
၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော
GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
အခုအောက်မှာပေးထားတဲ့ ဆိုဒ်လေးတွေ သုံးပြီး ပို့လို့ရနေပါပြီ။ လက်ရှိမှာ လူတော်တော်များများ သုံး ကြ တဲ့ DivShare or YouSendIt လို နောက်ထပ် ဆိုဒ်တွေ အများကြီးရှိပါတယ် ။
သုံးကြည့်လိုက်နော်......

http://www.yousendit.com/ (can send Max file Size 100 MB)
http://www.sendthisfile.com/ (need register)
http://www.gigasize.com/ (need register and Max file size 300 MB, 10 files max )
http://www.4shared.com/ (need register)
http://www.send6.com/
http://www.sendspace.com/ (Max file size 300 MB)
http://www.pando.com/ (Max file size 1GB)
http://drop.io/ (Max file size 100 MB)
http://www.ultrareach.com/search.htm

ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.
၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။
၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။
၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configurationကိုသွားလိုက်ပါ။
၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို doubleclick ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကိုdouble click ပေးပြီဝင်လိုက်ပါ။
၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီးဝင်လိုက်ပါ။
၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေးထပ်ပေါ်လာပါလိမ့်မယ်။
၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , ok ပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

http://vozme.com/index.php?lang=en
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

USBတပ်လိုက်တာကွန်ပျူတာကို ဗိုင်းရပ်က ဒုက္ခပေးတက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က Autoplay ကိုဖြုတ်မထားလို့ပါ။ USBတပ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာကိုတန်းဝင်နိုင်ပါတယ်။ ဒါကြောင့်USB ကို virus အရင်စစ်သင့်ပါတယ်။
ပြီးမှဖွင့်သင့်ပါတယ်။ Autoplay ဖြုတ်နည်းလေးကတော့ Run >>gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ Group Policy box ကျလာပါ့မယ်။ အဲဒီမှာ Computer configuration ရယ် User configuration ဆိုပြီးတွေ့ပါလိမ့်မယ်။
(၁) Computer configuration >>administrative templates >>system သွားပါ။ System ကို click ပေးလိုက်ရင် ညာဖက်မှာ turn off autoplay ဆိုတာကို Double click ပေးလိုက်ပါ။ enable >>apply>> ok.
(၂) user configuration >> administrative templates >>system သွားပါ။ System ကို click ပေးလိုက်ရင် ညာဖက်မှာ turn off autoplay ဆိုတာကို Double click ပေးလိုက်ပါ။ enable >>apply>> ok.
ဒါဆိုရင် USB ကနေ virus အလွယ်တစ်ကူမ၀င်နိုင်တော့ပါဘူး။ အသုံးတည့်နိုင်ကြပါစေ။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *
1. Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
2. အဲဒီ Folderထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေ ထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်)
Code:
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End
3. ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..
4. စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ..
5. ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်...
6. LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်...
7. ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်..
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

Firefox ကို မြန်အောင်လုပ်ဖို့ နည်းလမ်း များစွာ ရှိပါတယ်။ အဲဒီထဲက ကျွန်တော် သိသလောက်ကို ပြောပါ့မယ်။အခုပြောတဲ့ နည်းတွေက broadband connection အတွက်ဖြစ်ပါတယ်။ လုပ်ရတာလဲ လွယ်ကူပါတယ်။
မခက်ခဲပါဘူး။ ပထမဦးစွာ search bar မှာ about:config လို့ရိုက်လိုက်ပါ။ ပြီးရင် အောက်မှာ ပြထားတဲ့ တန်ဖိုးတွေကို double click နှိပ်ပြီး အလွယ်တကူ ပြင်နိုင်ပါတယ်။
Code:
browser.tabs.showSingleWindowModePrefs – true
network.http.max-connections – 48
network.http.max-connections-per-server – 16
network.http.max-persistent-connections-per-proxy – 8
network.http.max-persistent-connections-per-server – 4
network.http.pipelining – true
network.http.pipelining.maxrequests – 100
network.http.proxy.pipelining – true
network.http.request.timeout – 300
နောက်ဆုံး တစ်ခုကျန် ပါသေးတယ်။ ကြိုက်တဲ့ နေရာတစ်နေရာမှာ rightclick ထောက်ပြီး NEW -> Integer လို့ရွေးပါ။ ပြီးရင် Name ကို nglayout.initialpaint.delay လို့ပေးပြီး enter နှိပ် တန်ဖိုးကို ၀ လို့ပေးလိုက်ပါ။
ကဲအားလုံးပြီးသွားပါပြီ ။ သင့် firefox က အရင်ကထက် ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်။

* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

ကွန်ပျူတာစဖွင့်ရာမှ မြန်ဖို့အတွက် မလိုအပ်တဲ့ ဆော့ဝဲတွေကို လျော့ချ ရပါ လိမ့်မယ်။ ဖျက်ပစ်တာ မဟုတ်ပါဘူး။ ၀င်းဒိုးစ် စတက်တဲ့အခါ ဆော့ဝဲလ်မျိုးစုံကို စစ်နေရတဲ့ အတွက် ကြာလှပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ ဆော့ဝဲလ်တွေ
ပိတ်သင့်တာကို ပိတ်ရပါလိမ့်မယ်။ ကွန်ပျူတာမှာ အသုံးနည်းတဲ့ လုပ်ငန်းစဉ်ဖိုင်တွေကို ပိတ်ရပါ လိမ့်မယ်။ ဘာတွေလဲဆိုတော့
၁) gttask
၂) Quick Time ကဲ့သို့ Multimedia နှင့် ဆိုင်သည့် Player ဆော့ဝဲလ်များ
၃) Adobe Reader, Adobe Gamma စတာတွေ ဖြစ်ပါတယ်။ တခြား မိမိ အင်စတော သာ လုပ်ထားတယ်။ အသုံးနည်းတယ်ဆိုရင် ပိတ်ထားနိုင်ပါတယ်။ အထက်ပါ ဖိုင်များကို ပိတ်ဖို့အတွက်
၁) Start မှ Run ကို ရွေးပါ။
၂) Run ထဲတွင် msconfig ကို ရိုက်ထည့်ပါ။
၃) System Configuration Utility Box ပေါ်လာပါက Startup ကိုရွေးပါ။ Startup တွင် အထက်မှ ပြထားသော ဖိုင်များကို အမှန်ခြစ်ကလေးများ ဖြုတ်၍ ပိတ်နိုင်ပါတယ်။ လုပ်ငန်းစဉ်များ ပြီးစီးပါက Apply , Ok , restart လုပ်ပါ။ restart လုပ်ရာတွင်
စက်ပြန်တက်လာသည့်အခါမှာ message box တစ်ခုပေါ်လာပါလိမ့်မည်။ Windows start ပြောင်းလဲခြင်း ဆောင်ရွက်ပြီးကြောင်း၊ ဒီပြောင်းလဲမှုဟာ အမြဲလား နောက်ပြောင်းအုံးမှာလားဆိုတဲ့ မေးခွန်း message ပါ။ Don’t Show this ……………. စာသားကို အမှန်ခြစ်ပေးပြီး Ok လုပ်ပါ။

အခုဖော်ပြတဲ့ ဖိုင်တွေက ကွန်ပျူတာထဲက ဖျက်ပစ်တာ မဟုတ်ပါဘူး။
ဝင်းဒိုးစ် စတက်တဲ့အချိန်မှာ မစစ်အောင်ပဲ ပိတ်ထားတာပါ။
မိမိလိုအပ်တဲ့အချိန် Start မှနေ၍ ပြန်လည် အသုံးပြု၍ ရပါတယ်။
ဥပမာ - Quick Time ကို အသုံးပြုချင်ပါက Start မှ All programs မှ Quick Time ကို Click နှိပ်၍ ပြန်လည်အသုံးပြု၍ ရပါတယ်။
အကယ်၍ မိမိသည် အဆိုပါ ဖိုင်တို့ကို ပိတ်ထားရန် မသေချာပါက ပိတ်မည့် ဖိုင်တို့ကို စာရွက်တစ်ရွက်တွင် ရေးမှတ်ထားပြီးမှ ပြုလုပ်လျှင်
ပို၍ ကောင်းပါတယ်။ မိမိပိတ်မည့် ဖိုင်တို့၏ အရေးကြီးပုံ၊ အရေးမကြီးပုံ၊ အသုံးဝင်ပုံတို့ကို ဖတ်ချင်လျှင်
အင်တာနက်မှ www.process-library.com ၏ Search Box တွင် သွားရောက် ကြည့်ရှုနိုင်ပါတယ်။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

နောက်တစ်ခုက မလိုအပ်တဲ့ လုပ်ငန်းများကို ပိတ်ထားရမှာ ဖြစ်ပါတယ်။
၁) Start မှ Control Panel မှ Administrative Tools မှ Services ကို ဖွင့်ပါ။
၂) Run ထဲမှ ဖွင့်ချင်ပါက services.msc ကို ရိုက်ထည့်၍ ဖွင့်နိုင်ပါတယ်။
၃) Services box ကို ရောက်ရင် အောက်ပါ လုပ်ငန်းများကို ပိတ်ထားနိုင်ပါတယ်။

၁) Alerter ကို ပိတ်ရန်အတွက် Alerter ကို Select မှတ်ပြီး Right Click နှိပ်ပါ။ Properties ကို ရွေးပါ။ startup type အကွက်တွင် Disable ကို ရွေးပါ။ ပြီးလျှင် Apply , Ok ။
၂) အထက်ပါအတိုင်း Indexing Service , Ms Software Shadow Copy Provider , IMAPI CD-Burning တို့ကို ပိတ်ပါ။

နောက်တစ်ခုကတော့ Index လုပ်ငန်းစဉ်များကို ပိတ်ရမှာ ဖြစ်ပါတယ်။
၁) My Computer ကို ဖွင့်ပါ။ Local Disk (C:)ကို Right Click လုပ်၍ Properties ကို ရွေးပါ။
၂) Properties Box ကျလာပါက အောက်ဆုံးတွင်ရှိသော Allow Indexing Service to index this disk for fast file searching ၏ အမှန်ခြစ်ကို ဖြုတ်ပါ။
၃) Local Disk (D:) ကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပါ။

နောက်တစ်ခုကတော့ လူတိုင်း သိပြီးသားပါ။ Disk Defragmenter လုပ်တာပါ။ ဒီနည်းလမ်းကို နေ့စဉ် စက်ပိတ်ခါနီးတိုင်း ပြုလုပ်ပါက အသင့်တော်ဆုံးဖြစ်ပါတယ်။
၁) Start မှ Programs မှ Accessories ကို သွားပါ။ ၎င်းတွင် Disk Defragmenter ကို ရွေးပါ။
၂) Local Disk (C:) ကို Select မှတ်ပြီး လုပ်ပါ။ Local Disk (D:) ကိုလဲ ထိုနည်းအတိုင်း ပြုလုပ်ပါ။ ကဲ ဒီလောက်ဆိုရင် စက်လဲ သွက်လောက်ရောပေါ့။
ဆိုဒ်တွေထဲဝင်ဖတ်ပြီး လက်ဆင့်ကမ်းလိုက်တာပါ

သူငယ်ချင်းတစ်ယောက်ကလာမေးတယ်။ မင်းဟာကိုလုပ်လိုက်တာ screen အောက်မှာမှိန်သွားတယ်တဲ့။
အခုကတော့ လိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပြီး ပြန်လည်တင်ပြလိုက်ပါတယ်။အဆင်ပြေမှာပါ။
Start > Run သွားပါ။ prefetch ရိုက်ထည့်လိုက်ပါ။အဲဒီမှာတွေ့တဲ့folder ထဲက file တွေကိုdelete လုပ်လိုက်ပါ။ပြီးရင် ပြန်ပိတ်လိုက်ပါ။
နောက် Run မှာပဲ regedit ဆိုတာရိုက်လိုက်ပါဦး။Registry Editor boxပေါ်လာပါလိမ့်မယ်။
အဲဒီမှာ HKEY_CURRENT_USER >>Control Panel >> Desktop.Desktop ကို click ပေးလိုက်ပါ။ အဲဒီမှာ MenuShowDelay ကိုရှာ ။
ပြီးရင်right click>>Modifyလုပ်လိုက်ရင် ပေါ်လာမဲ့ box မှာ from 400 to 0 ကိုပြောင်းပေးပါ။ပြီးရင်ပိတ်လိုက်ပါ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

အခုတစ်ခါ My Computer > right click>> properties >>Advanced >>Settings >>visual Effects မှာ -Adjust for best appearance ကိုရွေးပေးပါ။ ကိုယ့်စက်ကိုတော်တော်ကြီးကိုမြန်ချင်တဲ့သူကတော့
Adjust for best performance ကိုရွေးပေးပါ။ပြီးရင် အောက်ကဇယား အောက်ဆုံးက Use visual styles on windows and buttons ကိုပဲ click လုပ်လိုက်ပါ။ကျွန်တော်ကတော့ screen စာသားလေးတွေမှိန်သွား
တာကိုမကြိုက်လို့ Adjust for best appearance ကိုပဲရွေးလိုက်ပါတယ်။ မြန်ချင်သူများအတွက်ပြောတာပါ။ ပြီးရင် apply လုပ်ပါ။ပြီးရင် Advanced >> change မှာ Custom size မှာ initial size ကို
2000 Maximum size ကို 4000 ပေးပါ။ ပြီးရင် set , ok ပေးပါ။ပြီးရင် Apply , ok ပေးပါ။ နောက်တစ်ခါ Run မှာ msconfig ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Startup ကိုသွားပါ။ အဲဒီမှာ မလိုတာတွေအများကြီးပါ။
ဥပမာ- YahooMessenger, IDMan စတာတွေပေါ့ဗျာ။ ပြီးရင် ok ပေးပါ။ ပြီးရင် Exit Without Restart ကို click ပါ။ နောက်တစ်ခုက My Computer ကို right click>> properties >> Remote မှာ
Allow Remote Assistance invitations to be sent from this computer ကို disable ပေးပါ။ ပြီးရင်တော့ Apply ပေးပါ။ ok မပေးပါသေးနဲ့အုန်း။ Automatic Updates မှာ Turn off Automatic Updates
ကို check ပေးပါ။ Apply ok ပေးပါ။ နောက်တစ်ခုက Run မှာ system.ini ကိုရိုက်ထည့်လိုက်ပါ။ပြီးရင် ကျလာတဲ့ box ကို ဒီအတိုင်းပြင်ပါ။
; for 16-bit app support
[drivers]
wave=mmdrv.dll
timer=timer.drv
[mci]
[driver32]
[386enh]
woafont=dosapp.FON
EGA80WOA.FON=EGA80WOA.FON
EGA40WOA.FON=EGA40WOA.FON
CGA80WOA.FON=CGA80WOA.FON
CGA40WOA.FON=CGA40WOA.FON
page buffer=100000kbps load=100000kbps download=100000kbps save=100000kbps back=100000kbps
ပြီးရင်တော့ computer ကို Restart ပေးလိုက်ပါတော့။အားလုံးအဆင်ပြေပါစေ။
* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

ကျွန်တော်ရေးသားခြင်းမဟုတ်ပါ........
Posted by Unknown
Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -