IP Addressing

များပြားလှသော IP Address များကို Internet ဖြင့် ချိတ်ဆက်အသုံးပြုသောအခါ မှားယွင်းမှု မရှိစေရန် အောက်ပါအတိုင်း Class များဖြင့် ခွဲခြားထားပါတယ်။
Ip Address များရဲ့  ပထမဆုံး အတွဲ (First Octet ) ကိုမူတည်ပြီး အောက်ပါဖယားအတိုင်း ခွဲခြားပေးထားတာဖြစ်ပါတယ်။


Resigzed ImageClick this bar to view the full image.


မန်မာနိုင်ငံ ရဲ့  Ip address သည် 203.xxx.xxx.xxx ဖြစ်သောကြောင့် Class C တွင်ပါဝင်သည်ဟုဆိုနိုင်ပါတယ်။ 
အထက်ပါ IP များသည် နိုင်ငံများနှင့်  ISP (Internet Service Provider ) များအတွက် ခွဲဝေ သတ်မှတ်ထားသော Registered Ip များဖြစ်ကြပါတယ်။
မိမိ ကိုယ်ပိုင် Private Network များအတွက် အောက်ပါ Ip များကို လွတ်လပ်စွာ အသုံးပြုနိုင် ရန်လည်း သတ်မှတ်ပေးထားပါတယ်။


Resigzed ImageClick this bar to view the full image.


ထို့ ကြောင့် ကျနော် တို့ ကိုယ်ပိုင်နက်ဝပ် (Private Nwtwork ) များတည်ဆောက်ရာတွင် အထက်ပါ Class A ,B ,C ထဲမှကြိုက်ရာအသုံးပြုနိုင်ပါတယ်။
သို့ သော် ထို IP များကို Internet Browser များတွင် ခေါ်မရပါ ။ ထို IP များသည် Internet တွင် Route မလုပ်ပေးပါ။
ထို့ အတူ 127.0.0.1 သည် မိမိရဲ့ Local Ip ဖြစ်သဖြင့် run တွင် ping 127.0.0.1 ဟုရိုက်ခြင်းဖြင့်  မိမိ ကွန်ပြုရှိ Network Card ကောင်းမကောင်း စစ်ဆေးရန်အသုံးပြုနိုင်ပါတယ်။

Class A မှာဆိုရင် Host (Computers or Devices ) ပေါင်း ၁၆ သန်းကျော်လောက် ချိတ်ဆက်နိုင်ပါတယ်။
Class B မှာဆိုရင် Host (Computers or Devices ) ပေါင်း ၆ သောင်း လောက်ချိတ်ဆက်နိုင်ပါတယ်။
Class C မှာဆိုရင် Host (Computers or Devices ) ပေါင်း 254 လုံးဘဲ ချိတ်ဆက်နိုင်ပါတယ်။

ဒီလိုဗျာ ကျနော်တို့ အပိုင်း ၄ ပိုင်းနဲ့ သတ်မှတ်ထားတယ်ဗျာ ၁ပိုင်း 255.255.255.255 ( 255 စီရှိတယ် ) ပေါ့...။
Class A က ပထမ ၁ ပိုင်းထဲက Network ကျန် ၃ ပိုင်းက Host
Class B က ပထမ ၂ ပိုင်း က Network ကျန် ၂ ပိုင်းက Host
Class C က ပထမ ၃ ပိုင်းက Network ကျန် ၁ ပိုင်း က Host

အဲ့ဒါကို ကျနော်တို့ က Subnet Mask နဲ့ ထပ်သတ်မှတ်ပေးလိုက်တယ်ပေါ့ဗျာ ..


Resigzed ImageClick this bar to view the full image.


ကျနော် အလွယ်ဆုံး ၁ ခုပြောမယ်ဗျာ ... ကျနော်က Class C နဲ့ Network ၁ ခု ဆောက်မယ်ပေါ့ (254) လုံးအထိချိတ်နိုင်တယ်ပေါ့ဗျာ ..။
ကွန်ပြူတာ ၁၄ လုံးကိုဘဲချိတ်မယ် .. ဟုတ်ပီ .. ကဲ Ip တွေကို ဘယ်လို ပေးမလဲ ... Subnet တွေကိုဘယ်လိုချမလဲ ။

Ip Address Range က 192.168.0.1 ကနေ 192.168.0.15 အထိပေါ့ဗျာ 
ှအဲ့တော့ Subnet Mask က 255.255.255.xxx ( နောက်ဆုံး Octet မှာ 0 နဲ့ 255 ကိုဖယ်ထားရပါမယ် ) အဲ့တော့  254-14 (ကွန်ပြူတာ ၁၄ လုံး) = 240 ရပါမယ်။

အဲ့တော့  192.168.0.1 - 192.168.0.15 >>>> 255.255.255.240 အဲ့လိုဖြစ်ပါမယ်။


http://www.subnet-calculator.com/ မှာလည်း Auto တွက်ခိုင်းလို့ ရပါတယ်။

အဓိကဆိုလိုချင်တာက မိမိနက်ဝပ်မှာ Host ဘယ်လောက်ချိတ်ဆက် ချင်လဲ ဆိုတဲ့ အပေါ်မူတည်ပြီး Subnet တွေကိုပေးရတာဖြစ်ပါတယ်... အောက်ကဇယား လေးကိုကြည့်လိုက်ရင် ရှင်းသွားမှာပါ။

8 Bit အပိုင်း ၁ ခုအား individual byte (သို့ ) octet ဟုခေါ်ပါတယ်...။ အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့ 255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။
သတိပြုရမည်မှာ 0 နဲ့ 255 ကိုပိုတွက်ထားပေးရန်ဖြစ်ပါတယ် ...။

Resigzed ImageClick this bar to view the full image.