Showing posts with label networking. Show all posts
IP Addressing ( Ip address ကို ဘယ်လို Setup လုပ်ကြမလဲ ??? )
IP Addressing
များပြားလှသော IP Address များကို Internet ဖြင့် ချိတ်ဆက်အသုံးပြုသောအခါ မှားယွင်းမှု မရှိစေရန် အောက်ပါအတိုင်း Class များဖြင့် ခွဲခြားထားပါတယ်။
Ip Address များရဲ့  ပထမဆုံး အတွဲ (First Octet ) ကိုမူတည်ပြီး အောက်ပါဖယားအတိုင်း ခွဲခြားပေးထားတာဖြစ်ပါတယ်။
Click this bar to view the full image.
မြန်မာနိုင်ငံ ရဲ့  Ip address သည် 203.xxx.xxx.xxx ဖြစ်သောကြောင့် Class C တွင်ပါဝင်သည်ဟုဆိုနိုင်ပါတယ်။
အထက်ပါ IP များသည် နိုင်ငံများနှင့်  ISP (Internet Service Provider ) များအတွက် ခွဲဝေ သတ်မှတ်ထားသော Registered Ip များဖြစ်ကြပါတယ်။
မိမိ ကိုယ်ပိုင် Private Network များအတွက် အောက်ပါ Ip များကို လွတ်လပ်စွာ အသုံးပြုနိုင် ရန်လည်း သတ်မှတ်ပေးထားပါတယ်။
Click this bar to view the full image.
ထို့ ကြောင့် ကျနော် တို့ ကိုယ်ပိုင်နက်ဝပ် (Private Nwtwork ) များတည်ဆောက်ရာတွင် အထက်ပါ Class A ,B ,C ထဲမှကြိုက်ရာအသုံးပြုနိုင်ပါတယ်။
သို့ သော် ထို IP များကို Internet Browser များတွင် ခေါ်မရပါ ။ ထို IP များသည် Internet တွင် Route မလုပ်ပေးပါ။
ထို့ အတူ 127.0.0.1 သည် မိမိရဲ့ Local Ip ဖြစ်သဖြင့် run တွင် ping 127.0.0.1 ဟုရိုက်ခြင်းဖြင့်  မိမိ ကွန်ပြုရှိ Network Card ကောင်းမကောင်း စစ်ဆေးရန်အသုံးပြုနိုင်ပါတယ်။
Class A မှာဆိုရင် Host (Computers or Devices ) ပေါင်း ၁၆ သန်းကျော်လောက် ချိတ်ဆက်နိုင်ပါတယ်။
Class B မှာဆိုရင် Host (Computers or Devices ) ပေါင်း ၆ သောင်း လောက်ချိတ်ဆက်နိုင်ပါတယ်။
Class C မှာဆိုရင် Host (Computers or Devices ) ပေါင်း 254 လုံးဘဲ ချိတ်ဆက်နိုင်ပါတယ်။
ဒီလိုဗျာ ကျနော်တို့ အပိုင်း ၄ ပိုင်းနဲ့ သတ်မှတ်ထားတယ်ဗျာ ၁ပိုင်း 255.255.255.255 ( 255 စီရှိတယ် ) ပေါ့...။
Class A က ပထမ ၁ ပိုင်းထဲက Network ကျန် ၃ ပိုင်းက Host
Class B က ပထမ ၂ ပိုင်း က Network ကျန် ၂ ပိုင်းက Host
Class C က ပထမ ၃ ပိုင်းက Network ကျန် ၁ ပိုင်း က Host
အဲ့ဒါကို ကျနော်တို့ က Subnet Mask နဲ့ ထပ်သတ်မှတ်ပေးလိုက်တယ်ပေါ့ဗျာ ..
Click this bar to view the full image.
ကျနော် အလွယ်ဆုံး ၁ ခုပြောမယ်ဗျာ ... ကျနော်က Class C နဲ့ Network ၁ ခု ဆောက်မယ်ပေါ့ (254) လုံးအထိချိတ်နိုင်တယ်ပေါ့ဗျာ ..။
ကွန်ပြူတာ ၁၄ လုံးကိုဘဲချိတ်မယ် .. ဟုတ်ပီ .. ကဲ Ip တွေကို ဘယ်လို ပေးမလဲ ... Subnet တွေကိုဘယ်လိုချမလဲ ။
Ip Address Range က 192.168.0.1 ကနေ 192.168.0.15 အထိပေါ့ဗျာ
ှအဲ့တော့ Subnet Mask က 255.255.255.xxx ( နောက်ဆုံး Octet မှာ 0 နဲ့ 255 ကိုဖယ်ထားရပါမယ် ) အဲ့တော့  254-14 (ကွန်ပြူတာ ၁၄ လုံး) = 240 ရပါမယ်။
အဲ့တော့  192.168.0.1 - 192.168.0.15 >>>> 255.255.255.240 အဲ့လိုဖြစ်ပါမယ်။
http://www.subnet-calculator.com/ မှာလည်း Auto တွက်ခိုင်းလို့ ရပါတယ်။
အဓိကဆိုလိုချင်တာက မိမိနက်ဝပ်မှာ Host ဘယ်လောက်ချိတ်ဆက် ချင်လဲ ဆိုတဲ့ အပေါ်မူတည်ပြီး Subnet တွေကိုပေးရတာဖြစ်ပါတယ်... အောက်ကဇယား လေးကိုကြည့်လိုက်ရင် ရှင်းသွားမှာပါ။
သတိပြုရမည်မှာ 0 နဲ့ 255 ကိုပိုတွက်ထားပေးရန်ဖြစ်ပါတယ် ...။8 Bit အပိုင်း ၁ ခုအား individual byte (သို့ ) octet ဟုခေါ်ပါတယ်...။ အသုံးပြုနိုင်သော တန်ဖိုးမှာ 1 မှ 254 အထိရှိပြီး 0 နဲ့ 255 မှအရန်ထားရှိရပါမယ်။
0 မှာ Network Address ဖြစ်ပြီး 255 မှာ Broadcast Address ဖြစ်ပါတယ်။
Click this bar to view the full image.
Bandwidth Control With ISA Server 2006
ISA Server မှာ bandwidth control အတွက် built in feature မပါပါဘူး ။ အဲအတွက် third party software တစ်ခုခု သုံးပေးရပါမယ်။
bandwidth control အတွက် ဒီဆိုက် မှာ စုံစုံလင်လင်ဖော်ပြပေးထားပါတယ်။
ပြန်လည်ဖော်ပြရမယ်ဆိုရင် bandwidth control အတွက် သုံးနိုင်တဲ့ ဆော့ဖ်ဝဲလ်တွေကတော့ ....
Free Realtime NetFlow Analyzer
Bandwidth Splitter
Internet Administrator
Bandwidth Controller Enterprise
TrafficQuota
Websense Enterprise Bandwidth Optimizer စသည်တို့ပေါ့ ..
အဲဒီထဲက တစ်ချို့ဟာ client စက်မှာ အင်စတောပေးဖို့ လိုတာတွေ ရှိပါတယ် ။ အဲဒီထဲက TrafficQuota ကို ကျွန်တော်စမ်းသုံးကြည့်တာ တော်တော်လေး အဆင်ပြေလို့
ပြန်လည်ဆွေးနွေးပေးလိုက်ပါတယ်။ သူက client စက်တွေအတွက် အင်စတောစရာမလိုပဲ ၊ ကျွန်တော် ဖိုင်တစ်ဖိုင်ကို ဒေါင်းပြီး ၊ ဆာဗာကနေ limit တွေ သတ်မှတ်ကြည့်တာ
တစ်ခါတည်း bandwidth တန်းကျသွားပြီး ၊ ဆာဗာက သတ်မှတ်သလောက် ချက်ချင်း ကျသွားတာကို တွေ့ရပါတယ် ။
မိတ်ဆွေတို့လဲ သုံးဖူးလို့ ကောင်းတဲ့ ဆော့ဖ်ဝဲလ်တွေရှိရင် ကျွန်တော့်ကို လက်တို့ပေးခဲ့ကြဦးနော် ..
လောလောဆယ် ကျွန်တော် TrafficQuota နဲ့ပက်သက်ပြီး ဆွေးနွေးပါမယ်။
အရင်ဆုံး TrafficQuota ဆော့ဖ်ဝဲလ်ကို အောက်ကလင့်တွေမှာ ဒေါင်းလိုက်ပါ။
http://ifile.it/m4nrk1v
(or)
http://www.mediafire.com/?7j97j3i5f78rhad
(or)
http://dl.dropbox.com/u/9563152/TrafficQuota.rar
(or)
http://centralupload.com/files/14309_cn7kq/TrafficQuota.rar
ဒေါင်းပြီးရင် အင်စတောလိုက်ပါ ။ ဒါဆို သူက ISA Server မှာ သွားပြီး integrate သွားလုပ်ပါတယ်။
အခုလိုပဲ TrafficQuota --> Computer ကနေ New Quota --> Computer လို့ create လိုက်ပါတယ်။ အမှန်တော့ ကျွန်တော်က IP Address နဲ့ သတ်မှတ်ချင်လို့
အခုလို Computer ဆိုပြီး ရွေးလိုက်တာပါ ။ မိမိဘာသာ User နဲ့ သတ်မှတ်ချင်ရင် User ကို ရွေးရပါမယ်။
ip ကတော့ client စက် ip တွေ ဖြစ်မယ်ပေါ့။
Bandwidth မှာ ကျွန်တော်က download and upload ပါ သတ်မှတ်ချင်လို့ Outgoing and incoming ကို ရွေးလိုက်ပါတယ်။
ကျန်တာကတော့ မိမိစိတ်ကြိုက် ယူဇာတွေကို ပေးချင်သလောက် သတ်မှတ်ပါ။
ကျန်တဲ့ Daily , Weekly, Monthly တို့ကတော့ နေ့အလိုက် သတ်မှတ်ချင်တာတွေပေါ့ ။ ဒါကတော့ မိမိတို့ စိတ်ကူးရှိသလို အသုံးပြုနိင်ပါတယ်။
ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ် ။
Microsoft Forefront Threat Management Gateway (Forefront TMG)
Microsoft Forefront Threat Management Gateway (Forefront TMG) လို့ ခေါ်တဲ့ Microsoft Proxy Server ဆော့ဖ်ဝဲလ်ဟာ
အရင် ISA Server(Internet Security and Acceleartion Server) လို့ လူသိများလှတဲ့ ဆော့ဖ်ဝဲလ်ရဲ့ Next Generation တစ်ခုပါ။
ISA Server 2006 ကို အခြေခံထားတဲ့ ဒီဆာဗာဆော့ဖ်ဝဲလ်ဟာ ISA Server တုန်းကလိုပဲ access တွေအကုန်ရပါတယ်။ အဲဒါတွေကိုတော့
ရေးမပြေတော့ပါဘူးနော် ..
ဒီ Mircrosoft Forefront TMG သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် Microsoft Proxy Server ကနေ စတင်ပါတယ်။ Microsoft ဟာ Internet Access အတွက်
Microsoft Proxy Server v1.0 ကို 1997 ခုနှစ် January မှာ စတင်ဖြန့်ချီခဲ့ပြီး ၊ Window NT4.0 အတွက် ရည်ရွယ်ခဲ့တာပါ။ ဒီလိုနဲ့ Mircrosoft Proxy Server v2.0 ကို
1997 ခုနှစ်အတွင်းမှာပဲ ဒီဇင်ဘာလမှာ ထပ်မံ modify လုပ်ခဲ့ပါတယ် ။ ဒီနောက် 2001 တစ်ခုနှစ်မှာတော့ Microsoft Internet Security and Acceleration Server 2000
(ISA Server 2000) နာမည်နဲ့ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။ ISA Server 2000 ဟာ Window 2000(any edition) နဲ့သုံးနိုင်သလို ၊ Window Server 2003 မှာလဲ
အသုံးပြုနိုင်ပါတယ်။ 2004 ခုနှစ်မှာတော့ ISA Server 2004 ကို ထပ်မံထုတ်လုပ်ခဲ့ပြန်ပါတယ်။ ISA Server 2000 ကို အခြေခံပြီး ထပ်မဲ့ ဗားရှင်းမြှင့်ခဲ့တဲ့
ဒီ 2004 မှာတော့ feature တော်တော်များများ သုံးနိုင်လာခဲ့ပါတယ်။ ဒီ 2004 ဗားရှင်းကို standard and enterprise ဆိုပြီး ၂ မျိုးထုတ်လုပ်ခဲ့ပြီး ၊
window server 2003 မှာ အသုံးပြုနိုင်ပါတယ်။ 2006 ခုမှာတော့ လက်ရှိ 2004 ဗားရှင်းကိုပဲ update လုပ်ပြီး ISA Server 2006 ကို ထုတ်လုပ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းတော့ ISA Server Appliance Edition တို့ ၊ Microsoft Forefront TMG MBE(Microsoft Forefront Threat Management Gateway
Medium Business Edition (Forefront TMG MBE) တို့နဲ့ နာမည်ပြောင်းလဲ ထုတ်လုပ်လာပြီး Forefront TMG MBE ဆိုရင်
64bit Window Server 2008 အထိ supporting ပေးလာပါတယ်။ 2009 မှာတော့ Microsoft Forefront TMG 2010 ထွက်ပေါ်လာပြီး ၊
အဓိကအားဖြင့် သူက ISA Server 2006 ကို အခြေခံထားပါတယ်။ သူကလဲ 64bit Window Server 2008 and Window Server 2008 R2 မှာ ဆောင်ရွက်နိုင်ပါတယ်။
REF : http://en.wikipedia.org/wiki/Microsoft_Forefront_Threat_Management_Gateway
source :http://www.phoelapyae.com