Showing posts with label root. Show all posts

Root လုပ်နိုင်သည့် Insecure boot လုပ်နည်း နှင့် superboot ထည့်နည်း

Insecure boot လုပ်နည်း
အခုပြောပြမည့်နည်း ကတော့ root လုပ်လို့မရတဲ့ ဖုန်းတွေရဲ့ boot.img ကို ခွဲပြီး root လုပ်လို့ ရသည့် insecure boot လုပ်နည်းဖြစ်ပါတယ်။
နမူနာ အနေဖြင့် Huawei Y220T ဖြင့် စမ်းသပ်ပြပေးပါ့မယ်။


Y220T ရဲ့ firmware ကိုဒေါင်းပါ။ အထဲမှ update.zip ကို ဖြေလိုက်ပါ။ boot.img ကို တွေ့ရပါလိမ့်မယ်။ တခြား huawei firmware များ အတွက် UPDATE.APP ခွဲနည်းကို ဒီမှာ လေ့ လာနိုင်ပါတယ်။
boot.img ကို ဒီနည်း အတိုင်း ခွဲပါ။ ဒီဖိုင်တွေ ထွက်လာပါလိမ့်မယ်။

 root လုပ်နိုင်သည့် insecure boot ဖြစ်ဖို့ အတွက် default.prop ကို note++ ဖြင့်ဖွင့်ပါ။ ro.secure=1 ကို ro.secure=0 ပြောင်းပြီး save လုပ်လိုက်ရင် insecure boot ဖြစ်ပါပြီ။
usb debugging on မထားတဲ့ ဖုန်းကို on ချင်ရင်တော့ ro.debuggable=0 ကို ro.debuggable=1 ပြောင်းလိုက်ရင် ရပါတယ်။

 ကဲ boot.img လေးပြန်လုံးလိုက်ပြီး ဖုန်းမှာ flash လိုက်ရင်တော့ ဖုန်းကို unlock root ကဲ့သို့ one click tools တွေနှင့် အလွယ်တကူ root လို့ရပါပြီ။
ဒီနေရာမှာ flash တာနဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြပါမယ်။
y220T လို spreadtrum ဖုန်းတွေကိုတော့ researched downloader ဖြင့် pac ဖိုင်လုပ်ပြီး တင်ရပါတယ်။
bootloader unlock လုပ်ထားသည့် fastboot mod ပါတဲ့ ဖုန်းများကိုတော့ fastboot ဖိုဒါထဲမှ fastboot flash boot boot.img ကဲ့သို့ command ဖြင့် flash ရပါတယ်။
MTK ဖုန်းများကိုတော့ sp flash tool ဖြင့် flash ရပါတယ်။

superboot ထည့်နည်း
boot.img or recovery.img ကို ခွဲပြီး root မလုပ်ပဲမြန်မာဖောင့်ထည့်နိုင်သည့် superboot ၊ root လုပ်နိုင်သည့် superboot ၊ data တွေမပျက်ပဲ patternlock ဖျောက်နိုင်သည့် superboot ထည့်နည်းတွေဖြစ်ပါတယ်။
နမူနာ superboot ဖိုဒါ ၃ မျိုးကို အောက်မှာ download လင့်ပေးထားပါတယ်။
password>>htayhlaingoo
ကိုယ်သုံးချင်တဲ့ superboot ဖိုဒါကို boot.img ခွဲထားသည့် BOOT-EXTRACTED/boot.img-ramdisk/ ဖိုဒါအောက်မှာ ပုံမှာပြထားသည့်အတိုင်းထည့်ပါ။
 init.rc ဆိုသည့် ဖိုင်ကို note++ ဖြင့် ဖွင့်ပါ။ အောက်ဆုံးမှာ ဒီစာသားကို ရိုက်ထည့်ပေးပြီး save လုပ်ပါ။
service superboot /system/bin/sh /superboot/superboot.sh
          oneshot




ကဲ boot.img လေးပြန်လုံးလိုက်ပြီး ဖုန်းမှာ flash လိုက်ရင်တော့ မိမိထည့်ထားသည့် superboot တို့ရဲ့ function တွေ လုပ်ဆောင်သွားမှာပါ။
ကိုယ်သွင်းချင်တာတွေ သွင်းပြီးရင်တော့ original boot.img လေးကို ထပ်ပြီး flash ပေးရင် အကောင်းဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ reboot လုပ်တိုင်း boot.img ထဲမှာထည့်ထားတဲ့ superboot ရဲ့ function တွေဟာ အလုပ်လုပ်နေမှာဖြစ်ပြီး။ recovery.img ကို ထည့်ထားပါက recovery ကို ၀င်တိုင်း superboot ရဲ့ function တွေဟာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။

DOWNLOAD
SUPERBOOT


အားလုံးအဆင်ပြေကြပါစေ......


Wednesday, May 29, 2013
Posted by Unknown
Tag :

V Root လို့ခေါ်တဲ့ Onclick Root Tool လေးပါခင်ဗျာ

မင်္ဂလာပါခင်ဗျာ ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ V Root လို့ခေါ်တဲ့ Root Tool လေးတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ


Samsung , HTC , Sony , Huawei , ZTE , Lenovo , Cool အစရှိတဲ့  model ပေါင်း 1000 ကျော်လောက် root နိုင်တယ်ဆိုဘဲ
Android Version 2.1 ကနေ  4.2 အထိအလုပ်လုပ်တယ်….
one click   ဆိုတော့သုံးရတာလည်းလွယ်ကူတယ်….
အရင်ဆုံးလိုအပ်တာလေးဒေါင်းလိုက်နော်…….
Download Here (or) Download Here

အထဲမှာ installer နဲ့ portable နှစ်ခုထည့်ထားပေးတယ်….အဆင်ပြေသလိုသုံးပေါ့
ကျွန်တော်ကတော့ MTK 6575 သုံးထားတဲ့ China Vivo Y3t မှာစမ်းပြီးသားပါ…..
အရင်ဆုံးဒေါင်းထားတဲ့ portable ဖိုင်ထဲက Root ဆိုတဲ့ application လေးကို run လိုက်ပါ….
ပြီးရင် root ဆိုတာလေးနှိပ်ပြီးခဏစောင့်လိုက် ဖုန်း reboot လုပ်လိမ့်မယ်
ပြန်တတ်လာရင် root လုပ်တာပြီးပြီပေါ့
အော် USB Debugging ကိုလည်း on ထားအုံးနော်……
Y220t ကိုလည်း support လုပ်တယ်လို့ ပြောထားတယ်
စမ်းကြည့်အုံးနော်
Creadit to Mpxteam
Post By Hein Maung (MLN)
sourcs: MMAS
Monday, May 20, 2013
Posted by Unknown
Tag :

ဖောက်ထွင်းစရာ Hack Tools 155 ခုပါတဲ့ UltraHackers 155 in 1 (AIO)

Hack Tools ပေါင်း 155 ခုပါဝင်တဲ့ 155 in 1 UltraHack (AIO) ဖြစ်ပါတယ်.. စမ်းကြည့်သလောက်တော့ တော်တော်များများ အလုပ်လုပ်ပါတယ်..

Hack ဖို့ ဒေါင်းနိုင်ပါပြီ..




Download : 56.4 MB

Posted by Unknown
Tag :

HTC တွေကို Root နိုင်တဲ့ HTC Super Tool v3.0 နဲ့ Root လုပ်နည်းအပြည့်အစုံ



ဒီ Root Tool ကတော့ HTC တွေအတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး 2012 ထိ တွင်တွင်ကျယ်ကျယ်ပဲ အသုံးပြုခဲ့ကြတာပါ.. ခုနောက်ပိုင်းတော့ ဗားရှင်း အမြင့်တွေ ထပ်ထွက်လာတာ မတွေ့မိပါဘူး..
Forum-Xada က အာမခံပေးထားတဲ့ HTC တွေအရတော့-
HTC Sensation
Evo Design 4g
Evo 4g
Evo 3d
Evo Shift
G2
MT3Gs
MT4G
MT4Gs
Inspire
Sensation
Incredible
Wildfire S
Amaze - တွေကို HTC Super Tool နဲ့ Root အောင်မြင်ထားတယ်လို့ဆိုပါတယ်...


Download  HTC Super Root Tool v3.0 :


HTC Super Root Tool နဲ့ Root လုပ်နည်း
*****************************
1. ပထမဆုံးလိုအပ်တာက Driver ဖြစ်ပါတယ်..

Download Driver:

2. Driver တွေ တင်ပြီးသွားရင်တော့ ဖုန်းကို USB ကြိုးသုံးပြီးကွန်ပျူတာမှာ ချိတ်လိုက်ပါ..
ဖုန်းမှာ Unknown Source နဲ့ USB Debugging ကို On ထားဖို့တော့ လုံးမမမေ့စေလိုပါ.. ဖုန်းကို ကွန်ပျူတာက သိဖို့သိပ်အရေးကြီးပါတယ်..

3. အထက်ကအဆင့်တွေပြီးသွားရင် HTC Super Tool ကို Run လိုက်ပါ..
ပုံထဲကလို အမဲရောင်ပေါ်မှာ အပြာရောင်စာသားတွေနဲ့တက်လာမှာဖြစ်ပါတယ်..
  • 1 ကိုနှိပ်ပါ. အလုပ်လုပ်ပြီး ခဏနေရင် ဒီ Main Menu ကိုပြန်ရောက်လာပါမယ်..
  • 4 ကိုနှိပ်ပါ.. ( ဒါက S-Off လုပ်တာပါ.. S-Off လုပ်ပြီးသားဖုန်းဆိုရင် 4 ကိုနှိပ်စရာမလိုပါဘူး
  • 3 ကိုနှိပ်လိုက်ပါ.. ဒါဆိုရင် Root လုပ်သွားပါလိမ့်မယ်.. 
ဒါဆိုရင် ဖုန်းက သူ့အလိုလို Root သွားပြီး Restart ကျသွားပါလိမ့်မယ်.. ပြန်တက်လာလို့ App List မှာ Superuser တွေ့ရင် Root ပြီးပါပြီခင်ဗျာ...

* Bootloader Unlock လုပ်ဖို့လိုအပ်တဲ့ဖုန်းဆိုရင် 3 ကိုမနှိပ်ခင် 5 ကိုနှိပ်ခဲ့ရပါမယ်...


အဆင်ပြေပါစေ...

source:မောင်ပေါက်


Tuesday, May 14, 2013
Posted by Unknown
Tag :

Bin4ry ရဲ့ နောက်ဆုံးထွက် ဗားရှင်းပါ Root_with_Restore_by_Bin4ry_v29


 ဒီ root tool လေးက ဗားရှင်းတွေ အဆင့်ဆင့် မြှင့်လာလိုက်တာ အခုဆို ၂၉ ရောက်လာပါပြီ ics တင်မကဘူး
jelly bean ထိကို root လို့ ရလာပါတယ် ။အဓိက sony xperia ဖုန်း တွေအတွက် အမြစ်တူးဖို့ ကြိုးစားထားတာပါ   အခြား  ဖုန်းတော်တော်များများ ကို အမြစ်တူးနိုင်ပါတယ်

Confirmed devices:
Sony Xperia : S, T, P , Acro S, Ion , Tipo , Tablet S, Go, Sola, U, Z, ZL
Google: Nexus 7 [UK Firmware] 
LG: P705 , P7510
HTC: One S , Sensation XL [ICS 4.03],  Desire S
HDC: I9300 S3 clone



http://www.mediafire.com/?4qnqomz18xtm1dt
အဆင်ပြေကြပါစေဗျာ
source: xda

Monday, April 29, 2013
Posted by Unknown
Tag :

Acer Iconia B1 A71 (4.1.2) ကို root ကြမယ်



Iconia b1 a71 android 4.1.2 နောက်ဆုံးဖားရှင်းကို root လုပ်ကြမယ် လိုအပ်တဲ့ ဖိုင်တွေကို အရင်ဒေါင်းကြမယ်ဗျာ

ဒေါင်းလို့ရလာတဲ့
tools.rar ဖိုင်ကို local disk C:\ အောက်မှာ ဖြည့်လိုက်ပါ အခုလိုရပါမယ်
extract it here c:\tools

USB driver    ကို ဒေါင်းပြီး install လုပ်လိုက်ပါ

setting ထဲက about tablet မှာ image version ကို ကြည့်ပါ AV051.B1-A71.RV05RC05.WW.GEN1 ဖြစ်နေတယ်ဆိုရင် အောက်ကဖိုင်ကို ဒေါင်းလိုက်ပါ 
ဒေါင်းလို့ရလာတဲ့ system.img.gz ဖိုင်ကို c:\tools ဖိုဒါ  ထဲ ထည့်လိုက်ပါ

အရင်အဟောင်း image version  AV051.B1-A71.RV04RC04.WW.GEN1  ဖြစ်နေတယ်ဆိုရင် ဒီမှာ ဒေါင်းပါ http://cloudstor.es/file/m1_MjYz/   ရလာတဲ့ system.img.gz ဖိုင်ကို c:\tools ဖိုဒါ ထဲ ထည့်လိုက်ပါ
(ကျနော် အမြင်တော့ နောက်ဆုံး image version နဲ့ ပဲ လုပ်စေချင်ပါတယ် update လုပ်ရင် ၂၆ MB လောက်ပဲ ရှိတာပါ)

ဒီအဆင့်ထိရောက်ပြီဆိုရင် acer tablet  မှာ ExDialer ကို install လုပ်ပေးပါ play store မှာလဲ free ဒေါင်းနိုင်ပါတယ် http://www.mediafire.com/download.php?2bnfxh5ucks4b43
ဒီအဆင့်ထိ အားလုံး အဆင့်သင့်ဖြစ်ပြီဆိုရင် iconia မှာ USB debug mode ကို အမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်ဆက်လိုက်ပါ
ကွန်ပြူတာမှာ c:\tools ထဲက cmd.exe ကို နှစ်ချက်ကလစ်ပြီး ဖွင့်လိုက်ပါ
cmd မှာ

adb devices ရေးပြီး enter ခေါက်ပါ
အခုလို တွေ့ရပါမယ်

C:\tools>adb devices
* daemon not running. starting
* daemon started successfully
List of devices attached
0123456789ABCDEF device


cmd မှာ အောင်ကcommond ကို copy ယူပြီး paste ချရင် ပိုမြန်ပါတယ်

adb push C:\tools\busybox /data/local/tmp    (enter ခေါက်ပါ)

adb shell     (enter ခေါက်ပါ)
cmdမှာ  shell@android:/ $ အခုလိုတွေ့လာလိမ့်မယ်

chmod 777 /data/local/tmp/busybox     (enter ခေါက်ပါ)
tablet ကိုသွားပြီး exdialer ကိုဖွင့်ပြီး အောက်က ကုဒ်ကို ရိုက်ထည့်ပါ
*#*#3646633#*#*
engineermodeကို ရောက်သွားပါမယ် ပေါ်က menu itemsမှာ connectivity ဆိုတာ ပါတယ် အဲကနေ
Connectivity -> CDS Information -> Network Utility,
အပေါ်ဆုံးလိုင်းမှာ ဒီအောက်ကcommand ကိုမှန်အောင်ရေးထည့်ပါ
/data/local/tmp/busybox telnetd -l /system/bin/sh -p 1234  
ရေးပြီးပြီဆိုရင်
RUN buttonလေးကို နှိပ်ပါ နံဘေးမှာ SHELL ဆိုတာပါတယ် ဘာမှ ပြောင်းစရာမလိုပါဘူး

ကွန်ပြူတာ ပြန်သွားပြီ cmd မှာ shell@android:/ $  အခုလို ကုဒ်လေး တွေ့လာမယ်

cmdမှာအောက်ကုဒ်ကို ရိုက်ထည့်ပါ

/data/local/tmp/busybox telnet 127.0.0.1 1234 (enter ခေါက်ပါ)
အောက်ကအတိုင်းထပ်ပေါ်လာလိမ့်မယ်

Entering character mode
Escape character is '^]'.
system@android:/ $

အပေါ်ကအတိုင်းပေါ်လာရင် cmd မှာ ဆက်ရိုက်မယ်
chmod 777 /cache    (enter ခေါက်မယ်)
^D ဒီအတိုင်းပေါ်အောင် CTRL + D ရိုက်ပြီး enter ခေါက်လိုက်ပါ

Connection closed by foreign host
1|shell@android:/ $

အပေါ်ကအတိုင်း cmd မှာ ပေါ်လာရင် exit ရိုက်ပြီး enter ခေါက်ရင်
C:\tools> ဆိုတာ ထပ်ပေါ်လာမယ်
Cmdမှာ ထပ်ရိုက်မယ်

adb push system.img.gz /cache    (enter ခေါက်မယ်)
တစ်မိနစ်ခွဲလောက် စောင့်နေလိုက်ရင် စက်ပေါ် မူတည်ပြီး အောက်ကပုံစံမျိုး ပေါ်လာမယ်
4133 KB/s (357214476 bytes in 84.400s)
ထပ်ရိုက်မယ်
adb shell  (enter ခေါက်မယ်)

အောက်အတိုင်းပေါ်လာမယ်

shell@android:/ $
Cmd မှာ ထပ်ရိုက်မယ် အောက်က ကုဒ်ကို

/data/local/tmp/busybox telnet 127.0.0.1 1234  (enter ခေါက်မယ်)
ဒီအတိုင်းပေါ်မယ်နော်
system@android:/ $

နောက်ဆုံးအဆင့် အောက်က ကုဒ်လိုင်းကို copy ယူpaste ချပြီး enterခေါက်လိုက်ပါ

/data/local/tmp/busybox zcat /cache/system.img.gz | dd of=/dev/block/mmcblk0 bs=4096 seek=8424 count=156928  (enter ခေါက်ပါ)

ခဏလောက် စောင့်ပြီးရင် အောက်က ကုဒ်တွေ ပေါ်လာရင် root access ရသွားပါပြီ

cache/system.img.gz | dd of=/dev/block/mmcblk0 bs=4096 seek=8424
156928+0 records in
156928+0 records out
642777088 bytes transferred in 69.046 secs (9309403 bytes/sec)
system@android:/ $


USB ကြိုးဖြုတ်ပြီး  ပင်အပ်နဲ့ ပါဝါ ခလုတ်နားက အပေါက်လေးမှာ ထိုးထည့်ပြီး reset လုပ်လိုက်ပါ
စက်ကို ပါဝါ ဖွင့် ပြီး restart တစ်ခါ ထပ်ချပါ
Superuser ရယ် root checher ရယ်ဒေါင်းပြီး install လုပ်လိုက်ပါ
http://www.mediafire.com/?yp491pe603e813d
တကယ်လို့ အဆင်မပြေခဲ့ရင် firmware ကို ဒေါင်းပြီး recovery mode ဝင်ပြီး apply update from sd card ကနေ install လုပ်ရင် အရင်အတိုင်း အဆင်ပြေသွားပါတယ် frimware dowmload http://www.acer.com.my/ac/en/MY/content/drivers

အားလုံး အဆင်ပြေပါစေ ပေါ်ဦးမြေ
Source :forum xda


Saturday, April 20, 2013
Posted by Unknown
Tag :
Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -