Showing posts with label samsung. Show all posts

Galaxy SII (GT-i9100) Root နည်း

ရှာတယ် ဖွေတယ် ဆိုတာ ပညာတစ်ပါးပါပဲ ကျွန်တော် အခု Galaxy S2 ကို Odin မလိုပဲ Root နည်းလေးကို အားလုံး နားလည်အောင် ရှင်းပြရင်း ပြပေးပါ့မယ်။

အရင်ဆုံး Root ဖို့ CWM သွင်းဖို့ နည်းလမ်းလေး ပြောပြပါမယ်ခင်ဗျာ။


အောက်က Link လေးတွေမှာ လိုအပ်တာလေးတွေ အရင်ဒေါင်းလိုက်ပါနော်။

cwm-touch-6.0.1.1-i9100.zip

CWM-SuperSU-v0.92.zip


အပေါ်က file လေး နှစ်ခုကို Download ဆွဲပြီးပြီ ဆိုရင်တော့ SD Card အလွတ်ထဲ ထည့်လိုက်ပါ

ပြီးရင် ဖုန်းကို Power ပိတ်လိုက်ပါ။

Vol up +Home + Power စတဲ့ Key သုံးခု တစ်ပြိုင်တည်း နှိပ်ထားပါ။

Recovery တက်လာမှ လွှတ်လိုက်ပါ။






အထက်ပါ ပုံအတိုင်း Recover Mode ၀င်သွားပြီဆိုရင်တော့ apply sdcard update.zip
ဆိုတဲ့ စာကြောင်းလေးကို ၀င်လိုက်ပါ။

SD Card ထဲ ရောက်ပြီဆိုရင်ဖြင့် cwm-touch-6.0.1.1-i9100.zip ကိုရွေးပါ။

Install လုပ်ပေးလိုက်ပါ။

ဒါဆိုရင် ဒီလိုပုံလေး ထပ်ပေါ်လာပါမယ်…။
 


Odin လုံးဝ လုံးဝ မလိုပဲ CWM ၀င်သွားတာပါခင်ဗျာ…။

ဒါဆို Backup လုပ်တာ တွေ ဘာတွေ လုပ်ထားလို့ရပါပြီ။

Root မယ်ဆိုရင်တော့ install zip form sd card ကို သွားလိုက်ပါ။

အဲ့ဒီမှာ CWM-SuperSU-v0.92.zip ဆိုတာလေးကို ရွေးပါ။

Install လုပ်ပေးပါ။


ပြီးရင် Back ပြန်ထွက်ပြီးတော့ Reboot System Now ကို နှိပ်လိုက်ပါ။

သင်တို့ အလွန် ကြည့်ရဆိုးလှတဲ့ အ၀ါရောင် ကြိဂံ လေးလဲ ပေါ်မလာပဲ အထဲမှာ Super Su လေး ပေါ်လာပါမယ်…။
 
ကဲ အဲ့ခါကျ ကြိုက်တာလိုချင်တာ လုပ်ကြပေတော့ဗျာ…။

သစ်ဆန်းခန့်
thitsankhant@gmail.com

မှတ်ချက်။။ ဖုန်းနည်းပညာ (သို့မဟုတ်) နည်းလမ်းများ ဖုန်းနှင့် သက်ဆိုင်သော ဆော့ဝဲလ် များသည်
သူငယ်ချင်းအချို့၏ တောင်းဆိုမှုကြောင့်လည်းကောင်း ဤဆိုဒ်လေးသို့ လာရောက်ကြ သူများ အဆင်
ပြေစေရန် လည်းကောင်း အွန်လိုင်းပေါ်မှ ကူးယူ စုဆောင်း မျှဝေ ခြင်းသာ ဖြစ်ပါသည်။

from မြန်မာ Mobile Application စတိုး by သစ်ဆန်းခန့်
Monday, May 27, 2013
Posted by Unknown
Tag :

Samsung Galaxy SL GT-I9003 ကို CWM သွင်းပီး Root မယ်



ပထမ ဦးဆုံးလိုအပ်မဲ့ File တွေကို Download ဆွဲလိုက်ပါ
ပီးရင် အလုပ်စလိုက်မယ်နော် ဖုန်းကို ပါဝါ ပိတ်ပီး vol(-)+home +power နဲ့ Download mode ခေါ်လိုက်ပါ
Odin3-v1.85 ကို ဖွင့်လိုက်ပါ USB ကြိုးထိုးလိုက်ပါ odin မှာ မီးအ၀ါလေးလင်းလာပီးဆိုရင်...ဟဲ ဟဲ
PDA ထဲမှာ bagaria-09.GT-I9003_PDA ဆိုတဲ့ tar File လေးကို ထည့်လိုက်ပါ
ပီးပီ ဆိုရင်တော့ Start ကို နှိပ်လိုက်တော့ သူဘာသာသူ အလုပ်လုပ်ပီး Pass ဆိုပီး Reset ကျသွားမယ်
ပြန်တက်လာရင်တော့ recovery သွင်းလို့ပီးပီနော်...Root ချင်တယ်ဆို တော့ SD Card ထဲမှာ CWM-SuperSU-v0.99 ဆိုတဲ့ zip လေးထည့်ပီး install လုပ်လိုက်နော်
ထူးခြားတာလေး ကတော့ recovery mode ၀င်တာနဲ့ recovery က touch ဆိုတာပါပဲ ဟီး ဟီး
ကဲ recovery mode ၀င်မယ်...
ပထမဦးဆုံး vol(+)+home ကို အရင်နှိပ်ထားပီး power လေးကိုနှိပ်လိုက်ပါ logo တက်လာပီးဆိုတာနဲ့ power key ကိုလွှတ်လိုက်နော်
vol(+)+home ကို တော့ မလွှတ်လိုက်နဲ့နော် ဆက်နှိပ်ထား ပီးရင် recovery mode ထဲရောက်သွားပါပီ...
အဆင်ပြေကြပါစေ...
source: thitsankhant
Saturday, May 25, 2013
Posted by Unknown
Tag :
Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -