S Advance i9070 4.1.2 တွေကို အလွယ်နည်း Root,Font,KeyBoard သွင်းနည်း

အရမ်းကိုလွယ်မယ်ထင်ပါတယ်....

ပို့လဲအရှည်ကြီးရေးစရာမလိုဘူး

Root Access , Myanmar Fonts , FrozenKeyboard Pro တို့တစ်ခါထဲ

ဝင်သွားမယ်။ ဘာ Error မှလဲမရှိဘူး။

ပြောနေကြာပါတယ်။

ဒီဖိုင်ကိုဒေါင်းလိုက်

MMSD Special Zip    http://d-h.st/jrj

ပြီးသွားရင် Zip ဖိုင်အလိုက် SD Card ထဲထည့်လိုက်

ဖုန်းကို ပါဝါပိတ်လိုက်

Volume up + Power + Home ကိုဖိနှိပ်ထားလိုက်

Recovery Mode ၀င်ရင်

Install zip From External Storage ကိုင်ဝင်

MMSD Special Zip ကိုရွေးပေးလိုက်။

Reboot System Now နှိပ် ပြန်တက်လာရင် Root Access, Myanmar Fonts,Frozenkeyboard Pro

အကုန်ရပြီ  ^_^


source:mms-developer
Tuesday, June 4, 2013
Posted by Unknown
Tag :

Window Shutdown ပြသနာဖြစ်နေသူများအတွက် ဖြေရှင်းနည်း

သာမန်အားဖြင့် Window ပြန်တင်လိုက်ရင်ကျိန်းသေပြန်ကောင်းမှာပါ။အော်..ဒါတော့ သူပြောမှလား..။
ပြောပြမယ်နော်…………..ကလိနည်းလေး။
Virus ကိုက်သွားတဲ့အခါ၊မီးအားအတက်အကျမမှန်တဲ့အခါ၊အသုံးပြုသူရဲ့မကျွမ်းကျင်မှု..စသဖြင့်
Computer Shutdown လုပ်တဲ့အခါမှာ တန်းပိတ်မသွားဘဲ..Error တွေတက်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လဲ
ကွန်ပျူတာပိတ်လိုက်တဲ့အခါမှာ လုံးဝပိတ်မသွားတော့ဘဲ Window is Shutting Down ဆိုတဲ့နေရာမှာဘဲတစ်နေ
တတ်ပါတယ်။ အဲဒီလိုအခြေအနေမျိုး ကြုံနေရပြီဆိုရင်တော့ Window ကို Repair လုပ်၊ ဒါမှမဟုတ်မဟုတ်ရင်
CD-ROM မှာ WindowXP CD ကိုထည့် ပြီးရင် Run Box မှာ sfc /scannow လို့ရိုက်ထည့်လိုက်ပါ။ Window
System ဖိုင်တွေကို စစ်ဆေးပြီးပြန်လည်ပြုပြင်ပေးသွားမှာပါ။ အဲဒီ နည်းတွေနဲ့လည်း Shutdown ပိတ်တာကြာတဲ့ပြသနာကိုဖြေရှင်းနိုင်ပါတယ်။
နောက်တစ်နည်းကတော့Shutdown Shortcut တစ်ခုကို Desktop ပေါ်မှာဖန်တီးပြီး ကွန်ပျူတာကို အမြန်ပိတ်မှာပါပထမဆုံးအနေနဲ့ Desktop ရဲ့လွတ်နေတဲ့တစ်နေရာမှာ Right Click ထောက်..New>Shortcut ဆိုတာကိုကလစ်
လိုက်ပါ။ Create Shortcut ဆိုတဲ့ Box တစ်ခုပေါ်လာပါမယ်။ အဲဒီ Box ထဲမှာ Shutdown.exe –s –t 0 ဆိုပြီးရိုက်
စနစ်တကျရိုက်ထည့်ပေးပါ။ ဒါမှမဟုတ်ရင်လဲ..ကျွန်တော် ရေးပြထားတဲ့ စာသားကိုကော်ပီကူးယူပြီးထည့်
လိုက်ပါ။ ထည့်ပြီးရင် Next>Finish ဆိုပြီးလုပ်လိုက်တာနဲ့..Desktop ပေါ်မှာ Shutdown Shortcut လေးတစ်ခု
ပေါ်လာမှာပါ။ အဲဒီ ဖိုင်လေးကို ကလစ်လိုက်ရုံနဲ့ ဘာပြသနာမှ မရှိတော့ဘဲ ကွန်ပျူတာအမြန်ပိတ်သွားမှာပါခင်ဗျာ

( ဒီနေရာမှာ Shutdown နဲ့ပတ်သက်လို့နည်းနည်းရှင်းပြပါမယ်)။ ကျွန်တော်တို့ပုံမှန်ပိတ်နေ
ကျ Start မှာရှိတဲ့ Shutdown ဟာပိတ်တဲ့အခါမှာ ၀င်းဒိုးစ်ရဲ့စနစ်ဖိုင်တွေကိုတစ်ခုခြင်း လိုက်ပိတ်ပြီးမှ မော်နီတာပိတ်သွားတာပါ။ အဲဒီလိုမျိုးလိုက်ပိတ်တဲ့အခါမှာ စနစ်ဖိုင်တစ်ဖိုင်ပျောက်ဆုံးနေရင် ဒါမှမဟုတ် ဖိုင်တစ်ဖိုင်ကိုလုံးဝ
မပိတ်နိုင်တော့တဲ့အခါမှာ ရပ်နေပါတော့တယ်။အဲဒီအခါမှာ CPU ရဲ့ပါဝါခလုပ်ကို နှိပ်ထားလိုက်ရင် မော်နီတာပိတ်သွားပါမယ်။ဖြစ်လာခဲ့ရင်လဲ ပိတ်နည်းက အဲဒီနည်းဘဲရှိပါတယ်။ဒါအလုပ်မဟုတ်ပါဘူး..ရေရှည်မှာ စက်ရဲ့အစိတ်အပိုင်းများကိုထိခိုက်တော့မှာဖြစ်ပါတယ်။ကျွန်တော်ပြောပြထားတဲ့ Shortcut ဖန်တီးလိုက်ခြင်းသည်စက်ရဲ့ဘယ်စနစ်ဖိုင်ကိုမှတစ်ခုခြင်းလိုက်ပိတ်နေခြင်းမဟုတ်ဘဲ..တစ်ခါတည်းဘာကိုမှမ
စောင့်ဘဲ အမြန်ပိတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။အခု အညာသားလေးပြောပြတဲ့နည်းက Shutdown Problem ဖြစ်နေတဲ့စက်များအတွက်သာရည်ရွယ်ပါတယ်။ ဘာမှမဖြစ်တဲ့စက်များ ပြုလုပ်ရန်မသင့်ပါ။ Shutdown မြန်အောင်လုပ်နည်း..နည်းလမ်းများစွာရှိပါတယ်။အဆင်မပြေရင်လဲပြောပြပေးပါ။အားလုံးအတွက်အဆင်ပြေမယ့်နည်းလမ်း
လေးကိုရွေးချယ်ပြီးဖော်ပြပေးခြင်းဖြစ်ပါတယ်ခင်ဗျာ..အားလုံး သီးခံပြီးဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်
ပါတယ်..။

ကဲ..အခုနောက်ထပ် Shutdown Problem ဖြေရှင်းတဲ့နည်း ဒါမှမဟုတ် Shutdown မြန်မြန်ပိတ်တဲ့နည်းလမ်းတွေ
ကိုထပ်မံပြီးတင်ပေးလိုက်ပါတယ်ခင်ဗျာ……..။ ပိတ်တဲ့အခါမြန်ချင်ရင်..နည်းလမ်း(၁)
Start>Run (Box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_LOCAL_MACHINE \ System \ Current ControlSet \ Control ဖိုလ်ဒါသို့အဆင့်ဆင့်ဝင်ပါ။ Control ကိုကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ Wait ToKillServiceTimeout ကိုကလစ်နှစ်ချက်နှိပ်ပါ။ သို့မဟုတ် ၄င်းစာသားပေါ်သို့မောက်စ်ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data: ကို 20000 လို့ပြထားတာ တွေ့ရပါမယ်။ ၄င်းကို
5000 သို့မဟုတ် 1000 သို့မဟုတ် နှစ်သက်သလို ပြင်ပေးလိုက်ပါ။ ပြီးရင် registry ကို Exit ပေးပြီး ကွန်ပျူတာကို
Restart လုပ်လိုက်ပါ။

နည်းလမ်း(၂)—Start>Run (box) မှာ regedit လို့ရိုက်ထည့်ပါ။ HKEY_CURRENT_USER \Control Panel\Desktop ကို ကလစ်လုပ်ပြီး မြင်ကွင်း ညာဘက်မှာရှိတဲ့ AutoEndTasks (Key) ကို ကလစ်နှစ်ချက်နှိပ်ပါ။
သို့မဟုတ် ၄င်းစာသားပေါ်သို့ မောက်စ် ညာကလစ်နှိပ်ပြီး Modify ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ Edit String (box) မှာ value data:0 ကို 1 သို့ပြောင်းပါ။ ပြီးရင် ထုံးစံအတိုင်း Computer ကို Restart ချလိုက်ပါ။

နည်းလမ်း(၃)--ကွန်ပျူတာကို ပိတ်လိုက်ပေမယ့် နောက်ခံမှာ ဆော့ဖ်ဝဲတစ်ခုခုက Run နေဆဲဖြစ်နေတတ်ပါတယ်။
Start/Run ကိုဖွင့်လို့ရရင် သို့မဟုတ် ကွန်ပျူတာကို Restart ခလုပ်ပြန် နှိပ်ပြီး Start/Run (box) မှာ msconfig
လို့ရိုက်ထည့်ပါ။ Services မှာ ကိုယ်မဖွင့်ရပါဘဲနဲ့ အလုပ်လုပ်နေ (Running) ဖြစ်နေတဲ့ဆော့ဖ်ဝဲများကို တွေ့ရ
ပါမယ်။ ထို့အတူ Start-up မှာလည်း ၀င်စစ်ကြည့်ပါ။ ၄င်းမှ မလိုအပ်တဲ့ အလုပ်များကို Disabled သို့မဟုတ်
Stopped လုပ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်မသိဘဲ နောက်ခံမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲ (လုပ်ငန်း)များကြောင့် ကွန်ပျူတာကို ပိတ်ဖို့ရာ အချိန်ဆွဲနေသလိုဖြစ်နေတတ်ပါတယ်။ ကွန်ပျူတာမှာ ဆော့ဖ်ဝဲ များစွာသုံးထားပြီး space နေရာကလည်း အလွန်နည်းနေတယ်ဆိုရင် ကွန်ပျူတာပိတ်တဲ့အခါ ၄င်းတို့ကို settings များကိုSave လုပ်နေရလို့ကြာတာလည်းဖြစ်နိုင်ပါတယ်။

နည်းလမ်း(၄)--ကွန်ပျူတာကိုမပိတ်ခင် Crtl+Alt+Del ကိုနှိပ်ပြီး Task Manager ကိုဖွင့်ပါ။ Applications မှာအလုပ်လုပ်(Run)နေတဲ့ လုပ်ငန်းများတွေ့ရင် shutdown လုပ်ပိတ်လိုက်ပါ။ ပြီးမှ ကွန်ပျူတာကို ပိတ်ပါ။

နည်းလမ်း(၅)--ကွန်ပျူတာမှာ Virus, Malware , Spyware စသည်ရှိနေရင်လည်း စနစ်ကို ပုံမှန်ဖြစ်အောင် မလုပ်
ဆောင်နိုင်လို့ ပိတ်ရာတွင် ကြာနေခြင်းလည်းဖြစ်နိုင်ပါတယ်။ ၄င်းအတွက် ဗိုင်းရပ်စ် ရှင်းလင်းခြင်းနဲ့အတူ Malware Spyware remover, registry cleaner, disk optimizers, windows update စသည့် လုပ်ငန်းစဉ်များ
ကိုပြုလုပ်ကြည့်ပါ။ အဆိုပါ လုပ်ငန်းများကိုအထောက်အကူပြုစေရန်http://mmithelper.blogspot.com/2013/03/jetclean-pro-140-full-version-4-mb.html များ...www.ccleaner.com များကိုဖွင့်ပြီး လိုအပ်တဲ့ ဆော့ဖ်ဝဲများကို ရယူအသုံးပြုကြည့်ပါ..။


နည်းလမ်း(၆)—CD Drive မှာ ၀င်းဒိုးစ်စီဒီထည့်ထားပြီး Start>Run(box) မှာ sfc /scannow လို့ရိုက်ထည့်ပါ။
Sfc နဲ့ / ကြားမှာ space တစ်ချက်ခံပါတယ်။ CD Drive မှာ ၀င်းဒိုးစ်စီဒီမရှိရင် တောင်းပါလိမ့်မယ်။ ၄င်းသည်
ကွန်ပျူတာမှာ ပြသနာရှိနေတယ်ဆိုရင် စစ်ပြီးပြင်ပေးပါလိမ့်မယ် ။ အချိန်အနည်းအငယ်တော့ကြာပါတယ်။
လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အတွက်..မည်သူမဆို အသုံးပြုနိုင်ပါတယ်။ ယခု နည်းလမ်းသည် ကွန်ပျူတာတွင် အခြားသော ပြသနာရပ်အချို့ကိုလည်း အလိုလို စစ်ဆေးပြီးပြင်ဆင်ပေးနိုင်ပါတယ်။ လုပ်ကြည့်ပါ။


နည်းလမ်း(၇)—အခု ကျွန်တော် Shutdown နဲ့ပတ်သက်တဲ့ Command များအကြောင်းကို ဗဟုသုတအနေနဲ့ ရှင်းပြပေးပါမယ်……………..။
Shutdown shortcut ခလုတ်တစ်ခုကိုတည်ဆောက်ပါမယ်။ Desktop တစ်နေရာမှာ မောက်စ် ညာကလစ် နှိပ်ပါ။ New ကနေ Shortcut ကိုရွေးချယ်ပါ။ Create Shortcut (box) ပေါ်လာပါမယ်။ အဲဒီ box ရဲ့
Type the location of the item မှာ Shutdown –s လို့ရိုက်ထည့်ပါ။ အမည်တစ်ခုခုပေးပါ။ Restart ပြန်လုပ်ရင်
Shutdown –r လို့ရိုက်ပါ။ အမည်ကို Reboot သို့မဟုတ် Restart လို့ပေးနိုင်ပါတယ်။

Shutdown –f လို့ရိုက်ထည့်မယ်ဆိုရင် ၄င်းသည် ဖွင့်ထားတဲ့ ၊ အလုပ်လုပ်နေတဲ့ အခြားဆော့ဖ်ဝ်နဲ့ လုပ်ငန်းများကို ထည့်မစဉ်းစားဘဲအတင်းပိတ်ပေးပါလိမ့်မယ်။

shutdown –l ဆိုရင် လက်ရှိ User အတွက် logoff လုပ်ပေးပါမယ်……….။

shutdown –t nn သည် သတ်မှတ်ပေးတဲ့ အချိန်စက္ကန့်ကိုစောင့်ဆိုင်းပေးပါမယ်..။ nn နေရာမှာ စက္ကန့်ကို ထည့်ပေးပါ။

Shutdown –c “message” သည် သင်ပြလိုတဲ့သတင်းစာသားတစ်ခုခုကို System Shutdown Windows မှာ ပြပေးမှာဖြစ်ပြီး ၄င်းအတွက် စာလုံးရေ ၁၂၇လုံး အထိရိုက်ပေးနိုင်ပါတယ်။ ဘေးက Quotation marts ခံပေးပါ။

Shutdown –r –m //152.152.152.152 (ip address) ဆိုရင် အဲဒီ ip address ရှိတဲ့ ကွန်ပျူတာကို ပိတ်ပြီး restart ပြန်လုပ်စေမှာပါ။ Shutdown –i ဆိုရင်တော့ server နဲ့ ၄င်း work Station များကို ပိတ်ပြီး restart ပြန်လုပ်စေပါတယ်။ အချို့က လုံးဝပိတ်ဖို့ရာ shutdown –s –t 04 –c လို့ရိုက်ကြပါတယ်။

Reboot (or) Restart အတွက် shutdown –r –t 04 –c လို့ရိုက်ပြီး shortcut တည်ဆောက်ကြပါတယ်။ အချို့က ပိတ်ဖို့ရာ shutdown –s –t 01 လို့ရိုက်ပြီး Reboot အတွက် shutdown –r –t 01 လို့ရိုက်ကြပါတယ်။
Shutdown –s –t 1500 ဆိုရင်တော့ ကွန်ပျူတာက ချက်ချင်း shutdown မကျဘဲ နာရီဝက်ကြာမှ ကျသွားပါလိမ့်မယ်။ Shutdown Timer ပေးတဲ့နည်းလို့လဲပြောလို့ရပါတယ်။ ဘာမှမထိခိုက်စေတဲ့ နည်းလေးပါ။
1500 သည် မိနစ် ၃၀(နာရီဝက်) နဲ့ညီပါတယ်။ ကိုယ်လိုသလောက် အချိန်ပြောင်းလို့ရပါတယ်..။
အထက်ပါအချက်အလက်များအတွက် Start>Run (box) မှာ shutdown.exe လို့ရိုက်ထည့်ကြည့်ပါ။ ပိတ်တဲ့
Command များကိုတွေ့ရပါလိမ့်မယ်ခင်ဗျာ..။ နောက်ဆုံးအနေနဲ့ Super Fast Shutdown, Shutdown TimerXP,
JOC Master Shutdown, Auto Shutdown Genius, HSLAB Free Force Down ကဲ့သို့ ဆော့ဝ်များကို အင်တာ
နက်မှာ ရိုက်ထည့်ပြီး ရှာဖွေကာ ဒေါင်းလွတ်ဆွဲပြီးသုံးကြည့်ပါ……..။

အထက်ကကျွန်တော်ဖော်ပြခဲ့တဲ့ နည်းလမ်းတွေက တစ်ခုမဟုတ်တစ်ခုတော့ အဆင်ပြေမှာပါ။ နည်းလမ်း တွေအကုန်လုံးကိုလည်း လုပ်ကြည့်စရာမလိုအပ်ပါဘူး..။ နည်းတစ်ခု နဲ့အဆင်မပြေမှ နောက်နည်းတစ်ခု ကိုပြောင်းလုပ်ကြည့်ပါ။နောက်လဲ..Shutdown..နဲ့ပက်သတ်လို့ ဖြေရှင်းတဲ့နည်းလမ်းတွေ ရှာဖွေပြီးတင်ပြပေးသွား
ဦးမှာပါ။..ဟုတ်ကဲ့…အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ…………………။

အားလုံးအဆင်ပြေကြပါစေ Myanmar IT Helper ( www.mmithelper.com )
Monday, June 3, 2013
Posted by Unknown

Android 4.2 မှာ မြန်မာစာ အမှန်ပေါ်တဲ့ Bagan Keyboard Pro v1.0.1


Android ဖုန်း/Tablet တွေမှာ မြန်မာစာရိုက်ဖို့အတွက် မြန်မာကီးဘုတ်အသစ်လေးဖြစ်တဲ့ Bagan Keyboard Pro v1.0.1 ကိုတင်ပေးလိုက်ပါတယ်။ အသစ်ထွက် vesion လေးကိုတင်ပေးလိုက်တာပါ။
ဒီဟာကတော့ အရင်ကထက် ပိုပြီးကောင်းမွန်ပါတယ်။ လက်ကွက်ပုံစံက ကွန်ပျူတာလက်ကွက်နဲ့တူတော့ သုံးရတာ အဆင်ပြေပါတယ်
အဓိက ချက်တင်အသုံးပြုသူတွေ အတွက် အဆင်ပြေပါတယ်
သူမှာ အသုံးများတဲ့ စကားလုံးတွေကို မှတ်သားထားလို့ရပြီးတော့
အစရိုက်လိုက်တာနဲ့ တစ်ကြောင်းလုံးကိုမြင်ရမှာဖြစ်ပါတယ်
မင်္ဂလာနံနက်ခင်းပါ ဆိုတာတဲ့ စာသားကို မှတ်ထားပြီး မင်္ဂ လောက်စာရိုက်လိုက်ရင်
တစ်ကြောင်းလုံးပေါ်လာမျာဖြစ်ပါတယ် စာလုံးခက်ခက်တွေကို မှတ်သားထားပြီး
စာမြန်မြန်ရိုက်ချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမှာပါ
။ Bagan Keyboard Pro ကို android version 1.5 to 4.2 ဖုန်းများအားလုံးမှာအသုံးပြုနိုင်ပါတယ်။Bangan Keyboard Pro ကို Bagan Innovation Technology မှရေးသားထားခြင်းဖြစ်ပါတယ်။
ကျွန်တော် သုံးကြည့်ရသလောက်တော့ စာလုံးပေါင်းမှားတာ အရှေ့နောက်လွဲတာတွေ မတွေ့ရသေးပါဘူး
Jelly Bean သမားတွေအတွက်တော့ အဆင်ပြေမှာသေချာပါတယ်..

  
  
 အဆင်ပြေပါစေ..

Download : 

source:maungpauk
Posted by Unknown
Tag :

Android Device နဲ့ နှလုံးခုန်နှုန်းတိုင်းပေးမယ့် Heart Beat Rate apk


Heart Beat Rate က နှလုံးခုန်နှုန်းကို တိုင်းပေးပါတယ်.. ကင်မရာရဲ့ မှန်ဘီလူးကို လက်တင်ထားလိုက်ရုံပါပဲ..


Place the tip of your index finger on phone’s camera and in a couple of seconds your Heart Rate will be shown.
A real-time chart will show your every heart beat.
It uses your phones built-in camera to track color changes on the fingertip that are directly linked to your pulse. This is the same technique that medical pulse oximeters use.
Heart Beat Rate features :
● Real-time heart rate calculation & display
● Real-time pulse signal display in scrolling graphe
● Smart measure mode (measure stops after 15s if a valid pulse value is found)
● Resting heart rate checked against standards at the end of each measure
● Heart Rate training zones during physical activity
● Personnal advice to help you lower your resting heart rate for a better health
● Settings page
● Great design for a great user experience !

အဆင်ပြေပါစေ..

မောင်ပေါက်


Download : 

source:maungpauk
Posted by Unknown
Tag :

Root မလုပ်ပဲ Frozen keyboard ကို Factory reset ချတောင် မပျက်အောင် ထည့်နည်း

 Root မလုပ်ပဲ Frozen keyboard ကို Factory reset ချတောင် မပျက်အောင် ထည့်နည်း
 
 ပြောပြမှာကတော့ root လုပ်ထားထား မထားထား CWM recovery တင်ထားရုံနဲ့ Frozen keyboard ကို factory reset ချတောင် မပျောက်အောင် ထည့်နည်း ဖြစ်ပါတယ်။ ဒီ zip ဖိုင်လေး လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ Android ဖုန်းကို ကျွမ်းကျင်စွာ မသုံးတတ်သေးသည့် User တွေမှာ ဖြစ်လေ့ ဖြစ်ထရှိသည့် Frozen keyboard ကို မှား၍ ဖျက်မိခြင်း ၊ factory reset ချလိုက်၍ keyboard ပျက်သွားခြင်းကြောင့် ဆိုင်ပြန်ပြေးရခြင်း၊ အဲဒီအခက်အခဲများကို ဖြေရှင်းရန် ရည်ရွယ်ပြီး လုပ်ထားတာဖြစ်ပါတယ်။ 

Click Here To Download

၁။ CWM သွင်းရမည်။

Android ဖုန်းတွေအတွက် CWM ၀င်နည်းကတော့ ဖုန်းတစ်ခုနဲ့ တစ်ခု မတူပါဘူး။ အဲဒါကြောင့် ကျွန်တော် ဒီနေရာမှာ ရှင်းမပြတော့ပါဘူး။


၂။ ကီးဘုတ်ထည့်နည်း


CWM ထည့်ပြီးပြီဆိုရင် တော့ ဖုန်းကို သက်ဆိုင်ရာ ခလုပ်များကို ပြိုင်တူနှိပ်၍ CWM recovery mode သို့ဝင်ပါ။ (အတိအကျမပြောရခြင်းမှာ ဖုန်းအမျိုးအစားပေါ်မူတည်၍ recovery mode ၀င်နည်းမတူခြင်း ကြောင့်ဖြစ်သည်။)
ပြီးလျှင် install zip from sdcard > choose zip from sdcard > FrozenKeyboard ကို update လုပ်ပါ။
main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။
ဖုန်း Reboot ပြန်တက်လာတဲ့ အခါ မြန်မာစာကို ရေးနိုင်တဲ့ Frozen keyboard ကို factory reset ချတောင်မပျောက်ပဲ ဖုန်းထဲမှာရှိနေပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ.......


Thanks To Ko Htay Hlaing Oo
Congratulation For his Grate Work
source: fullpremiumnowfree
Wednesday, May 29, 2013
Posted by Unknown
Tag :

Insecure Boot Image ပြုလုပ်နည်း (For NewBie)

Insecure Boot Image ပြုလုပ်ပြီး Root လုပ်လို့ရပါတယ် … ။

Insecure ဆိုတာ mount/remount လုပ်ခွင့်ပိတ်ထားတာကို Admin User အနေနဲ့ရအောင် Hack ယူလိုက်တာပါ။

ဒေါင်းထားတဲ့ဖိုင် လေးကို desktop ပေါ်မှာဖြည်လိုက်ပါ။ bootimg.exe လေးရှိတဲ့ ဖိုလ်ဒါထဲကို ကိုယ်ဖြည်ချင်တဲ့ Boot.img လေးထည့်လိုက်ပါ။ ပြီးရင် boot.bat လေးကို ဖွင့်လိုက်ပါ။
၁. boot.img ကိုဖြည်ဖို့ ၁ ကိုရွှေးပေးပါ။ cmd box ထဲကအောက်ကစာသားမျိုးကို ကူးယူထားပါ။ repack boot.img လုပ်ရင်လိုပါလိမ့်မည်။


arguments: [bootimg file]
bootimg file: boot.img
output: kernel[.gz] ramdisk[.gz] second[.gz]
base=0×200000
page_size=2048
name=”"
cmdline=”androidboot.hardware=huawei loglevel=1″
padding_size=2048


ကူးယူပြီးရင် ကီးတစ်ခုခုကိုနှိပ်ပါ။
၂. default.prop ကို edit လုပ်ဖို့ ၂ ကိုရွှေးပေးပါ။ Edit box ထဲက ro.secure=1 ကို ro.secure=0 ပြောင်းပါ။ file ကိုနှိပ်လိုက်ရင် popup menu လေး
ထဲက save ကိုရွှေးပြီး save လိုက်ပါ။ နောက်တကြိမ် file ကိုနှိပ်ပြီး exit ကိုနှိပ်ပြီး Editor မှထွက်လိုက်ပါ။
၃. Boot.img ပြန်ပြီးလုပ်ရအောင်— မူရင်း boot.img ကိုအမည်ပြောင်းထားပါ။
Enter Copied Words: ဆိုတဲ့နေရာမှာ Enter Copied Words:base cmdline page_size padding_size
ဒီလိုလေးထည့်ပါ  ဥပမာ  Enter Copied Words:  0×200000 “androidboot.hardware=huawei loglevel=1″ 2048 2048
ပြီးရင် ကီးတစ်ခုခုကိုနှိပ်လိုက်ပါ။    

အားလုံးပြီးပါပြီ … ။ အဆင်ပြေကြပါစေ … ။
ဒီမှာဒေါင်းပါ ——————–> http://www.mediafire.com/?ppx5nns47dw8izv

ရေးသားသူ……..စိုင်းအာကာ

Credit To >> Baganthar @ MPX Team
source:myanmarmobilesoftwaredeveloper
Posted by Unknown
Tag :

Y210 Series တွေကို Recovery ကနေ Root,မြန်မာစာ,လက်ကွက်အကုန်ထည့်နည်း

ပထမဆုံး ဒီ ဖိုင်လေးကိုဒေါင်းလိုက်ပါ။
Y210 Recovery Installer               http://www.d-h.st/EOf
Update.zip                                     http://d-h.st/hv2
ပြီးသွားရင်တော့ update.zip ကို SD card ထဲထည့်လိုက်ပါ။
ဖုန်းကိုပါဝါပိတ်ပါ။
ပြီးရင် Volume Down + Power နဲFastboot Mode ၀င်လိုက်ပါ။
Huawei LOGO လေးရပ်နေပြီဆိုရင် ကြိုးထိုးလိုက်ပါ။
Download လုပ်ထားတဲ့ Tool ကိုဖွင့်လိုက်ပါ။
Screenshot - 5_29_2013 , 4_52_29 PM

မိမိဖုန်းကိုရွေးချယ်ပြီး လုပ်ပါ။

Screenshot - 5_29_2013 , 4_53_49 PM
Screenshot - 5_29_2013 , 4_53_51 PM

အားလုံးပြီးသွားရင်တော့ ဖုန်းကို Battery ဖြုတ်ပြီး Recovery Mode ၀င်လိုက်ပါ။
Volume Up + Power ကိုဖိနှိပ်ထားရင် Recovery Mode ကိုရောက်ပါပြီ။
DSC_0674

ပေးထားတဲ့ Update.zip ကို Install zip From SD Card ကနေရွေးပေးလိုက်ရင်အဆင်ပြေပါပြီ။
ပြန်တက်လာရင်တော့ မိမိဖုန်းဟာ Myanmar Font,FrozenKeyboard,Root Access တစ်ခါတည်းအကုန်ရပြီးဖြစ်ပါလိမ့်မယ်။
source:myanmarmobilesoftwaredeveloper
Posted by Unknown
Tag :

Huawei ဖုန်းများ အတွက် Flashing Tool

Huawei ဖုန်းများကို official တင်မယ်ဆိုရင် dload folder ကို sdcard ထဲထည့်ပြီး update လုပ်ရပါတယ်။ အခုပြောမယ့်နည်းကတော့ bootloader mod ခေါ်လို့ရတဲ့ ဖုန်းတွေအတွက် fastboot command ဖြင့် firmware တင်နည်းဖြစ်ပါတယ်။ ဒီနည်းဟာ dload ဖိုင်ဖြင့် တင်လို့မရတဲ့ ဖုန်းများနှင့် sd card slot ပျက်နေတဲ့ဖုန်းများကို ကယ်တင်ပေးမှာဖြစ်ပါတယ်။
ဒီနည်းမှာတော့ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်။ တစ်ပိုင်းကတော့ dload folder ထဲက UPDATE.APP ကို ခွဲထုတ် ခြင်းနှင့် နောက်တစ်ပိုင်းကတော့ fastboot command ဖြင့် firmware တင်ခြင်း ဖြစ်ပါတယ်။

လိုအပ်သော ဖိုင်ကို ဒေါင်းပါ >> DOWNLOAD
password>>mrandroid
Tool ကို အသုံးပြုရန် ဒီsoftware ကို install လုပ်ထားရမည်။



- ဒေါင်း၍ ရလာသော HUAWEI Flashing.rar ကို ဖြေချလိုက်ပါ။
- မိမိတွင်ရှိသော dload folder ထဲမှ UPDATE.APP ကို ဖြေချထားသည့် folder ထဲတွင် ထည့်ပါ။
- Runme.exe ကို run လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။


- နံပါတ် ၁ ကတော့ UPDATE.APP ကို ခွဲထုတ်ခြင်းဖြစ်ပါတယ်။ ကိုယ်ခွဲချင်တဲ့ UPDATE.APP ကို ထည့်ပြီး ခွဲထုတ်နိုင်ပါတယ်။
- နံပါတ် ၂ ကတော့ fastboot command ဖြင့် firmware တင်ခြင်းဖြစ်ပါတယ်။ (ဖုန်းကို fastboot mod ၀င်၍ computer ဖြင့် ချိတ်ထားပါ)
- နံပါတ် ၃ ကတော့ ဖုန်းကို reboot လုပ်ရာတွင် သုံးနိုင်ပါတယ်။
- ထွက်ချင်ရင်တော့ e ကို နှိပ်ပြီးထွက်နိုင်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ.........
source:androidtutorialcollection
Posted by Unknown
Tag :

Windows ပေါ်တွင် boot.img, recovery.img ဖိုင်များကို ခွဲနည်း၊ ပြင်နည်း နှင့် ပြန်ပေါင်းနည်း

အခုပြောပြမည့်နည်းကတော့ cygwin မှတဆင့် Android kitchen ကိုအသုံးပြု၍ img ဖိုင်များကို ခွဲနည်း၊ ပြင်နည်း နှင့် ပြန်ပေါင်းနည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဥာဏ်ရှိသလို official firmware များ custom rom များကို modify လုပ်နိုင်ပါသေးတယ်။

လိုအပ်သော ဖိုင်များကိုဒေါင်းပါ
.net framework 4.5
Java Development kit (JDK)
cygwin
Android kitchen
Note++




Install လုပ်နည်း
၁။ .net framework 4.5 ကို install လုပ်ပါ။
၂။ JDK ကို install လုပ်ပါ။
၃။ cygwin ကို install လုပ်နည်း
 -ဒေါင်း၍ရလာသော dsixda_cygwin_install.zip ဖြေပါ။
 -အထဲမှ setup.exe ကို run ပါ။ အောက်မှာ ပြထားသည့် ပုံများအတိုင်း install လုပ်သွားပါ။
 
Cygwin နှင့် Android kitchen ချိတ်နည်း
- ဒေါင်း၍ရလာသော Android-Kitchen-0.223_rev9a.zip ကိုဖြေပါ။
- ဖြေ၍ရလာသော ဖိုင်များကို C:\cygwin\kitchen ဖိုဒါ ဆော်က၍ထည့်ပါ။

- desktop ပေါ်မှ cygwin ကို run ပါ။ အခုလို ပေါ်လာပါလိမ့်မယ်။

- directory ချိန်းပြီး kitchen ဖိုဒါထဲက menu ကို open ရပါမည်။
cd C:\cygwin
cd kitchen
./menu

- အခုဆိုရင်တော့ cmd box မှာ အခုလို menu လေးမြင်ရမှာပါ။

- ဒီနေရာမှာ အရေးကြီးဆုံးက working folder တစ်ခု ဆော်ရမှာပါ။
- working folder ဆောက်ဖို့ နည်းကိုပြောပြပေးပါမယ်။
- kitchen ဖိုဒါ ထဲက original_update ဖိုဒါ ထဲကို official firmware or custom rom တစ်ခုထည့်ပါ။
  ကျွန်တော်ကတော့ huawei firmware ဖြစ်တဲ့ UPDATE.APP ထည့်စမ်းပါတယ်။

 ထည့်လို့ရတဲ့ file format ကို သိချင်ရင်တော့  ဒီနေရာမှာ s ဆိုတာကို ရွေးလိုက်ပါ။ ဆက်သွားမယ်ဆိုရင်တော့ Enter ကို နှိပ်ပါ။
ဒီနေရာမှာ working folder ကို နာမည် ပေးမှာဖြစ်ပါတယ်။ သူပေးထားတဲ့ နာမည် အတိုင်းထားချင်ရင်တော့  n ကို နှိပ်ပါ။ ကိုယ်ကြိုက်တာ ပြင်ချင်ရင်တော့ y ကို နှိပ်ပါ။
  
ဒီနေရာမှာ  ကိုယ်ပေးချင်တဲ့ Working folder နာမည်ရေးပေးရမှာပါ။
အခုဆိုရင်တော့ working folder တစ်ခုဆောက်ပြီးသွားပြီဖြစ်တဲ့ အတွက် ကိုယ်လုပ်ချင်တာ လုပ်လို့ရပါပြီ။ boot.img ကို ခွဲချင်ရင် working folder ထဲထည့်ပြီး ခွဲလို့၊ ပြင်လို့၊ ပြန်ပေါင်းလို့ရပါပြီ။
boot.img ကို ခွဲဖို့၊ ပြင်ဖို့၊ ပေါင်းဖို့ အတွက် menu မှာ ADVANCED OPTION ဖြစ်တဲ့ 0 ကိုရွေးပေးရင် အောက်ပါ ပုံအတိုင်းကျလာပါလိမ့်မယ်။
နံပါတ် ၁၂ ကိုရွေးပေးလိုက်ပါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ boot.img ကို ဖြေချင်ရင် w ကို နှိပ်ပေးလိုက်ရင် ရပါပြီ။
 boot.img ကိုဖြေပြီးသွားရင်တော့ အခုလို BOOT-EXTRACTED ဆိုတဲ့ folder တစ်ခု ပေါ်လာပါလိမ့်မယ်။
အဲဒီ အထဲမှာတော့ ဒါလေးတွေ ကိုတွေ့ရပါလိမ့်မယ်။
boot.img-ramdisk ဖိုဒါ ထဲက ဖိုင်တွေကို ကိုယ့်စိတ်ကြိုက် ပြင်လို့ရပါပြီ။
စိတ်ကြိုက်ပြင်ပြီး ပြန်ပေါင်းချင်တယ် ဆိုရင်တော့ အောက်မှာပြထားတဲ့ ပုံအတိုင်း b ကို နှိပ် ပေးလိုက်ရုံပါပဲ။ ပြင်ပြီးသား boot.img က အရင် ထည့်ထားတဲ့ working folder ထဲက boot.img နေရာမှာ replace လုပ်သွားမှာဖြစ်ပါတယ်။ 
အားလုံး အဆင်ပြေ ကြပါစေ.....

 boot.img ထဲက ဖိုင်တွေ ပြင်နည်း နှင့် font ထည့်တဲ့ superboot ၊ root လုပ်တဲ့ superboot ၊ pattern lock ဖျောက်တဲ့ superboot ထည့်နည်းတွေကို နောက် post တွေမှာ ဆက်လက်တင် ပြပါဦးမယ်။

 
source:androidtutorialcollection
Posted by Unknown
Tag :

Root လုပ်နိုင်သည့် Insecure boot လုပ်နည်း နှင့် superboot ထည့်နည်း

Insecure boot လုပ်နည်း
အခုပြောပြမည့်နည်း ကတော့ root လုပ်လို့မရတဲ့ ဖုန်းတွေရဲ့ boot.img ကို ခွဲပြီး root လုပ်လို့ ရသည့် insecure boot လုပ်နည်းဖြစ်ပါတယ်။
နမူနာ အနေဖြင့် Huawei Y220T ဖြင့် စမ်းသပ်ပြပေးပါ့မယ်။


Y220T ရဲ့ firmware ကိုဒေါင်းပါ။ အထဲမှ update.zip ကို ဖြေလိုက်ပါ။ boot.img ကို တွေ့ရပါလိမ့်မယ်။ တခြား huawei firmware များ အတွက် UPDATE.APP ခွဲနည်းကို ဒီမှာ လေ့ လာနိုင်ပါတယ်။
boot.img ကို ဒီနည်း အတိုင်း ခွဲပါ။ ဒီဖိုင်တွေ ထွက်လာပါလိမ့်မယ်။

 root လုပ်နိုင်သည့် insecure boot ဖြစ်ဖို့ အတွက် default.prop ကို note++ ဖြင့်ဖွင့်ပါ။ ro.secure=1 ကို ro.secure=0 ပြောင်းပြီး save လုပ်လိုက်ရင် insecure boot ဖြစ်ပါပြီ။
usb debugging on မထားတဲ့ ဖုန်းကို on ချင်ရင်တော့ ro.debuggable=0 ကို ro.debuggable=1 ပြောင်းလိုက်ရင် ရပါတယ်။

 ကဲ boot.img လေးပြန်လုံးလိုက်ပြီး ဖုန်းမှာ flash လိုက်ရင်တော့ ဖုန်းကို unlock root ကဲ့သို့ one click tools တွေနှင့် အလွယ်တကူ root လို့ရပါပြီ။
ဒီနေရာမှာ flash တာနဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြပါမယ်။
y220T လို spreadtrum ဖုန်းတွေကိုတော့ researched downloader ဖြင့် pac ဖိုင်လုပ်ပြီး တင်ရပါတယ်။
bootloader unlock လုပ်ထားသည့် fastboot mod ပါတဲ့ ဖုန်းများကိုတော့ fastboot ဖိုဒါထဲမှ fastboot flash boot boot.img ကဲ့သို့ command ဖြင့် flash ရပါတယ်။
MTK ဖုန်းများကိုတော့ sp flash tool ဖြင့် flash ရပါတယ်။

superboot ထည့်နည်း
boot.img or recovery.img ကို ခွဲပြီး root မလုပ်ပဲမြန်မာဖောင့်ထည့်နိုင်သည့် superboot ၊ root လုပ်နိုင်သည့် superboot ၊ data တွေမပျက်ပဲ patternlock ဖျောက်နိုင်သည့် superboot ထည့်နည်းတွေဖြစ်ပါတယ်။
နမူနာ superboot ဖိုဒါ ၃ မျိုးကို အောက်မှာ download လင့်ပေးထားပါတယ်။
password>>htayhlaingoo
ကိုယ်သုံးချင်တဲ့ superboot ဖိုဒါကို boot.img ခွဲထားသည့် BOOT-EXTRACTED/boot.img-ramdisk/ ဖိုဒါအောက်မှာ ပုံမှာပြထားသည့်အတိုင်းထည့်ပါ။
 init.rc ဆိုသည့် ဖိုင်ကို note++ ဖြင့် ဖွင့်ပါ။ အောက်ဆုံးမှာ ဒီစာသားကို ရိုက်ထည့်ပေးပြီး save လုပ်ပါ။
service superboot /system/bin/sh /superboot/superboot.sh
          oneshot




ကဲ boot.img လေးပြန်လုံးလိုက်ပြီး ဖုန်းမှာ flash လိုက်ရင်တော့ မိမိထည့်ထားသည့် superboot တို့ရဲ့ function တွေ လုပ်ဆောင်သွားမှာပါ။
ကိုယ်သွင်းချင်တာတွေ သွင်းပြီးရင်တော့ original boot.img လေးကို ထပ်ပြီး flash ပေးရင် အကောင်းဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ reboot လုပ်တိုင်း boot.img ထဲမှာထည့်ထားတဲ့ superboot ရဲ့ function တွေဟာ အလုပ်လုပ်နေမှာဖြစ်ပြီး။ recovery.img ကို ထည့်ထားပါက recovery ကို ၀င်တိုင်း superboot ရဲ့ function တွေဟာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။

DOWNLOAD
SUPERBOOT


အားလုံးအဆင်ပြေကြပါစေ......


Posted by Unknown
Tag :
Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -