Posted by : Unknown Sunday, April 24, 2011

google-chrome-os-od0-460Google က Chrome Browser နဲ့ Game တွေ ဆော့လို့ရအောင် တီထွင်ပေးထားပါတယ်။ ဒါဟာ တခြား Firefox တို့ IE တို့မှာ မရနိုင်တဲ့ အရသာတစ်ခုပါ။ Game ထဲမှာဆို နာမည်ကြီး Planet & Zombie တို့ Mafia War တို့တောင် ပါပါတယ်။ Flash နဲ့ရေးထားတာမဟုတ်ဘဲ HTML5 နဲ့ Javascript ကို အသုံးပြုပြီး ရေးသားထားတာတွေကြောင့် Flash Player မရှိလည်း ဆော့နိုင်၊ သုံးနိုင်ပါတယ်။ Game တွေအပြင် တခြား အသုံးကျတဲ့ App တွေ, Theme တွေနဲ့ Extension တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ App တွေထဲမှာဆို AutoCAD တောင်ပါပါတယ်။

Chrome Web Store ကိုယ့်ကွန်ပျူတာမှာ Chrome Browser ရှိတယ်ဆိုရင် Chrome Web Store ထဲ (http://chrome.google.com/webstore) ၀င်ကြည့်လိုက်ပါတော့။ များပြားလှတဲ့ App တွေ Game တွေ Theme တွေနဲ့ Extensions တွေကို တွေ့မြင်ရမှာပါ။ ပုံမှာ Chrome Web Store ကို ပြသထားပါတယ်။
Chrome_Web_Store
ဒါကတော့ Chrome Web Store မှာ Free ရတဲ့ poppit game ကို Chrome နဲ့ ဆော့နေတဲ့ပုံပေါ့။ တချို့ app တွေက Install လုပ်ရတာဖြစ်ပြီး တချို့ကတော့ တိုက်ရိုက်ဆော့နိုင်ပါတယ်။
poppit_copy
အောက်မှာတော့ Sketchup ဆိုတဲ့ painting software ကို အသုံးပြုနေတဲ့ပုံပါ။
Sketchpad
ဒီပုံစံနဲ့ဆို Chrome က တခြား browser တွေထက် ဒီနေရာမှာ သာသွားပြီလို့တောင် ပြောနိုင်ပါပြီ။ စာရေးသူကတော့ Chrome Browser နဲ့ chrome web store ထဲကို အမြဲဝင်ကြည့်ဖြစ်တော့မယ် ထင်ပါရဲ့။
မှတ်ချက်၊ Chrome အတွက် App တွေ ရေးလိုရင်တော့ http://code.google.com/chrome/apps/docs/developers_guide.html မှာ လေ့လာနိုင်ပါတယ်။

Share this post

 
Thurein

Thurein

စာသင်ပေးရတာကို ပျော်မွေ့တယ်။ အများအကျိုးကို တတ်နိုင်သလောက် ဆောင်ရွက်တယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -