Posted by : Unknown Thursday, May 26, 2011

Firefox အသုံးပြု​သူ​များ​အတွက် Firefox browser ကို စိတ်​ကြိုက်​ကလိ​လို့​ရအောင် ၎င်း​ရဲ့ နောက်​ကွယ်​မှ လျှို့ ဝှက်​ချက်​တွေ​နဲ့ မိတ်​ဆက်​ပေးလိုက်​ပါ​တယ်...။ Firefox browser ဟာ အသုံးပြု​ရ အဆင်​ပြေ​တဲ့ browser ဆို​တာ သုံးစွဲ​သူ​တိုင်း သိ​ကြ​ပါ​တယ်...။ ဒါ​ပေ​မယ့် version အသစ်​တွေ ခဏခဏ​ထွက်​လို့ upgrade ပေး​ပြီး​တဲ့ အခါ​မှာ page loading ဟာ ကြာ​တတ်​ပါ​တယ်...။ ဒါ​ကြောင့်...

Firefox ရဲ့ Page Loading ကို ပို​မြန်​အောင်​လုပ်​နိုင်​တဲ့ နည်း​လမ်း ( ၅ ) ခု

၁။ Pipelining ကို Enable ပြုလုပ်​ခြင်း

ဒါ​ကတော့ Friefox version တွေ အကုန်​လုံး​အတွက် အခြေ​ခံ​ကျ​တဲ့ နည်း​လမ်း​တစ်​ခု​ပါ။ Firefox ရဲ့ address bar ထဲ​မှာ about:config လို့​ရိုက် Enter ခေါက်​လိုက်​ပါ... သတိပေး​တဲ့ message ပေါ်လာ​ပါ​လိမ့်​မယ်။ I'll be careful, I proxise! ဆို​တာ​ကို click ပါ။ ပြီး​ရင် network.http.pipelining နဲ့ network.http.proxy.pipelining ဆို ​တာ​တွေ​ကို လိုက်​ရှာ​ပါ။ မ​တွေ့​ရင် အပေါ်​က Filter ထဲ​မှာ ရိုက်​ပြီး ရှာ​လိုက်​ရင်​လည်း ရ​ပါ​တယ်။ တွေ့​ပြီး​ဆို​ရင် ၎င်း​တို့​ပေါ်​မှာ double click လုပ်​ပြီး values တွေ​ကို true လို့​ပေးလိုက်​ပါ။ ပြီး​ရင် network.http.pipelining.maxrequests ပေါ်​မှာ double click လုပ်​ပြီး​ရင် ၎င်း​ရဲ့ value ကို 8 လို့​ပေးလိုက်​ပါ။

၂။ Content switch threshold ကို လျှော့​ချ​ခြင်း

အကယ်၍ သင့်​ရဲ့ mouse (သို့) keyboard ကို မ​ရွှေ့ မ​ထိ​ပဲ 0.75 စက္ကန့် (Content Switch Threshold ) ကြာ​ခဲ့​မယ်​ဆို​ရင် Firefox ဟာ frequency နိမ့်​တဲ့ interrupt mode ထဲ​ကို ရောက်​သွား​ပါ​လိမ့်​မယ်။ ဆိုလို​တာ​ကတော့ ၎င်း​ရဲ့ ကြား​ခံ​ဆက်​သွယ်​ပေး​တဲ့​စနစ်​ဟာ တုန့်​ပြန်​မှု​နည်း​လာ​ပါ​လိမ့်​မယ်...​ဒါ​ပေ​မယ့် သင့်​ရဲ့ page loadတွေ​ကတော့ ပို​ပြီး​မြန်ဆန်​လာ​မှ​ဖြစ်​ပါ​တယ်။ ဒါ​ကြောင့် အခု​လို​ပို​ပြီး​မြန်ဆန်​လာ​စေ​ဖို့ Content Switch Threshold ကို လျှော့​ချ​ပေး​ဖို့​လို​ပါ​တယ်။ about:config ကို​ရိုက် Enter ခေါက် ပြီး​ရင် ပွင့်​လာ​တဲ့ windows ပေါ်​မှာ right-click လုပ်၊ ပြီး​ရင် New ထဲ​က​မှာ Integer ကို click ၊ အဲ​ဒီ​နောက် content.switch.threshold လို့​ရိုက် OK ပေး ပြီး​ရင် 250000 ( a quarter of a second ) ကို​ထည့် OK ပေးလိုက်... ဒါ​ဆို​ရ​ပါ​ပြီ။

၃။ Flash ကို Block ခြင်း

Flashblock extension ကို Install လုပ်​ဖို့​လိုက်​ပါ။ ( http://flashblock.mozdev.org တွင် download ပြုလုပ် ​ပါ။) ၎င်း​က Flash appletတွေ အားလုံး​ကို loading ပြုလုပ်​ခြင်း​မှာ block လုပ်​ပါ​လိမ့်​မယ်။ ဒါ​ကြောင့် web pages တွေ​ဟာ ပို​ပြီး​မြန်​မြန်ဆန်​ဆန် ဖော်​ပြ​ပေး​ပါ​လိမ့်​မယ်။ အကယ်၍ Flash content အချို့ ကို ရှာဖွေ​ချင်​တယ် ဆို​ရင်​တော့ ၎င်း​ရဲ့ Placeholder ကို download အတွက် click လိုက်​ခြင်း​အား​ဖြင့် ပုံ​မှန်​အတိုင်း applet ကို ပြသ​ပေး​ပါ​လိမ့်​မယ်။

၄။ cache အရွယ်​အစား​ကို တိုး​စေ​ခြင်း

သင် web တစ်​ခု​ကို ဖွင့်​ကြည့်​လိုက်​စဉ်​မှာ Firefox က site ရဲ့ images နဲ့ scriptတွေ ကို local memory cache တစ်​ခု​ထဲ​မှာ သိမ်းဆည်း​ထား​လိုက်​ပြီး အကယ်၍ သင်​က တူညီ​တဲ့ page တစ်​ခု​ကို ပြန်​ပြီး​ဖွင့်​မယ်​ဆို​ရင် locak memory cache က​နေ သိမ်းထား​တဲ့ အချက်အလက်​တွေ​ကို ပို​ပြီး မြန်​မြန်ဆန်​ဆန် ပြန်​ထုတ်ပေး​နိုင်​ပါ​တယ်။ သင့်​မှာ RAM အများ​ကြီး( 2GB နဲ့​အထက် ) ရှိ​တယ်​ဆို​ရင် ဖွင့်​ပြီး​သား page တစ်​ခု​ကို ပြန်ဖွင့်​တိုင်း​မှာ မြန်​မြန်ဆန်​ဆန်​ဖွင့်​လို့​ရ​စေ​ဖို့​အတွက် cache size ကို တိုး​ထား​သင့်​ပါ​တယ်။ ​ဒီ့​အတွက် about:config လို့​ရိုက် Enter နှိပ် ပြီး​ရင် ပွင့်​လာ​တဲ့ window ထဲ​က ဘယ်​နေရာ​မှာ​မ​ဆို right-click ပြီး​ရင် New ထဲက Integer ကို​သွား​ပါ။ အဲ​ဒီ​ထဲ​မှာ browser.cache.memory.capacity လို့​ရိုက် OK ပေး၊ ပြီး​ရင် ၎င်း​ပေါ်​မှာ double-click လုပ်၊ value ကို 65536 လို့​ရိုက် OK ပေး၊ အဲ​ဒီ​နောက် သင့်​ရဲ့ browser ကို restart ပေးလိုက်​ပါ။

၅။ Render မြန်​စေ​ခြင်း

ကြီးမား ​ပြီး ရှုပ်​ထွေး​တဲ့ web pageတွေ​ကို ဖွင့်​တဲ့ အခါ​မှာ အချိန်​တော်တော်​ကြာ​တတ်​ပါ​တယ်။ Firefox က သင့်​ကို မ​စောင့်​စေ​ချင်​ပါ​ဘူး ... ဒါ​ကြောင့် 0.12 စက္ကန့်​တိုင်း​မှာ ရ​ရှိ​တဲ့​အချက်အလက်​တွေ(content notify interval)ကို default အား​ဖြင့်​ဖော်​ပြ​ပေး​ပါ​တယ်။ ဒီ​လို​အချိန်​တွေ​မှာ browser ဟာ တ​ဖြည်း​ဖြည်း ဖျက်​က​နဲ့ ဖျက်​က​နဲ ဖော်​ပြ​ပေး​ပြီး တိုး​လာ​တဲ့ စုစုပေါင်း page loading လုပ်​တဲ့ အချိန်​ကို​လည်း မ​ကြာ​မ​ကြာ​လျော့ကျ​စေ​ပါ​တယ်။ ဒါ​ကြောင့် ကြီးမား​တဲ့ content notify interval ဟာ ပို​ပြီး မြန်ဆန်​စေ​ပါ​လိမ့်​မယ်။ ​ဒီ့​အတွက်... about:config ကို​ရိုက်၊ Enter နှိပ်၊ ပြီး​ရင် ပွင့်​လာ​တဲ့ Window ရဲ့ တ​နေရာ​ရာ​မှာ right-click ( Apple userတွေ​အတွက်​က ctrl-click)လုပ်၊ New ထဲက Integer ကို click ပြီး preference name ကို content.notify.interval လို့​ရိုက် OK ပေး ပြီး​တော့ 500000 ( ငါး​သိန်း) လို့​ရိုက်​ထည့် ပြီး​ရင် OK ထပ်​ပေး​ပါ။
Window ထဲ​မှာ right-click ထပ်​လုပ်​ပါ။ ပြီး​ရင် New ထဲက Boolen ကို click ပါ။ ဒီ​တ​ကြိမ်​မှာ​တော့ content.notify.ontimer ဆို​တဲ့ value တစ်​ခု​ပြုလုပ်​ပြီး True ပေးလိုက်​ပါ။ ဒါ​ဆို​ပြီး ပါ​ပြီ။


Password Hacking

အကယ်၍ သင်​က သင့်​ရဲ့ browser မှာ​ရှိ​တဲ့ Tools > Options > Security ထဲ​မှာ Remember password for sites ကို check ပေး​ထား​မယ်​ဆို​ရင် site တစ်​ခု​ကို ဝင်​တဲ့ အခါ​တိုင်း​မှာ notification bar တစ်​ခု ပေါ်လာ​ပြီး username နဲ့ password ကို save လုပ် မ​လုပ်​ဆို​တာ မေး​ပါ​လိမ့်​မယ်။ အကယ်၍ uncheck လုပ်​ထား​ရင်​တော့ မေး​မှာ​မဟုတ်​ပါ​ဘူး။ check မ​ပေး​ထား​လည်း​ပဲ အလို​အ​လျှောက် save လို့​ရအောင် javascrpit ဖိုင် တချို့ ကို ပြုပြင်​လိုက်​ရင်​လည်း အလို​အ​လျှောက် save လုပ်​နိုင်​ပါ​တယ်။ ဘယ်​လို​လုပ်​ရ​မ​လဲဆို​တာ​ကို တချို့ Social Site တွေ​မှာ​လည်း ဖော်​ပြ​ထား​တာ​တွေ့​တဲ့​အတွက် မ​ဖော်​ပြ​ပေး​တော့​ပါ။ နောက်​တစ်​ခု​က Bookmoark Sync ကို သုံး​ပြီး​တော့​လည်း Firefox မှာ username နဲ့ password တွေ​ကို save လို့​ရ​ပါ​သေး​တယ်။
အခု ​လို save လုပ်​ထား​တဲ့ password တွေ​ကို ဘယ်​လို hack လို့​ရ​နိုင်​သလဲ ဆို​တာ​ကို ဖော်​ပြ​ပေး​ပါ​မယ်။ hacking လို့ ခေါင်းစဉ်​တပ်​ထား​ပေ​မယ့် ဒါ​ဟာ အမှန်​တကယ် hacking တစ်​ခု​တော့ မဟုတ်​ပါ​ဘူး ။ Firefox ဟာ သင့်​ရဲ့ computer ပေါ်​မှာ အမျိုး​အမျိုး​သော သ​တင်း​အချက်အလက်​တွေ​ကို သိမ်းဆည်း​နိုင်​တဲ့ bookmarks, plugins နဲ့history ကဲ့သို့ profile directory တစ်​ခု​ကို ဖန်တီး​ပါ​တယ်။ အဲ​ဒီ​မှာ ဖိုင် နှစ်​ခု​ဟာ password တွေ​ကို သိမ်းထား​ဖို့​အတွက် အသုံးပြု​လေ့​ရှိ​ပါ​တယ်။
၁။ key3.db - ဒီ​ဖိုင်​က save ထား​တဲ့ passwordတွေ​ကို encrypt လုပ်​ပြီး encryption key ရဲ့ copy တစ်​ခု​ကို သိမ်းထား​ပါ​တယ်။
၂။ signons.txt, stgnons2.txt (သို့) stgnons3.txt - ဒီ​ဖိုင်​တွေ​က save လုပ်​ထား​တဲ့ passwords တွေ​ကို သိမ်းထား​ပါ​တယ်။ ၎င်း​တို့​ဟာ encrypt လုပ်​ထား​တဲ့ passwords နဲ့ Logonတွေ​ပါဝင်​တဲ့ ရိုး​ရိုး text file တွေ​ဖြစ်​ပါ​တယ်။ signons.txt file ကတော့ Firefox version 2 အစော​ပိုင်း version တွေ​မှာ အသုံးပြု​ပြီး signons2.txt ကတော့ Firefox version 2.0.0.2 နဲ့ နောက်​ပိုင်း version တွေ​မှာ အသုံးပြု​ပါ​တယ်။ Firefox 3 နဲ့ နောက်​ပိုင်း Version အသုံးပြု​သူ​တွေ​ကတော့ signons3.txt file ကို​ရှာ​ရ​ပါ​မယ်။ signons3.txt file ကို signons.sqlite နဲ့ ဖုံးအုပ်​ထား​ပါ​တယ်။

ဒီ file တွေ​ကို ဘယ်​မှာ ရှာ​ရ​မ​လဲဆို​တော့ Profile directory ထဲ​မှာ ၎င်း fileတွေ​ကို သိမ်းထား​ပါ​တယ်။ အောက်​မှာ​ဖော်​ပြ​ထား​တဲ့​အတိုင်း Run ထဲ​မှာ ရိုက်​ထည့်​လိုက်​ရင် operating system ပေါ်​မှာ ပြုလုပ်​ထား​တဲ့ profile folder ထဲ​ကို browsing လုပ်​ခြင်း​အား​ဖြင့် ဝင်​ရောက်​နိုင်​ပါ​တယ်...

Windows 7/Vista/ XP : %APPDATA%\Mozilla\Firefox\Profiles\
Mac OS : ~/Library/Application Support/Firefox/Pofiles/

အကယ်၍ သင့်​ရဲ့ Profile directory ကို​မ​တွေ့​ဘူး​ဆို​ရင်​တော့ Mozila support page မှာ သွား​ကြည့်ပါ။
၎င်း file နှစ်​ခု​ကို တစ်​ခြားcomputer တစ်​ခု​ဆီ​သို့ copy ကူး​ပြီး​ပို့​လိုက်​လို့​ရ​ပါ​တယ်...။ သင်​ဟာ password တွေ​ကို save လုပ်​မိ​မယ်​ဆို​ရင် အဲ​ဒီ​ဖိုင်​တွေ​ထဲ​မှာ သင့်​ရဲ့ password ပါသွား​ပါ​ပြီ။ encrypt လုပ်​ထား​တဲ့ password တွေ​ကို ရှာ​ဖို့​အတွက်​က Fire Password Viewer ကို အသုံးပြု​နိုင်​ပါ​တယ်။


Hacking Network Connection

၁။ server ပေါင်း​စုံ​မှ connection ကို ရ​နိုင်​သ​မျှ​ရအောင်...

about:config ထဲ​မှာ network.http.max-connection ဆို​တာ​ရှိ​ပါ​တယ်။ ၎င်း​က များ​စွာ​သော network connection တွေ​ကို ထိန်း​ချုပ်​ပြီး Firefox က Web servers အရေအတွက် ဘယ်လောက်​များ​များ တ​ကြိမ်​ချင်း ပြုလုပ်​ပါ​တယ်။ အကယ်၍ သင်​ဟာ tabတွေ အများ​ကြီး​နဲ့ home page အမျိုး​မျိုး​ကို​ဖွင့်​လို့​အဆင်​ပြေ​စေ​ဖို့ (သို့) အမျိုး​မျိုး​သော server တွေ​နဲ့ ချိတ်​ထား​တဲ့ pageတွေ​ကို ဝင်​ရောက်​ချင်​တယ် ဆို​ရင် network.http.max-connection ပေါ်​မှာ double click လုပ်​ပြီး value ကို 32​လို့​ထည့်​ပေးလိုက်​ပါ။

၂။ တူညီ​တဲ့ server မှ connection ကို ရ​နိုင်​သ​မျှ​ရအောင်...

about:config ထဲ​မှာ​ရှိ​တဲ့ network.http.max-connections-per-server ကတော့ သီးခြား connection တွေ​အတွက် ထိန်း​ချုပ်​ပါ​တယ်။ page တစ်​ခု​ထဲ​မှာ​ရှိ​တဲ့ element မျိုး​စုံ​ကို အ​ပြိုင်download ချ​နိုင်​ဖို့ ခွင့်​ပြု​တဲ့ တူညီ​တဲ့ server အတွက်​ပဲ အလုပ်​လုပ်​ပါ​တယ်။ network.http.max-connections-per-server ကို double-click လုပ်​ပြီး​ရင် value ကို 16 လို့​ထည့်​လိုက်​ပါ။ ဒီ​ထက်​တော့ ထက်​မ​မြှင့်​ပါ​နဲ့​တော့ ဘာ​လို့​လဲ ဆို​တော့ အချို့ site တွေ​က bandwidth-protection (သို့) antileeching measure အတွက် သင့်​ကို block ပါ​လိမ့်​မယ်။


Hacking Addon

Hacking Addon တွေ​ကို အသုံးပြု​ချင်​ရင် https://addons.mozilla.org/en-US/firefox/tag/hacking မှာ ရ​ယူ​နိုင်​ပါ​တယ်။

အခု ​အပေါ်​မှာ ပြော​ခဲ့​တာ​တွေ​က Firefox ကို hack နိုင်​တဲ့ နည်း​လမ်း​တွေ​ထဲ​က အနည်းငယ်​ကို​သာ ဖော်​ပြ​ခဲ့​တာ​ဖြစ်​ပါ​တယ်။ အ​ပြည့်စုံ​ဆုံး နဲ့ အများ​ကြီး​သိ​ချင်​တယ် .... ကလိ​ချင်​တယ် ဆို​ရင်​တော့ အောက်​မှာ ပေး​ထား​တဲ့​စာအုပ်​ကို ဖတ်​ဖို့​အကြံ​ပြု​ပါ​ရ​စေ...

































(Educational Purposes Only)

Leave a Reply

Subscribe to Posts | Subscribe to Comments

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -