သုတေတန သရုပ်ပြအဘိဓာန်ကျမ်း PDF ဖိုင်ကို တွေ့ဖူးကြမှာပါ... PDF ဖိုင်ဆိုတော့ လိုချင်တဲ့အကြောင်းအရာကို ရှာတဲ့ခါ စာမျက်နှာတွေကို လှန်ရတာ ကြာတယ်...
အဘိဓာန်လို ကိုယ်သိချင်တဲ့အကြောင်းအရာကို စာရိုက်ပီ မြန်မြန် မရှာချင်ဘူးလား.. အချိန်ကုန်သက်သာအောင် စီစဉ်ထားတဲ့ ဟောဒီဆော့ဝဲလ်လေးကိုသာ သုံးကြည့်လိုက်ပါ...
၁။ ပိဋကတ်ဝတ္ထုလမ်းညွန်ကျမ်း
၂။ သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
၃။ သုခမှတ်စု
အထက်ပါ ကျမ်းသုံးကျမ်းလုံးကို တစ်ပေါင်းတည်းပြုထားတဲ့ ကျမ်းဆိုတော့ တန်းဖိုးရှိတဲ့ ဗဟုသုတဟင်းလေးအိုးလို့ ဆိုနိုင်မလား... ဟောဒီမှာကြည့် ဖွင့်လိုက်ရင်နေရာက မယူဘူး.. ကွန်ပျူတာ ထောင့်လေးမှာ ကပ်နေတဲ့ အကွက်သေးသေးလေးပဲ..
သိချင်တဲ့အကြောင်းအရာကို စာရိုက်ပီ ရှာလိုက်တော့ရော...
ကဲ မလွယ်ဘူးလား... သဘောကျရင် ဒါကို ဒေါင်းလုပ်ချ
MediaFire
IFile-it
ဇစ်ဖြေလိုက်ရင် ဒါတွေ တွေ့မယ်
WININNWA Font မရှိရင် WININNWAကို အင်စတောလုပ်ပါ..
Dictionaryဆိုတဲ့ Application ကို နှိပ်ပီ သုံးလို့ရပါပီ.. ဒါပေမဲ့ dotnetfx ကို အင်စတောမလုပ်ရသေးတဲ့ စက်မှာတော့ သုံးလို့ မရမှာလို့ dotnetfxကိုပါ ထည့်ပေးလိုက်ပါတယ်.. လိုအပ်ရင် အင်စတောလုပ်လိုက်ပါ...
TxtFiles ဆိုတဲ့ Foder ထဲမှာ အခုပြောခဲ့တဲ့ ကျမ်းစာအုပ်သုံးအုပ်လုံးကို Notepad နဲ့ ထည့်သွင်းထားပါတယ်.. အသုံးလိုသူများ အဆင်ပြေစေဖို့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုလည်း သီးသန့် ဖိုင်တစ်ခုအနေနဲ့ထည့်ထားပါတယ်.. အားလုံးကို ကော်ပီကူးပီ WdList ဆိုတဲ့ ဖိုင်ထဲ သွားထည့်ပေးလိုက်မယ်ဆိုရင် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကိုပါ ပူးတွဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်..
တခြား တခြား မိမိနှစ်သက်ရာ အသစ်သစ်သော အကြောင်းအရာများအားလုံးကိုလည်း ထပ်မံဖြည့်သွင်း၍ အသုံးပြုနိုင်ပါပီ..
မူရင်း PDF ဖိုင်တွေကို သုံးချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ချလိုက်ပေါ့..
Media Fire
Ifile.it
No comments:
Post a Comment