Posted by : Unknown Wednesday, May 22, 2013


Fan Page မှာ like 2.0 Kilo ပြည့်ရင်တင်ပေးမယ်လို့ ပေးထားတဲ့  ကတိပေးထားတဲ့ အတိုင်း Android ကို root မဖောက်ဘဲ မြန်မာဖောင့် ထည့်နည်း ကိုပြောပြပါမယ်--

တကယ် စဉ်းစားကြည့်ရင် အရိုး အရှင်းဆုံးပါပဲ ကျွန်တော့် မှာ Samsung ပဲ ရှိလို့ Samsung ပဲ ပြောရပေမဲ့ Android အားလုံး တူတူပါ ဆိုတာ သိထားစေချင်ပါတယ်--

တကယ်က Root မဖောက်ပဲ မြန်မာ ဖောင့် ထည့်နည်း ဆိုတာ မဟုတ်ပါဘူး။လူကြားကောင်းအောင်ပြောရတာပါ-- Samsung, Sony, Huawei, HTC စတဲ့ ကောင်တွေက နောက်ပိုင်းမှာ Firmware က မာလာပါပြီ-- HTC ဆို အခုထက်ထိ
ရှာရဖွေရ ခက်တဲ့ အထဲမှာ ရှိပါတယ်-- အဲ့ကောင်လေး တွေ ကို မြန်မာဖောင့် ထည့်ဖို့ မပြောနဲ့ Root ဖောက်ဖို့တောင် အနိုင်နိုင်ရယ်ပါ--

အားလုံးထင်ကြပါတယ် Samsung ဖုန်းမှာ Root မလုပ်ဘဲနဲ့ဆိုတော့ Change Font Style နဲ့ Zawgyi လားဆိုပြီးတော့ ။ တချို့က အသစ်အတိုင်းဖြစ်ချင်ရင် Official Firmware ပြန်တင်လိုက်တဲ့။

အားလုံး တစ်ခု မှ မဟုတ်ပါဘူးဗျာ-- အဲ့လို လုပ်ရင် Change Font style လုပ်ရင် Browser မှာ Zawgyi မမြင်ရသလို--- Root လုပ်ပြီးသားကို Firmware ပြန်တင်တိုင်းလဲ warranty ပြမရနိုင်ပါဘူး။


ကျွန်တော် ကြိုပြောထားချင်တာက
Root ဖောက်ပြီး warranty ပြန်ရအောင် လုပ်တာ = Root မဖောက်ပဲ မြန်မာစာထည့်တာ နဲ့ တူတူပဲ မလား။
ဒါကို သဘောတူတယ်ဆိုရင် အောက်ကကောင်ကို ဆက်ဖတ်လို့ရပါပြီ--
တကယ်တော့ Samsung Company လုပ်ပေးတဲ့ Root မဖောက်ပဲ မြန်မာစာထည့်တာကလဲ ဒီနည်းလမ်းပဲ ဖြစ်ပါတယ်--

ဒီတော့ Target က Wantarry ပြန်ယူရမယ် ဟုတ်ပြီနော် >>

ကျွန်တော် တကယ် ပြောချင်တာက Root ဖောက်တယ် ဆိုတာ အဲ့လောက် အရေးမပါ ပါဘူး။ Root ကို ပြတဲ့ SuperSU က Android ရဲ့ အသက်သွေးကြော မဟုတ်ဘူး။ သူက မိမိ လွတ်လွတ် လပ်လပ်သုံးခွင့်ရအောင် ကူညီပေးရုံ သက်သက်ပဲ။


အားလုံး warranty ကို ဆုံးဖြတ်ကြ တာက SuperSu နဲ့ မဟုတ်ဘူး။ သူ့ကို နောက်ကနေ ကြိုင် ကိုင်ထားတဲ့ ကောင် >> Recovery Custom Image ခေါ် Insecure Image ခေါ် CWM ပါပဲ.. အဲ့ကောင်ကို Flash မိရင် Custom Count တက်မယ်-- အဲ့ Custom Couunt ကိုကြည့်ပြီးတော့ Warranty ရသင့်မရသင့် ဆုံးဖြတ်တယ် ဆိုတာ သိဖို့လိုပါတယ်--

အဲ့ ဒီ CWM ခေါ် Recovery Image ကြောင့် သာ Supersu ကို Install လုပ်ပြီး သူ့ကို သုံးလို့ရတာလေ ဟုတ်ပါတယ်နော်။ ပြီးတော့ Firmware မာတယ် ပျော့တယ် ဆိုပြီ မူတည်တာကလဲ အဲ့ဒီ Recovery ကို ၀င်ရင် တွေ့ရတဲ့ Recovery Image ခေါ် Secure Image ခေါ် စက်ရုံထုတ် Officail Image ပေါ်မူတည်သွားတာပါ--

အကယ်လို့ ဥပမာ JXD Android Devices တို့ ရိုးရိုး THL Devices တို့ ဆို Recovery မှာ ထားတဲ့ Image က Official Image သာ ပြောတာ CWM ခေါ် Insecure Boot သာသာပဲ ရှိတယ် ဒီတော့ Root လုပ်တဲ့ Application လေးသုံးပြီးတော့ Install လုပ်လိုက်တော့တာပေါ့ဗျာ--

CWM ခေါ် Insecure image ခေါ် Custom Image က စက်ရုံက ဒီဘောင်က်ု မကျော်ဖို့ ကန်သတ်ထားတာကို မိမိ စိတ်ကြိုက် ကျော်ချင်ကျော်ဖို့ ပြန်ရေးထားတာဆိုပဲလေ--

ဒီလောက်ဆို Android ရဲ့ အသက်သွေးကြော Recovery CWM အကြောင်း မိတ် ဆက်တာ တော်လောက်ပြီ။

CWMက ဘာတွေကို ဖြစ်စေလဲ ---
သူရဲ့ ကောင်းကွက်က မိမိ စိတ်ကြိုက် APK Zip File တွေကို Install လုပ်လို့ရတယ် ပေါ့ဗျာ-- SuperSu ကို Zip ကနေသွင်း မြန်မာဖောင့်ကို Zip ကနေ သွင်းရတယ် ပေါ့ဗျာ-- ဒါတွေ အားလုံးက သာမန် အားလုံး လုပ်ကြတဲ့ အလုပ်တွေပါပဲ--

သူ့ရဲ့ ဆိုးကျိုးကတော့ နောက်ခံက နေ warranty ကို မရစေတဲ့ Custom Binary Count တက်နေတာပဲ-- CWM ကို တစ်ခါလောက် Flash တယ် Custom Binary Count တစ် ခါတက်တယ်-- ၃ခါ Flash တယ် Custom Binary Count သုံးခါတက်တယ်-- အဲ့ဒါက SuperSu သုံးခါ သွင်းလို့မဟုတ်ပါဘူးဆိုတာ ကြိုပြောပါရစေ--

ကဲ ဒါဆို မိမိ ခါတိုင်း Root ဖောက်ခဲ့တဲ လမ်းစကို သိပြီလို့ထင်ပါတယ် :)

အခု အရေးကြီး အပိုင်းနဲ့ အဓိက အပိုင်း လာပါပြီ ဗျာ--

Wantarry ဘယ်လို ပြန်ယူ မလဲ ???? ရှင်းရှင်းလေး ပါပဲ ဗျာ-- Custom  Binary Count ကို တက်တဲ့ကောင်ကို မတက်အောင် လုပ်လိုက်ပေါ့-- အဲ့ကျရင် CWM မသွင်းနဲ့ ပေါ့-- အဲ့ကျရင် မြန်မာ ဖောင့် ထဲ့မရတော့ဘူးပေါ့ဗျာ--

:D

ကဲ ဘယ်လိုလုပ်ကြမလဲ

လာပါပြီဗျာ-- ဘယ်လိုမှ မလုပ်ပါနဲ့ Triangle Away Apk ကို မေ့နေကြပြီထင်တယ် သူက Binary Count ကို Reset ပြန်ချ ပေးတဲ့ ကောင်လေးလေ-- Binary Count  >> 0 ဖြစ်သွားရင် Wantarry ပြန်ရပြီလေ ဟုတ်တယ်ဟုတ် ?

ဒီတော့ လုပ်ရမဲ့ လမ်းစဉ်က CWM လည်းတင်မယ်-- မြန်မာစာလဲ သွင်းမယ်-- SuperSu apk လဲ သွင်းမယ် :D ပြီးတော့ Triangle away apk သွင်းလိုက်လေဗျာ--

ကဲ တကယ့် အရေးကြီးတဲ့ အဓိက အပိုင်းပါပဲ ---
"Triangle Away နဲ့ သုတ်လိုက်ရင် ပြီးပြီ ဘာတွေလာပြောနေတာလဲ -- Wantarry ပြန်ရပြီလေ --"

NO-- မထင်လိုက်ပါနဲ့ Triangel Away နဲ့ Reset ပြန်ချသော်လည်း Binary count က 0 အဖြစ်ပဲ 1 ကျန်နေပါလိမ့်မယ်-- 1 ကျန်နေမှတော့ ဘယ်လို warranty ပြန်ယူမလဲ ဗျာ- ဟုတ်တယ်မလား :D

ဘယ်လို ဖြေရှင်းမလဲဆိုတော့ သူ့ စက်ရုံ Official Recovery Image ကို ထည့်လိုက်ပေါ့-- ရှင်းနေတာပဲ ပွဲသိမ်းပဲ-- ကိုလုပ်ချင်တာလဲ လုပ်ပြီးသွား ပြီ မလား root လဲ ဖောက်ပြီးပြီ မြန်မာဖောင့်လဲ ထည့်ပြီးပြီ

ဘာလုပ်ချင်သေးလို့လဲ -- ဒီတော့ သူ့ Original စက်ရုံ ထုတ် Recovery Image ကို ပြန်ပြီး Flash ပေးလိုက်ရင် Custom Binary Count က မတက်တော့ဘူး -- အဲ့တော့ မှ Triangle Away Apk ကို သုံးပြီတော့ Binary Count ကို Reset ချလိုက်ရင် ပွဲသိမ်းပေါ့ဗျာ-- အားလုံး Wantarry ရမရ ဆုံးဖြတ်ပေးတဲ့  Binary Count 0 ဖြစ်သွားပြီ ဆိုတော့မှ Triangle Away ကိုလဲ ဖျက်-- SuperSu ရဲ့ အထဲမှာ ပါတဲ့ Completely Uninstall လုပ်လိုက်ရင် ???

ကဲ Root မဖောက်ပဲ မြန်မာစာ သွင်းထားသော Wantarry ရသော ဖုန်းလေး ဖြစ်သွားပါပြီ ခဗျာ-- အသစ်ဆိုမှ အသစ်ကလေး ပါ ယဉ်မပျို တောင် အနား အကပ်မခံရသေးတဲ့ Android ဖုန်းစစ် စစ်ဖြစ်ပါကြောင်း

ပြီးပါပြီဗျာ--

ကျွန်တော်ကတော့ Root ပဲ လုပ်ထးတယ်။ Samsung Company ကို သွားခါနီးမှပဲ အဲ့လိုလုပ်သွားတယ်-- မဟုတ်ရင် Official Image တောင် ပြောင်းမထားဘူး CWM နဲ့ပဲ နေပါတယ်--

ဒီနည်းလမ်းကို ဟို 2012 နှစ်ဆုံးခါနီး လောက်က Triangle Away Apk တင်ပေးတုန်းက Apk အကြောင်း မိတ်ဆက်ရင်နဲ့ ပြောဖူးပါသေးတယ်--

အခုတော့ ပြန်ပြောပေးရတာပေါ့ဗျာ--


Official Recovery e3 လား 3e လားအဲ့ ကောင်က တော့ ကို့ဖာသာကို ရှာ လို့ရတယ်မလား?
Stoke Recovery For မိမိဖုန်း Kernal နံပါတ် 4.1.2 / 4.04 ဆိုပြီး သက်ဆိုင်ရာ ရှာပါ--
ICS/JB တို့ စတဲ့ Android Version ပြောင်းတာနဲ့ Officail Recovery တည်ဆောက်ထားတာခြင်း မတူတော့တာဖြစ်လို့ ICS Or JB ထည့် ပြီးပါရှာ စေချင်ပါတယ်--

ကျွန်တော့်မှာလဲ Note 2 ရဲ့ Official Recovery ပဲရှိတာမို့လို အာ့လေးပဲ ပြန်ဝေငှနိုင်တာ ခွင့်လွှတ်ပါဗျာ--
Note 2 အတွက် Official Recovery လိုချင်ရင်တင်ပေးပါ့မယ်နော်--

ကဲ Triangle Away က Sony တို့ Huawei တို့ကို ပြန်ပြီး မှာ Support လုပ်ရင် လဲ သုံးလို့ရပါတယ်။ ကွန်တော့် အထင် သူတို့က ပြန်ပြီးတော့ warranty ပြန်ယူချင်ရင် စက်ရုံထုတ် Official Recovery Image ကို ထည့်လိုက်ရင် ရပြီ ထင်တာပဲ ကျွန်တော် လဲ တခြားဖုန်း မကိုင်နိုင်တော့ သေချာ မပြောနိုင်တာ ခွင့်လွှတ်ပါနော်--


အားလုံးကို ပြောလို့ရပါပြီ Root မလုပ်ဘဲ မြန်မာစာရသည်ပေါ့ဗျာ-- လုပ်နည်းကတော့ ပုံမှန်အတိုင်း root လုပ်မယ် (CWM တင်တယ် Zipနဲ့ မြန်မာစာသွင်းတယ် Superuser သွင်းတယ်) ပြီးတော့ Official Recovery ပြန်သွင်းတယ် ပြီးတော့ Triangle Away နဲ့ Binary Count ချတယ်-- ပြီးတော့ Triangle Away ရော SuperUser ရောဖျက်ပစ်တယ်

ဒါလေးပါပဲ ကျွန်တော် မပြောခဲ့ဘူးလား အတော် လွယ်ပါတယ်ဆိုတာ

S3 သမားတွေအတွက် Official Reovery ရှာ မရရင် Tool Kit ထဲ မှာ ရှိပါတယ်-- S3 Toolkit ကို Site မှာ တင်ပေးထားပါတယ်--

Note 2 သမားတွေတော့ ကျွန်တော် ပြန်တင်ပေးပါ့မယ်--

S2 တို့ S4 တို့ အတွက်လဲ Google မှာ ကျွန်တော်ပြောသလိုရှာကြည့်ပါ တွေ့ရင် ပြောဦးနော်-- ကျွန်တော် Official Recovery လေးတွေ စုပြီး ပြန်တင်ပေးချင်သေးလို့ပါ--

Nexus ကလဲ Binary Count တက်လားမသိဘူး တက်ရင်တော့ Triangle Away ရယ် Nuxeus Toolkit တွေရယ် ဒေါင်းလိုက်ပါ အဲ့မှာတင်ပေးထားပါတယ်နော် :)

ကဲ အဆင်ပြေပါစေခဗျာ--
အဆင်မပြေတာ ရှိရင် မရှင်းတာ ရှိရင် Comment ပါ--
တကယ် အဆင်ပြေပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ--

ဒီလိုမျိုး Steel Jelly ရေးထားတဲ့ တမူထူးခြားသော How To Tutorual လေးတွေ ဖတ်ချင်သေးရင်

ထွက်ထားပြီးသားတွေက်တော့ >> How To Hack Mac Filtering WiFi Using Android , သူများဖုန်းကို Pattern Lock ဖြုတ်နည်း, ဘာကြောင့် ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်ရတာလဲ နှင့် ဖြေရှင်းနည်း, Apk ထဲမှာပါတဲ့ Goole Ads တွေ အမြင်ကတ်တယ် ထုတ်ပစ်မယ်--{Pro Method} , Windows ပေါ်မှာ Apk,GPK Icon ပေါ်အောင် လုပ်ကြမယ်--, ပိတ်ထားတဲ့ Website တွေကိုဖွင့်မယ် ကိုယ်မကြိုက်တဲ့ Website တွေကိုပိတ်မယ်--, Toolkit တို့ရဲ့ အသုံးဝင်မိတ်ဆက်နဲ့ သက်ဆိုင်ရာ Toolkit တွေ ဒေါင်းကြမယ်, အစရှိသဖြင့် မြောက်မြားစွာကို ထုတ်လွှင့် ထားပြီး ပြီဖြစ်ပါတယ်--
၎င်းတို့ကို http://www.fullpremiumnowfree.com/search/label/How%20to ကို ကလစ်နှိပ်ပြီး ဖတ်ရှုနိုင်ပြီ ဖြစ်ပါကြောင်းလဲ သတင်းကောင်ပါအပ်ပါတယ်--

source:
Steel Jelly{www.fullpremiumnowfree.com}
http://www.fullpremiumnowfree.com/2013/05/how-to-knowledge-install-myanmar-font.html

Leave a Reply

Subscribe to Posts | Subscribe to Comments

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -