- Back to Home »
- samsung »
- Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်မယ်
Posted by :
Unknown
Wednesday, May 29, 2013
မင်္ဂလာပါခင်ဗျာ Samsung Galaxy S4 GT-I9500 ကို Root မလုပ်ပဲ မြန်မာဖောင့်ထည့်ချင်တဲ့သူငယ်ချင်းများ
အတွက် နည်းလမ်းလေးကိုဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံးလိုအပ်မဲ့ဖိုင်တွေကိုဒေါင်းပါမယ်။
ဒေါင်းလုပ်ပြီးသွားရင်တော့ setting ထဲက more ထဲက Permissions အောက်က
Security ထဲက Unknown sources ကို အမှတ်ခြစ်ပါ။ ပြီးရင် usb debugging
ကိုလည်းအမှတ်ခြစ်ပါ့မယ်။ ရှာမတွေ့ရင် setting>>more>>about
device>>build ဆိုတဲ့စာသားလေးကို ( ၇ ) ချက်လောက်နှိပ်ပြီး back key
လေးနဲ့ပြန်ထွက်လိုက်ပါ။ Date and time နဲ့ About device ရဲ့ ကြားထဲမှာ
Developer options ပေါ်လာမှာပါ ။ပြီးရင်အဲဒီထဲကို ၀င်ပြီး usb debug ကို
အမှတ်ခြစ်လုပ်နိုင်ပါပြီ။အားလုံးပြီးသွားရင်တော့
ဒေါင်းလုပ်ဆွဲထားသောဖိုင်သုံးဖိုင်ကို install လုပ်လိုက်ပါ။
ပြီးသွားရင်တော့ setting >> My device >> Display
ထဲဝင်လိုက်ပါ။ပြီးရင် Font Style ထဲကို ၀င်ပြီး အောက်ဆုံးမှာရှိတဲ့ Samsung
Sans ဖောင့်ကိုရွေးပေးလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ကတော့
Setting–>>My device–>> Language and input–>>Frozen
keyboard Pro ကိုရွေးပေးထားပါ။
ထို့နောက် Dafault ကိုလည်း Frozen Zawgyi Keyboard Pro
ကိုရွေးပေးထားပါ။ နောက်ဆုံးအနေနဲ့ကတော့ install လုပ်ထားတဲ့ ifont ဆိုတဲ့
icon လေးကို ဖွင့်လိုက်ပါ။ အပေါ်ဆုံးတန်းမှာ Install ဆိုတာလေးကိုနှိပ်ပါ။
အောက်မှာကျလာပါလိမ့်မယ် မိမိနှစ်သက်ရာမြန်မာဖောင့်ကိုရွေးပါ ဥပမာ (Myanmar +
SoMa ) ကိုရွေးပြီး install လုပ်ပါ set ဆိုတာလေးကိုနှိပ်လိုက်ပါ။ OK
လို့ပေါ်လာရင်နှပ်လိုက်ပါ။ Device က reboot လုပ်ဖို့တောင်းဆိုလာပါလိမ့်မယ်
အဲဒီအခါကျရင် ပါဝါကီးလေးကို ဖိထားပြီး Restart ဆိုတာလေးကို နှိပ်ပေးလိုက်ပါ
ပြန်တတ်လာပြီးဆိုရင်တော့ facebook , Tango , Viber ,contacts
တွေမှာမြန်မာလိုပေါ်နေပါပြီ ရိုက်လို့လည်းအဆင်ပြေပါတယ် facebook မှာဆိုလည်း
မမှားသလောက်ပါပဲ အတော်လေးကိုအဆင်ပြေပါတယ်ခင်ဗျာ ။
ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်လို့ စိတ်ချလက်ချ ပြုလုပ်ပါခင်ဗျာ။ မရရင်တော့
အစကနေနောက်တစ်ကြိမ်ပြန်လုပ်ကြည့်ပါ အဆင်ပြေသွားပါလိမ့်မယ်။
သူငယ်ချင်းအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။source:aungkyaw