Posted by : Unknown Wednesday, June 12, 2013


Google ဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်လာပြီးတဲ့နောက် အစိုးရဌာနတွေသာ သုံးလေ့ရှိတဲ့ Myanmar Unicode ဟာ တော်တော် ခေတ်စားလာခဲ့ပါတယ်.. ဒါကြောင့် Add-On တွေ တောင် ထွက်လာပြီး မြန်မာစာ အဆင်ပြေဖို့ ကြိုးစားခဲ့ကြပါတယ်.. ကျွန်တော်တို့ Blog တွေနဲ့ Website သမားတွေရဲ့ 99.99% လောက်က ဘလော့ကို ZawGyi-One နဲ့ ရေးထားကြတာလေ.. Add-on တွေနဲ့ အဆင်ပြေတယ်ဆိုပေမယ့် တစ်ချို့ အဆင်မပြေဘူးဗျ.. ဒါကြောင့် Default Font ကို Zawgyi ပဲထားထား၊ Unicode ပဲထားထား. ကြည့်ရှုသူတွေ အဆင်ပြေအောင် Zawgyi-Unicode Changer လေး ထားလိုက်ရင် အဆင်ပြေသွားမှာပါ.. ကျွန်တော့် ဘလော့မှာ အရင်က ထားဖူးတယ်ဗျ.. Drop Down Menu နဲ့ ဘယ်လို ငြိနေလဲမသိဘူး.. အဆင်မပြေတာနဲ့ ဖြုတ်ထားလိုက်တာ.. ခု. မိတ်ဆွေ အစ်ကိုကြီးတစ်ယောက်က မေးလာတော့မှာပဲ. တင်ဖြစ်တော့တယ်..
လုပ်နည်း
1. မိမိ Blogger ကို Sign in ဝင်ပါ..
2. Layout ကို နှိပ်ပါ..
3. Add a Gadget ကိုနှိပ်ရင် ဘောက်တစ်ခု ထပ်ပေါ်လာပါမယ်.. အဲဒီထဲက Html/Java Script ဆိုတဲ့ ခေါင်းစဉ်လေးကို နှိပ်လိုက်ပါ.. ပေါ်လာတဲ့ ဘောက်ထဲမှာ အောက်က ကုဒ်ကို ကူးထည့်ပေး ပြီး Save ကိုနှိပ် လိုက်ပါ.. ခေါင်းစဉ်ထည့်စရာမလိုပါဘူး. ဒါဆိုရင် ဘလော့မှာ Unicode နဲ့ ZawGyi-One ကို ပြောင်ဖို့ Converter လေးတစ်ခု ဘလော့ရဲ့ ဘယ်ဘက် အပေါ်ထောင့်နားလေးမှာ ပေါ်နေမှာဖြစ်ပါတယ်ခင်ဗျာ..
ကုဒ်.
<script type="text/javascript" src="http://kogeelay.googlecode.com/files/unicodeorzawgyi_KG.js"></script>

အဆင်ပြေပါစေ..

မောင်ပေါက်

Leave a Reply

Subscribe to Posts | Subscribe to Comments

Wednesday, April 02, 2025

Powered by Blogger.

- Copyright © 2025 pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -