Showing posts with label Android. Show all posts

Android 4.0 နှင့်အထက် ဖုန်းတွေမှာ မြန်မာဖောင့်ကို Manual နည်းနဲ့တင်ရအောင်


Samsung Glaxy S3 မှာ မြန်မာစာကို Manual နည်းနဲ့သွင်းကြည့်ရင်း အဆင်ပြေတယ်.. တစ်ခြား ဖုန်းတွေမှာလည်း လုပ်ကြည့်ပြီးသလောက် အဆင်ပြေတဲ့အတွက် Android Version 4.0 နှင့်အထက်တွေမှာ မြန်မာစာ မမှန်တဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဟောင်းလေး တစ်ခု  ပြန်လည် မျှဝေလိုက်ပါတယ်.. 4.1.2 ထိ အဆင်ပြေတာတွေ့ရပါတယ်.. တစ်ခြားလူ အဆင်ပြေမယ်လို့တော့ အာမမခံနိုင်ပါ. ကျွန်တော် အဆင်ပြေလို့သာ တစ်ခြားလူတွေလည်း လုပ်လို့ရအောင် တင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ..

နည်းလမ်း

မြန်မာ font ပေါ်ရင် ပြီးပြီ ဆိုသူများအတွက်တော့ အောက်ပါ fontchanger ကို install လုပ်လိုက်ရင်ရပါပြီ။
မြန်မာ စာပေါ်ရုံဖြင့် အားမရသေးဘူး။ display ထဲက font style မှ english font style များကို design စုံ ပြောင်း ချင်သူများအတွက်တော့ အောက်ပါနည်းကို သုံးရပါမည်။
အောက်ပါနည်းကို သုံးလျှင် မြန်မာ font နှင့် English font များကို အဆင်ပြေပြေသုံးနိုင်သော်လည်း တခြား တရုတ် font များကိုတော့ မြင်တွေ့ရမှာ မဟုတ်တော့ပါ။
လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။
၁။ root explore ကို install လုပ်လိုက်ပါ။
၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။
၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ
၎။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ
၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး Mount R/O ဖြစ်အောင်ပြောင်းပါ။ ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။
၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။

၈။ အခုဆိုရင်တော့ samsung 4.0 အထက် ဖုန်းတွေမှာ မြန်မာစာကိုလည်း ကောင်းကောင်း မြင်၇သလို၊ English စာကိုလည်း design မျိုးစုံနဲ့ ဖတ်လို့ ရေးလို့ရပါပြီ။

အဆင်ပြေပါစေ..

မောင်ပေါက် < Knowledge Note >
www.maungpauk.org

ဒီပို့စ်ကို http://freemobilesharing.blogspot.com က ရခဲ့တာဖြစ်ပြီး အဆင်ပြေတဲ့နည်းလမ်းကောင်းလေးတစ်ခုဖြစ်တဲ့အတွက် Credit ပေးပါတယ်ခင်ဗျာ..

-------mg paw oo-----
Friday, July 26, 2013
Posted by Unknown
Tag :

Android အကြောင်း ပါးပါးလေး ပြောမယ်


             

Android အကြောင်း ပါးပါးလေး ပြောမယ်နော် Android OS ဆိုတာ linux လို့ခေါ်တဲ့OS 
 
 ရဲ့ Linux 2.6 kernel ကို အခြေပြုထားတဲ့  OS တစ်ခုဖြစ်ပြီး မိုလ်ဘိုင်းဖုန်းတွေ  Tablet 
 
ကွန်ပျူတာတွေ အတွက် ရည်ရွယ်ပြုလုပ်ထားတာပါ အပေါ်ကဖော်ပြထားတဲ့ 
 
စက်ရုံပုံလေးကတော့ သူ့ရဲ့ Logo လေးပေါ့ စက်ရုပ်ပုံလေးလေ

ဒီ ကောင်လေး စတင် ဖြစ်ပေးလာတာကတော့ စတင်ဖန်တီးရေးသားခဲ့တဲ့ Android Inc 
 
ကို 2005 ခုနှစ်မှာ Google ကနေ ၀ယ်ယူလိုက်ပါတယ် ၀ယ်ယူထားပြီး 
 
ဘာလုပ်နေတယ်တော့ မသိရပါဘူး 2007 ခုနှစ်ေ၇ာက်တော့မှ Google က Android ကို 
 
(OHA) Open Handset Alliance ကို တည်ထောင်လိုက်ပြီး Android Coad တွေကို 
 
ဘယ်သူမဆို အခမဲ့ ရယူပြင်ဆင်နိုင်တဲ့ Open source အဖြစ် ကြေငြာလိုက်ပါတယ်ဒါကို 
 
ကိုယ့်ထုတိကုန်နဲ့ ကိုက်ညီမယ့် ပုံစံနဲ့ ကုပ္မဏီတွေကနေ ဆက်လက်ပြီး 
 
ထပ်ဆင့်အဆင့်မြင့်ရေးသားကြပြန်ပါတယ် လိုင်စင်ကိုတော့ ဖရီးလိုင်စင်ပေါ့နော် 
 
ဘယ်သူမဆို အခမဲ့ရယူနိုင်ပါတယ်ပေါ့ ကိုယ်လဲ ပြင်ချင်ပြင်လို့ရတာပဲလေ
 
 နောက် Android Software တွေ ဖန်တီးဖို့ Android Software development kit 
 
(SDK) 1.0 ကို 2008 ခုနှစ်မှာထုတ်ပေးပြီး လွတ်လွတ်လပ်လပ် 
 
ရှယ်ယာလုပ်ခွင့်လဲ ပြုခဲ့ပါတယ် အဲနောက်ပိုင်းမှာတော့ Android သုံး မိုဘိုင်းဖုန်းတွေ 
 
Tablet တွေ မျိုးစုံကိုထွက်လာတော့တာပဲပေါ့ဗျာ
 
 Android ထါက်လာပြီးနောက် မိုဘိုင်းလောကမှာ အပြောင်းအလဲကြီးတစ်ခုဖြစ်သွားပြီး 
 
ဘာမှမကြာလိုက်တဲ့ နှစ်အနည်းငယ်ထဲမှာပဲ မိုဘိုင်းလောကကို Android က 
 
ဦးဆောင်လာပါတော့တယ် ဘာကြောင့် ဒီလို ကြီးစိုးလာသလဲဆိုရင်တော့ 
 
ဘယ်သူမဆို ပြင်ဆင်ခွင့်ရှိတယ် ဆိုတဲ့ အချက်ရယ် ဖရီးလိုင်စင်ရယ် Open source 
 
coad တွေရယ်ကြောင့်ပါပဲ အလကားလဲရသေး လုပ်ပိုင်ခွင့်ကလဲကွာသေး 
 
နည်းပညာလဲလေ့လာလို့ရသေး တယ် ဖန်တီးမယ်ဆိုလဲ ရတယ်ဆိုတော့ဗျာ 
 
ဘာပြောကောင်းမလဲ ဟဲဟဲပေါ့ နော်
 
 ဒီလို အလကားပေးထားတာ Google ကဘာအမြတ်အစွန်းရလဲ ဆိုတာ သိချင်ပါသေးလဲ 
 
OS ကို အလကားပေးထားပေမယ့် ရတဲ့နေရာတွေ ရှိတာပေါ့ဗျာ Android Market မှာ 
 
ဖရီးမဟုတ်တာလေးတွေ သင်ကြည့်ပါလား အဲကနေလဲ ရတယ် အင်တာနက်အခြေခံတဲ့ 
 
ဖုန်းပြောတဲ့ စနစ်တွေကလဲ ပြန်ရပါတယ် ဘယ်လောက်ရမှာ မို့လို့လဲ ဆိုတာ့ တစ်နှစ်ကို 
 
သုံးစွဲသူ တစ်ဦး ကနေ တစ်ဒေးလာပဲတွက်ကြည့် ခုလောလောဆယ် သုံးစွဲသူပေါင်း သန်း 
 
280 ကျော်နေပါပြီ ကဲ ဘယ်လောက်ရပြီလဲ ဒါမျိုးလေးတွေကနေ ပြန်ရနေတော့ 
 
အလကားပေးရတာ တန်တယ်ပေါ့ဗျာ ဟဲဟဲ နဲနဲ နဲ့ ကြဲကြဲလေး ၀ိုင်းတတ်တဲ့ တရုတ်တွေ 
 
သုံးတဲ့ နည်းပညာပါခင်ဗျ တော်တော် တန်ဖိုးရှိတဲ့ နည်းပညာပါ 
 
တကယ်လဲကောင်းပါတယ် စမ်းကြည့်ပေါ့ ကိုယ့်လုပ်ငန်းမှာ 
 
အဲလိုနည်းနဲ့ ဈေးလျှော့ပေးတယ်ဆိုပြီး တစ်ဖက်ကနေ မသိမသာ ပြန်လှီးယူတာလေးလေ ဟိဟိ
 
Android Market ထဲမှာ အခုဆို applications တွေ Game တွေ ငါးသိန်းကျော်နေပါပြီ 
 
ဒီဟာအကုန်လုံးကို Google ကနေ ထုတ်ထားတာလားဆို မဟုတ်ပါဘူး နိုင်ငံပေါင်း 
 
30 လောက်က software ရေးတဲ့ သူတွေက တင်ထားတာတွေ လေ Android Market 
 
က Google အတွက် သာမက ဆော့ဝဲလ်ရေးသူတွေ အတွက်ပါ ကောင်းပါတယ် 
 
ဘာလို့ကောင်းလဲ ဆို ကိုယ်ပိုင် ဂိမ်းတစ်ခုရေးပြီး ကိုယ့် ဆိုဒ်မှာ 
 
လာဝယ်ခိုင်းတာမျိုးက ရောင်းရဖို့ မလွယ်သလို သိသူလဲ အင်မတန်နည်းတာကိုး ဗျ 
 
ဟိုမှာက လည်ရင်းပတ်ရင်းနဲ့လဲ တွေ့နိုင်တာမျိုးလေ ဟဲဟဲ အာကာဖြိုးလဲ 
 
အင်တာနက်မာ့ကက်တင်း လုပ်စားလို့ရလောက်ပြီထင်တယ် 
 
ဟီး တော်တော်တတ်တာကိုးဗျ နော် အဟဲ Google ကလဲ 
 
လူလည်ကျသဗျ ပြောရရင် ဆော့ဝဲလ်ထုတ်လုပ်သူမှန်သမျှ့ ဈေးကွက်မှာ ရောင်းချင်ရင် 
 
ရီဂျစ်စတာလုပ်ရတယ်ဗျ လုပ်ပြီး တစ်ခုေ၇ာင်းရရင် ရောင်းရတဲ့ဈေးနှုန်းအပေါ်မှာ google 
 
ကို 30% ပေးရတယ်လေ ကျွန်တော်တောင် တစ်ခုတင်ထားသေး 
 
ဟိဟိ ပြောပြဘူးတော်ကြာ အလကားလာတောင်းနေဦးမယ် ဟိဟိ

အခု ဆက်ပြီး Android version တွေ ဆက်လေ့လာကြည့်ရအောင်

ပထမဆုံး Android Version 1.0 ကို 2008 ခုနှစ် စက်တင်ဘာလ 23 ရက်နေ့မှာ 
 
စတင်ထုတ်ဝေခဲ့ပါတယ် Android1.0 ကို ထည့်သါင်းပြီး စတင်ထုတ်လုပ်ခဲ့တဲ့ ပထမဆု့း 
 
မိုဘိုင်းအဖြစ် HTC (G1) phone က စခဲ့တာပါ

ဒီနောက်ပိုင်းမှာ ထပ်ထွက်လာတာတွေ ကတော့ 
 
ထူးထူးခြားခြားနာမည်လေးတွေ ဖြစ်သလို အခုနောက်ဆုံးထွက်တဲ့ အထိ 
 
မုန့်နာမည်လေးတွေ ပါ မုန့် အကုန်လုံးကလဲ အချို တွေ သီးသန့် ဖြစ်သလို 
 
နာမည်ပေးထားပုံလေးကလဲ စိတ်ဝင်စားစရာကောင်းပါတယ်  
 
ဘယ်လိုစိတ်ဝင်စားစရာကောင်းသလဲဆို  ဒီလိုဗျ နာမည်လေးတွေကို A,b,c,d အက္ခရာ 
 
စဉ်ပြီးထွက်လာတာပါ အဲ 1.0 နောက်ပိုင်းစထွက်တာက C ကနေ စတာပါ B ပါဘူး 
 
C,D,E စသဖြင့် ထွက်လာတာလေ

 
ကဲ့ကြည့်လိုက်ရအောင် CupCake (version 1.5)

ဒီဗားရှင်းက 30.4.2009 မှာ စထွက်လာတာပါ 1.0 ကအားနဲချက်တွေကို ပြုပြင်ပြီး 
 
ထွက်လာတာလေ


 
နောက် Donut (version 1.6)

 
ဒီ ဒိုးနမ့် မုန့်လေးကို တော့ စက်တင်ဘာ လ 2009 မှာ ထပ်ထွက်လာပြန်ပါတယ် 
 
ဘယ်လောက်ကွာသလဲ ကိုယ့်ဘာသာပဲတွက်တော့နော် ဒီကောင်မှာ 
 
ကင်မရာပိုင်းဆိုင်ရာနဲ့ စခရင် ရီဆိုလူးရှင်းတွေကို အလုပ်လုပ်နိုင်လာပါတယ်  CDMA နဲ့ 
 
EVDO စနစ်တွေကိုလဲ လုပ်ဆောင်နိုင်လာပါတယ်


Eclair (version 2.0/2.1)

 2009 အောက်တိုဘာမှာ ဒီမုန့်လေးထပ်လုပ်ခဲ့ပြီး မာတီဘယ် 
 
အီးမေးလ်အကောက်တွေကို  Device  အတါင်းထည့်သွင်းနိုင်မယ့် နည်းပညာတွေ ခရင် 
 
ဆိုဒ်ကြီးနဲ့ ရီဆိုလူးရင်းအမြင့်တွေကို စပိုစ့်လုပ်နိုင်မယ့်နည်းပညာတွေ  မာတီ touch 
 
feature တွေ စသဖြင့်တိုးတက်ပါဝင်လာသလို HTML 5 ကိုလဲစိပုစ့်လုပ်နိုင်လာ ပါတယ်

 
 
Frovo (version 2.2)

ဒီဗားရှင်းကိတော့ 2010 မေလ မှာ ထုတ်ခဲ့ပြီး ဒီဗားရှင်းဟာ Android 
 
ရဲ့ အောင်မြင်မှု ပြယုဂ်အဖြစ် မှတ်တမ်းဝင်လာနိုင်မယ့် ဗားရှင်းလို့ ဆိုရမှာပါ ကြာင့်ဆို 
 
ဒီဗားရှင်းဟာ ခုချိန်ထိ အသုံးပြုသူ 30% လောက်ရှိနေသေးတာလေ ဒီဗားရှင်းမှာ 
 
မက်ဆေ့ပို့တာတွေ ပါဝင်လာတယ် ဖုန်းကနေ ကွန်ပျူတာကို 
 
အင်တာနက်ရှယ်ယာပေးလို့ရတဲ့ နည်းပညာတွေ Wifi ပြန်လအတ်လို့ရတဲ့နည်းပညာတွေ 
 
ပါဝင်လာပြီလေ နောက် နာမည်ကျော် adobe flash ကို စပိုစ့်လုပ်ပေးနိုင်လာတော့ 
 
အွန်လိုင်းမှာ ဖက်နဲပလုပ်ထားတဲ့ ဟာတွေ ဂိမ်းတွေကိုပါရှာနိုင်လာတယ်ဆိုပါတော့ ဗျာ

 
Gingerbread (version 2.3.x)

 
ဒီဗားရှင်းကတော့ လက်ရှိအချိန်မှာ အောင်မြင်မှု အရှိဆုံးပါပဲ  အသုံးပြုသူ 60% လောက် 
 
ရှိနေပါတယ် ဒီကောင်ကတော်တော်မြင့်လာပါပြီ 
 
အပေါ်ကပြောထားတဲ့ဟာတွေအကုန်ပါပြီးအပြင်ပေါ့နော် ပြန်မပြောတော့ဘူးကျော်လိုက်တော့မယ် 
 
ဒီကောင်မှာ ကီးဘုတ်တွေ ကောင်းမွန်လာပြီး စာရိုက်တဲ့ အခါ ကော်ပီပေ့ စတာတွေ 
 
လုပ်လို့ရလာပါတယ်  Broswer Email နဲ့ software တွေကနေ 
 
အလွယ်တက်ူဒေါင်းယူနိုင်မယ့် ဒေါင်းလော့မန်နေဂျာလဲ ပါလာပါတယ် ဗားရှင်း 2.3.4 
 
မှာတော့ Gtalk ကို Chatting သုံးနိုင်လာတယ်လေ


Honeycomb (version 3.0,3.x)

ဒါကိုတော့ 2012 ဖေဖ၀ါရီလ မှာ ထုတ်ခဲ့ပါတယ်  ဒီကောင်က tablet မှာပဲ 
 
သုံးနိုင်တဲ့ဗားရှင်းပါ ဖုန်းတွေမှာ မရပါဘူး ကင်မရာနဲ့ အင်တာနက် အသုံးပြုမှု 
 
အတွက်အကောင်းဆုံးထုတ်ထားတာပါ Gtalk ကနေ video chat  လုပ်နိုင်ပါတယ် မာတီ 
 
core processors ကို စပို့လုပ်လာနိုင်ပါတယ်


Ice Cream sandwich (version 4.x )

ဒါကတော့ 2011 အောက်တိုဘာလမှာ Galaxy Nexus ဖုန်းနဲ့ အတူ 
 
ထွက်လာတာလေးပါ မြန်မာတွေကတော့ ရေခဲညှပ်လို့ ခေါ်နေတာပါပဲ  ဒီကောင်တွေမှာ 
 
အဆင့်မြင့်လာပါပြီ ကိုယ့်ဖုန်းကို ကိုယ့်မျက်နှာနဲ့ သော့ခတ်ထားမယ် ပြန်ဖွင့်မယ်ဆိုတဲ့ 
 
စနစ်တွေ တောင်ပါလာပါတယ် 1080p video ၇ိုက်ကူးနိုင်ဖို့ စပိုစ့်လုပ်လာပါတယ် 
 
ဒါပဲလားဆို ဟုတ်ဘူးဗျ အလွန်အသုံးဝင်တဲ့ Wi-Fi Direct နည်းပညာလဲပါဝင်လာတယ်  
 
အခုလက်ရှိ တော်တော်များများချိတ်ဆက်နေတာက wireless router တွေ wireless 
 
access point တွေ ချိတ်ဆက်ပြီး ၀ိုင်ယာလက်ကွန်နရှင်ကိုချိတ်ဆက်နေတာပါ Wi-Fi 
 
Direct နည်းပညာ ဆိုတာက ကြားမှာ ဘာမှမလိုဘဲ Drive အချင်ချင်း 
 
တိုက်ရိုက်ချိတ်လို့ရတာပါ လွယ်လွယ် ဥပမာပြောရရင် Bluetooth နည်းပညာလိုပေါ့ 
 
တစ်ခုတည်းကို ချိတ်နိုင်တာမဟုတ်ဘူးနော တစ်ခုကနေ အများကြီးကိုချိတ်ဆက်နိုင်တာ 
 
ထားလိုက်ပါတော့ ဒီအကြောင်းပြောနေတာမှ မဟုတ်ဘဲနော် အသေးစိတ်ဖို့ မလိုပါဘူး



မူရင်းရေးသားထားသူ - အာကာဖြိုး
Saturday, June 29, 2013
Posted by Unknown
Tag :

အဝေးဆုံးတွေကို နီးစပ်ပေးနေတဲ့ TANGO TEXT, VOICE, AND VIDEO 2.10.48610


TANGO ဆိုတဲ့ App ဟာ Android မှာရော iOS မှာရော PC တွေမှာပါ လွယ်လွယ်ကူကူ Install လုပ်နိုင်ပြီး ဆက်သွယ်ရတာလည်း သိပ်ကောင်းပါတယ်.. အကောင့်ဖောက်ရတာလည်း ကိုယ့်ဖုန်းနံပါတ်ကိုထည့်ရုံပါပဲ.. အီးမေးတွေဘာတွေ ထည့်စရာတောင် မလိုပါဘူး.. ကုဒ်တွေလည်း မတောင်းဘူး.. ပြီးတော့ အဓိက အကောင်းဆုံးက Video ကို Live ကြည့်နိုင်တာပါပဲ.. ဆက်သွယ်ထားတဲ့ Device အချင်းချင်း ဗွီဒီယိုကို တိုက်ရိုက် Live ကြည့်လို့ရတယ်.. ဟိုဘက်က ရိုက်နေတာကို ဒီဘက်က ကြည့်နေတာပေါ့.. ခု ဒီကောင်လေးက Update လေးမို့ တင်ပေးလိုက်တာပါ..
Tango gives you the highest quality video & phone calls, texts, photo & video sharing, games and more for FREE! It’s the all-in-one social networking app that finally combines every way you want to interact with friends & family. Join over 120M people around the world & Tango today!
Easy to use
- No login & password - create an account in seconds
- Automatically finds your friends using Tango
- Calls and messages work just like they do on your phone
- Works across most smartphones, tablets, & PCs
- Great quality on 3G, 4G, and Wi-Fi
Fun to use
- Group chat with all your friends and share photos or videos
- Personalize your calls and messages with fun animations to express yourself
- Challenge your friends with games during your calls
- Find all your pictures & videos in a central photo gallery
Free to use
- All video and audio calls are free and don’t use your minutes
- Messages are free and don’t use your text plan
- Free calls and messages internationall

Google Play မှာ Install လုပ်ချင်တယ်ဆိုရင်တော့



အဆင်ပြေပါစေ..

မောင်ပေါက် 
Wednesday, June 26, 2013
Posted by Unknown
Tag :
Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -