Posted by : Unknown Friday, July 26, 2013


Samsung Glaxy S3 မှာ မြန်မာစာကို Manual နည်းနဲ့သွင်းကြည့်ရင်း အဆင်ပြေတယ်.. တစ်ခြား ဖုန်းတွေမှာလည်း လုပ်ကြည့်ပြီးသလောက် အဆင်ပြေတဲ့အတွက် Android Version 4.0 နှင့်အထက်တွေမှာ မြန်မာစာ မမှန်တဲ့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဟောင်းလေး တစ်ခု  ပြန်လည် မျှဝေလိုက်ပါတယ်.. 4.1.2 ထိ အဆင်ပြေတာတွေ့ရပါတယ်.. တစ်ခြားလူ အဆင်ပြေမယ်လို့တော့ အာမမခံနိုင်ပါ. ကျွန်တော် အဆင်ပြေလို့သာ တစ်ခြားလူတွေလည်း လုပ်လို့ရအောင် တင်ပေးလိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ..

နည်းလမ်း

မြန်မာ font ပေါ်ရင် ပြီးပြီ ဆိုသူများအတွက်တော့ အောက်ပါ fontchanger ကို install လုပ်လိုက်ရင်ရပါပြီ။
မြန်မာ စာပေါ်ရုံဖြင့် အားမရသေးဘူး။ display ထဲက font style မှ english font style များကို design စုံ ပြောင်း ချင်သူများအတွက်တော့ အောက်ပါနည်းကို သုံးရပါမည်။
အောက်ပါနည်းကို သုံးလျှင် မြန်မာ font နှင့် English font များကို အဆင်ပြေပြေသုံးနိုင်သော်လည်း တခြား တရုတ် font များကိုတော့ မြင်တွေ့ရမှာ မဟုတ်တော့ပါ။
လိုအပ်သော root explore နှင့် droidsanfallback.ttf ကို အောက်တွင်ဒေါင်းပါ။
၁။ root explore ကို install လုပ်လိုက်ပါ။
၂။ download ဆွဲထားသော Droidsansfallback.ttf ကို sd card ထဲ ထည့်ထားပါ။
၃။ root explore ကို run လိုက်ပါ။ super user permission ပေးလိုက်ပါ
၎။ sd card ထဲမှာ ထည့်ထားတဲ့ Droidsansfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပြီး copy ကို ရွေးလိုက်ပါ
၅။ system/fonts ကို ရောက်လျှင်ညာဘက် အပေါ်ဒေါင့်က Mount R/W ကို နှိပ်ပြီး Mount R/O ဖြစ်အောင်ပြောင်းပါ။ ပြီးလျှင် paste လုပ်လိုက်ပါ။ overwrite လုပ်မလားလို့မေးရင် Yes ကိုရွေးလိုက်ပါ။
၆။ paste လုပ်လိုက်သော droidsanfallback.ttf ကို ၃ စက္ကန့်လောက် ဖိနှိပ်ပါပြီး permissions ကိုနှိပ်လိုက်ပါ။
၇။ permissions ကို rw-r-r ဖြစ်အောင် အောက်က ပုံအတိုင်း အမှန်ခြစ်ပေးပါ။

၈။ အခုဆိုရင်တော့ samsung 4.0 အထက် ဖုန်းတွေမှာ မြန်မာစာကိုလည်း ကောင်းကောင်း မြင်၇သလို၊ English စာကိုလည်း design မျိုးစုံနဲ့ ဖတ်လို့ ရေးလို့ရပါပြီ။

အဆင်ပြေပါစေ..

မောင်ပေါက် < Knowledge Note >
www.maungpauk.org

ဒီပို့စ်ကို http://freemobilesharing.blogspot.com က ရခဲ့တာဖြစ်ပြီး အဆင်ပြေတဲ့နည်းလမ်းကောင်းလေးတစ်ခုဖြစ်တဲ့အတွက် Credit ပေးပါတယ်ခင်ဗျာ..

-------mg paw oo-----

Leave a Reply

Subscribe to Posts | Subscribe to Comments

Saturday, March 29, 2025

Powered by Blogger.

- Copyright © 2025 pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -