ကိုယ့်သန္တာန်မှာ ဥာဏ်ဘုရားပေါ်အောင်လုပ်ရမှာ မလုပ်ကြပါဘဲနှင့် ဟိုနားဘုရားပေါ်တယ်ဆိုရင် သွားလိုက်ကြတာ ဆီးမရ တားမရ၊ နွားမိတ်သင်းကြီးလိုပဲကွယ့်၊ ကောင်းလိုက်တဲ့သဒ္ဒါတရား၊ပါတာအကုန်ချွတ်လှူတာပဲ၊ ပေါ်တော်မူအစစ်ဆိုတာ မှိုနှင့်မျှစ်သာ ရှိသကွယ့်။
အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှုပ်၊ ကိုယ့်အိပ်မက် ကိုယ်မြင်ပြီး လိမ်စားကြတာချည်းပဲ၊ ပေါ်တော်မှန်ရင် မြေထဲမြှုပ်လို့ မဆွေးတဲ့ ကျောက်ဆင်းတုနှင့် ဖန်သားဘုရားတွေချည်းပဲ၊ ကျွန်းသား ဆင်းတုမပါဘူး။
အဲဒီလိုမစဉ်းစားဘဲ အရမ်းကောင်းတဲ့ သဒ္ဒါတရားဟာ သဒ္ဒါရူး၊သဒ္ဒါနှမ်းတဲ့၊ ငွေကုန်ပြီး ဘာမှအကျိုးမရှိဘူး၊ အကျိုးမရှိတဲ့နေရာမှာ သဒ္ဒါတွေကကောင်း၊ အကျိုးရှိမည့်နေရာကျတော့ သဒ္ဒါကမကောင်း။
ဘယ်ကလာပြန်ပြီး မြန်မာတွေ ကောင်းစားမလဲကွယ့်၊ကြည့်ပါလား၊အလှူပေးတာလဲ မြန်မာ၊ မွဲတာလဲ မြန်မာ၊ အဲဒါ သဒ္ဒါအချိုးမကျလို့ကွယ့်။
မြတ်စွာဘုရားက ဆင်းရဲတဲ့လူတွေကို ကရုဏာနဲ့ ပေးကမ်းကြ၊ထောက်ပံ့ကြတဲ့၊ဒါမှ သဒ္ဒါအစစ်ကွယ့်၊အခုတော့ မဟုတ်တာလုပ်ပြီးညာရင် သဒ္ဒါတရားကောင်းပြီး၊ အဲဒါသဒ္ဒါတရား အစစ်မဟုတ်ဘူးကွယ့်၊ဒိဋ္ဌိကွယ့်။
No comments:
Post a Comment