Thursday, April 7, 2011

ဝိသာခါယ သဟာယိကာ(ပဉ္စသတဥပါသိကာ)၀တ္ထု

ပျင်းရိသည်ဖြစ်၍ ၀ီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်မျှု အသက်ရှည်ရ ခြင်းသည် မြတ်၏။

ဂဏ္ဌိဘေဒကစောရ၀တ္ထု

မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိဖြစ်နိုင်သေး၏၊ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

အကြင် စစ်သူရဲတစ်ယောက်သည် စစ်မြေပြင်၌ စစ်သည်ဗိုလ်ပါတို့ကို အကြိမ်တစ်သန်းအောင်နိုင်ရာ၏။ အကြင် သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံး ဖြစ်၏။

ဇရာဝဂ်

ဝိသာခါယ သဟာယိကာ(ပဉ္စသတဥပါသိကာ)၀တ္ထု

(လူအပေါင်း၌)အမြဲ(ကိလေသာမီး)တောက်လောင်နေပါလျှက် အဘယ်ကြောင့် ပျော်မြူးရယ်ရွှင်ဘိသနည်း၊ အဘယ်ကြောင့် နှစ်လိုဝမ်းသာခြင်းဖြစ်ဘိသနည်း၊အ၀ိဇ္ဇာ မိုက်မှောင်ကြီးဖြင့် ပိတ်ဆီး(မြှေးယှက်)အပ်ကုန်သည်ဖြစ်ပါလျက်(သင်တို့သည်) အဘယ်ကြောင့်ပညာဆီးမီးကို မရှာဘဲ နေကြကုန်သနည်း။

No comments:

Post a Comment