Posted by : Unknown Thursday, April 21, 2011

CCProxy V.6.6

on Tuesday, March 22, 2011
CCProxy ကို ဘယ်နေရာတွေမှာအသုံးပြုလို့ရလဲဆိုရင် မိမိ Network မှာ Internet Connection ကို Share ပေးတယ့်အခါမှာ Proxy Server တစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။ CCProxy ရဲ့အားသာချက်ကအနေနဲ့ ဘာတွေရှိသလဲဆိုရင် Windows Server/Client ဘယ် Operative System မှာ Run နိုင်တာရယ် Portable ဖြစ်တာရယ်။ Internet အသုံးပြုတယ့် User တွေကို Username, Password တွေနဲ့တင်မကပဲ Mac address, IP Address တွေနဲ့ထိန်းချုပ်ထားလို့ရသလို Bandwidth ကိုလဲ User အလိုက် ခွဲခြားသတ်မှတ်လို့ရပါတယ်။ အဲ့ဒါအပြင် Website တွေကိုလဲ filter လုပ်ထားနိုင်ပါတယ်။ User တွေ Internet သုံးချိန်ကိုလဲ Shedule ဆွဲပြီးထိန်းချုပ်ထားလို့ရပါသေးတယ်။ User တွေကို ထိန်းချုပ်တယ့် နေရာမှာလဲ User တစ်ယောက်ချင်းစီကို စိတ်ကြိုက် ထိန်းချုပ်လို့ရသလို Group ဖွဲ့ပြီးတော့လဲ ထိန်းချုပ်လို့ရပါတယ်။ CCProxy မှာသုံးလို့ရတယ့် Feature တစ်တွေကို အောက်ဘက်မှာ အသေးစိတ်ရှင်းပြသွားပါ့မယ်။

အရင်ဆုံး CCProxy ကို ဒီနေရာကနေ Download လုပ်ယူပါ။



Download လုပ်ပြီးရင်တော့ RAR File ကိုဖြည်လိုက်ပါ CCProxysetup file ရယ် Keygen folder ရယ်တွေ့ရပါလိမ့်မယ် Keygen folder ထဲမှာတော့ CCProxy Register လုပ်ရာမှာလိုအပ်တယ့် Keygen file ပါရှိပါလိမ့်မယ်။

အခု Install စလုပ်ပါမယ်၊ CCProxysetup.exe ကို Double Click လုပ်လိုက်ရင် အောက်ကပုံအတိုင်းမြင်ရပါလိမ့်မယ်။


Next ကို Click လုပ်ပါ။


CCProxy ကို Install လုပ်မယ့် Path (လမ်းကြောင်း) ကိုရွေးပေးပြီး Next ကို နှိပ်ပါ။


Start Menu မှာပေါ်စေချင်တယ့်စာသား ကို ရိုက်ထည့်လို့ရပါတယ် ပြီးရင် Next ကိုနှိပ်ပါ။


Quick Launch Toolbar ထဲမှာ CCProxy Shortcut ကိုထည့်သွင်းချင်ရင် ရွေးပြီး Next ကိုနှိပ်ပါ။



CCProxy Install လုပ်ဖို့ လိုအပ်တယ့် အချက်အလက်တွေပြည့်စုံပြီ ဖြစ်လို့ စတင် Install လုပ်ဖို့ Install ကိုနှိပ်ပါ။


Install လုပ်ပြီးကြောင်း ပြသတယ့်အခါ Launch CCProxy ကိုရွေးပြီး Finish ကိုနှိပ်ပါ။ အောက်မှာပြထားတယ့် ပုံအတိုင်း CCProxy windows ကိုမြင်ရမှာဖြစ်ပါတယ်။


Install လုပ်လို့ပြီးသွားရင်တော့ Register လုပ်ဖို့အတွက် CCProxy Windows ထဲက Register button ကိုနှိပ်လိုက်တယ့်အခါ Registration Windows ပေါ်လာပါလိမ့်မယ်


အဲ့ဒီ Registration Windows ထဲက Machine ID ကို Copy ကူးယူပြီး


Keymaker Windows ထဲက Your Machine ID Text box ထဲမှာ Paste လုပ်ပြီး Generate ကိုနှိပ်လိုက်ရင် Serial No နဲ့ Register Code ထွက်လာပါလိမ့်မယ် အဲ့ဒီ ၂ ခုကို အသုံးပြုပြီး အဲ့ဒီ Windows ထဲကို Serial No. နဲ့ Register Code ကိုထည့်ပြီး Register button ကိုနှိပ်လိုက်ပါ။ Register လုပ်ပြီးကြောင်း Message ပြလာရင် Ok ကိုနှိပ်လိုက်ပါ။ ပြီးရင် တော့ Registration Windows ကို Close နဲ့ပိတ်လိုက်ပါ။ CCProxy ကို Full Version အနေနဲ့ အသုံးပြုလို့ရပါပြီ။

CCProxy ဆိုတာ က Local Area Network ထဲမှာ Proxy တစ်ခုအနေနဲ့အသုံးပြုရာမှာ အများဆုံးအသုံးပြုပါတယ်။ သူ့ကို LAN ထဲမှာ DNS အနေနဲ့ပါတစ်ပါတည်း တွဲသုံးလို့ရပါတယ်။ CCProxy ကိုသုံးပြီး LAN ကို Internet Connection Share ပေးမယ်ဆိုရင်တော့ Network Card 2 Card ရှိဖို့လိုအပ်ပါတယ်။

CCProxy ကို သုံးပြီး Internet အသုံးပြုတယ့် User တွေကို ကိုယ်ကြိုက်သလို ထိန်းချုပ်လို့ရပါတယ်။ ဥပမာအနေနဲ့ဆိုရင် User တစ်ယောက်ကို တစ်ကြိမ်မှာ Website တစ်ခုထက်ပိုပြီးကြည့်ခွင့်မပေးတာ။ User တွေ Internet အသုံးပြုတယ့် Bandwidth တွေကို ကိုယ့်စိတ်ကြိုက်ထိန်းချုပ်ထားတာ။ User တွေကို ကိုယ်ပေးသုံးချင်တယ့် Website တွေကလွဲလို့ကျန်တာတွေကို ကြည့်ခွင့်မရအောင်ပိတ်ပင်ထားတာ စတယ့် Internet User တွေကို စိတ်ကြိုက် ထိန်းချုပ်လို့ရပါတယ်။ CCProxy အကြောင်းပြောတာနဲနဲ ရှည်သွားတယ် CCProxy ကို Configuration စလုပ်လိုက်ရအောင်။ ပထမဆုံး CCProxy ကိုဖွင့်ပါ။ Options Configuration button ကိုနှိပ်ပါ။


အဲ့ဒီအခါ Configuration Windows ပေါ်လာပါလိမ့်မယ်။


Configuration Windows ထဲညာဘက်အခြမ်းမှာတော့ မိမိ Proxy Server က Services ပေးချင်တယ့် Protocol တွေကို ရွေးပြီး  မိမိ Proxy Server ကို LAN ကနေသုံးတယ့်အခါ အသုံးပြုစေချင်တယ့် Port တွေကို ကိုယ်စိတ်ကြိုက်ပြင်ပေးလို့ရပါတယ်။ ညာဘက်အခြမ်းမှာတော့ မိမိ Proxy Server ကပေးမယ့် Services တွေနဲ့ Proxy Server Option တစ်ချို့ကိုရွေးပေးလို့ရပါတယ်။

အခု Proxy Server Install လုပ်ထားတယ့် စက်ကိုပဲ LAN ရဲ့ DNS Server အနေနဲ့အသုံးပြုချင်တယ် ဆိုရင်တော့ DNS ကိုရွေးပေးခဲ့ရပါမယ်။ ဘယ်လိုပုံစံမျိုးလဲဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ISP ၂ခုရဲ့ DNS ၄ခုရှိပါတယ်။ ဥပမာ အနေနဲ့ဆိုရင် ယခု Yatanarbon Teleport (ယခင် Myanmar Teleport, Bagan Teleport)ရဲ့ DNS Server တွေအနေဲ့ဆိုရင် 203.81.162.22 ရယ် 203.81.162.23 ရယ်ဆိုပြီးရှိပါတယ် Internet ကို Router ကိုအသုံးပြုပြီး Connection Sharing ပေးမယ်ဆိုရင်တော့ Internet အသုံးပြုချင်တယ့် Computer ရဲ့ TCP/IP properties ထဲမှာ ISP ရဲ့ DNS Server IP တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်။

DNS Option ကိုရွေးခဲ့မယ်ဆိုရင်တော့ စက်တိုင်းမှာ ISP ရဲ့ DNS  ကိုသွားဖြည့်စရာမလိုပဲ အခု CCProxy တင်ထားတယ့် Computer ရဲ့ IP ကိုဖြည့်ပေးလိုက်တာနဲ့အဆင်ပြေသွားပါလိမ့်မယ်။ LAN DNS Server အနေနဲ့ပါအသုံးပြုလိုက်တာပါ။

အောက်ဖက်က Local IP Address ကတော့ Default အနေနဲ့ Auto Detect ကိုရွေးပေးထားပါတယ် တစ်ကယ်လို့ Network Card 2 Card ကိုသုံးပြီး Internet Connection Sharing လုပ်မယ်ဆိုရင်တော့ Proxy IP အနေနဲ့ထားချင်တယ့် Network Card ရဲ့ IP ကိုရွေးပေးလို့ရပါတယ်။

CCProxy မှာ ပါတယ့် နောက် Option တစ်ခုကတော့ Web Cached Option ပါပဲ Web Cached Option ကတော့ Intnet အသုံးပြုတယ့် နေရာမှာ အသုံးပြုလိုက်တယ့် Website တွေကို CCProxy Install လုပ်ထားတယ့် Computer ထဲမှာ သိမ်းထားပြီး နောက်တစ်ခေါက်ကအဲ့ဒီ Website ကိုအသုံးပြုတယ့်အခါကျရင် အဲ့ဒီ Website ရှိနေတယ့် Server ထဲက Download သွားမလုပ်ပဲ CCProxy ကသူ သိမ်းထားတယ့် Cache ထဲကနေပြန်ထုတ်ပေးပါတယ့် အဲ့ဒီအတွက် Internet အသုံးပြုတယ့် User တွေအနေနဲ့ Connetion မြန်တယ်လို့ ထင်ရအောင်အသုံးပြုတယ့် Option တစ်ခုပါ။
အဲ့လို Cache Option ကိုသုံးမယ်ဆိုရင်တော့ Cache file တွေကို သိမ်းထားဖို့အတွက် Harddisk မှာလုံလောက်တယ့် Freespace တော့လိုအပ်ပါလိမ့်မယ်။

LAN ထဲမှာ POP3 Mail တွေကို အသုံးပြုမယ်ဆိုရင်တော့ Mail Option ကို ရွေးခဲ့ရမှာဖြစ်ပါတယ်။
တစ်ခြား Option တွေဖြစ်တယ့် Auto Startup နဲ့ Auto Hide ကတော့ CCProxy ကို Computer စစတက်ခြင်း System Tray ထဲမှာ Run စေချင်ရင် ရွေးပေးခဲ့ရမှာဖြစ်ပါတယ်။

Port Map Option ကတော့ Port Forward လုပ်တယ့်နေရာတွေမှာ အသုံးပြုလို့ရပါတယ်။

Configuration နဲ့ပတ်သက်ပြီး အသေးစိတ်ပိုမိုပြင်ဆင်ချင်တယ် ဆိုရင်တော့ Advance ကိုနှိပ်လိုက်ရင် အောက်မှာပြထားတယ့် ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။


Internet Connection ကို Share ပေးဖို့ကိုယ်အသုံးပြုထားတယ့် Internet Connection အမျိုးအစားက Dial-up အမျိုးအစားဆိုရင်တော့ မိမိ အသုံးပြုမယ့် Dial-up Entries ကိုရွေးပေးပြီး Dial-up User Name နဲ့ Password တို့ကိုဖြည့်ပေးရပါမယ်။

Idle Disconnect Minutes Option ကတော့ Dial-up ကိုအသုံးမပြုပဲထားတယ့် အချိန်ဘယ်လောက်ကြာရင်Dial-up Connection ကိုဖြုတ်ချချင်လဲဆိုတာကို ရိုက်ထည့်ခဲ့ရမှာဖြစ်ပါတယ်။

Enable Auto Dial-up Option ကတော့ အောက်ဘက်မှာပေးထားတယ့် Internet Services တွေထဲက Services တစ်ခုကို LAN ထဲကနေ အသုံးပြုလိုက်တာနဲ့ တစ်ပြိုင်တည်း Dial-up Connection ကို Auto ချိတ်ဆက်စေချင်တယ်ဆိုရင်အသုံးပြုလို့ရပါတယ်။

နောက်ထပ် Advance Option တစ်ခုဖြစ်တယ့် Cache နဲ့ပတ်သက်ပြီးပြင်ချင်တယ် ဆိုရင်တော့ Cache Tab ကိုရွေးတယ့်အခါ အောက်မှာပြထားတယ့် ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။


Cache Option ကိုပြင်ရာမှာတော့ Cache files တွေကို Update လုပ်မယ့် အချိန်ရယ် သိမ်းမယ့် Path ရယ်အသုံးပြုမယ့် Harddisk Space ရယ်ကိုပြင်ဆင်လို့ရပါတယ်။ (CCProxy ကအသုံးပြုတယ့် Cache Techonology ကတော့ကိုယ်ပိုင် Techonology မဟုတ်ပဲ Internet Explorer မှာအသုံးပြုထားတယ့် Techonology ကိုယူသုံးထားတာကိုတော့ သတိပြုသင့်ပါတယ်။ ကျွန်တော် သိသလောက်တော့ IE ရဲ့ Cache Techonology ဟာတစ်ခြား Browser တွေရဲ့ Cache Techonology ထက်နိမ့်တာကိုတွေ့ရှိရပါတယ်။ အဲ့ဒါကြောင့် CCProxy ကို သုံးပြီး Cache သုံးမယ်ဆိုရင်တော့ IE7 အနိမ့်ဆုံးတင်ထားမှ အဆင်ပြေတာကို တွေ့ရပါတယ်။)

Cache Update Time(minutes) Option ကတော့ Cache file တွေကို ဘယ်နှမိနစ်ကြာရင် Update လုပ်မလဲဆိုတာ ရွေးပေးရမှာပါ။ (ဥပမာ Cache Update Time(minutes)Option ထဲမှာ မိနစ် 30 လို့ပေးထားခဲ့ရင် ပထမဆုံး website တစ်ခုဖြစ်တယ့် www.downtr.net ကိုခေါ်လိုက်တယ် နောက်တစ်ကြိမ် www.downtr.net ကို ၁၀မိနစ်ခြားပြီးပြန်ခေါ်လိုက်မယ်ဆိုရင်တော့ CCProxy က downtr.net website ကို Download သွားမလုပ်တော့ပဲ Cache ထဲမှာရှိနေတယ့် website ကိုပဲထုတ်ပေးမှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ ပထမအကြိမ်အသုံးပြုပြီးနောက် မိနစ် 40  ကြာမှ အဲ့ဒီ Website ကိုခေါ်မယ်ဆိုရင်တော့ သတ်မှတ်ထားတယ့် Cache Update Time ကျော်လွန်သွားတယ့်အတွက် downtr.net website ကိုသူတင်ထားတယ် Webhosting Server ကနေ Download သွားလုပ်ပေးမှာဖြစ်ပါတယ်။)

Cache နဲ့ပတ်သက်ပြီးပြင်ချင်တယ်ဆိုရင်တော့ IE buttom ကိုနှိပ်လိုက်ရင်အောက်မှာပြထားတယ့် Internet Option Windows ပေါ်လာမှာဖြစ်ပါတယ်။ (IE Version 7 ရဲ့ Internet Properties ဖြစ်ပါတယ်)


Internet Option Windows ထဲ Browsing History Section ထဲက Setting ကိုနှိပ်လိုက်ရင် အောက်မှာပြထားတယ့် Temporary Internet Files and History Settings Windows ပေါ်လာမှာဖြစ်ပါတယ်။


Disk space to use ညာဘက်က Box ထဲမှာတော့ Cache files တွေအတွက်အသုံးပြုမယ့် Harddisk Space ကိုရွေးပေးရမှာဖြစ်ပါတယ်။ ရွေးပေးတယ့်အခါ အနဲဆုံး 8MB ကနေ အများဆုံး 1024MB တစ်နည်းအားဖြင့် 1GB အထိအသုံးပြုနိုင်မှာဖြစ်ပါတယ်။

Cache files တွေကိုသိမ်းမယ့် Path ကိုတော့ Move Folder ကိုနှိပ်ပြီး မိမိသိမ်းချင်တယ့် Path ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ရွေးချယ်မှုတွေပြီးရင်တော့ Ok ကိုနှိပ်ပြီးပြန်ထွက်ပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ Cascading Tag ကိုရွေးလိုက်ရင် အောက်မှာပြထားတယ့် အတိုင်းတွေ့ရမှာဖြစ်ပါတယ်။


Cascading Tage ထဲမှာတော့ CCProxy ကအသုံးပြုမယ့် Proxy Address ကိုထည့်ရမှာဖြစ်ပါတယ်။ မိမိအသုံးပြုတယ့် ISP က Yatanarbon Teleport ကဆိုရင်တော့ ဘာမှရွေးချယ်စရာမလိုပါဘူး။ MPT ကတာဆိုရင်တော့ Enable Cascading Proxy ကိုရွေးချယ်ပြီး Proxy Address Text Box ထဲမှာ MPT ရဲ့ Proxy Address (ygncache.mpt.net.mm) ကိုဖြည့်ပေးရမှာဖြစ်ပါတယ်၊

MPT Proxy ကအသုံးပြုတယ့် Protocol ဖြစ်တယ့် HTTP ကိုရွေးပေးရမှာဖြစ်ပြီး၊ MPT Proxy ကအသုံးပြုတယ့် Port No. (8080) ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။

Proxy ကိုအသုံးပြုရာမှာ Authorization အသုံးပြုဖို့လိုအပ်တယ်ဆိုရင်တော့ Need Authorization ကိုရွေးချယ်ပြီး User Name နဲ့ Password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Log Tab ကိုနှိပ်လိုက်ရင် အောက်မှာပြထားတယ့် ပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။


Log Optiong ထဲမှာ CCProxy ကိုအသုံးပြုတယ့် Information Log တွေနဲ့ပတ်သက်ပြီးပြင်ဆင်မှုတွေလုပ်ချင်တယ်ဆိုရင် ပြင်ဆင်လို့ရပါတယ်။ Save Logs to file Option ကတော့ Log files တွေကိုသိမ်းမယ့် Path ကိုရွေးပေးလို့ရပါတယ်။

Log တွေကို သိမ်းရာမှာလဲ Request URL (အသုံးပြုတယ့် Website လိပ်စာ)၊ Picture Info (Webpage အတွင်းရှိ ဓါတ်ပုံများ၏ URL အပြည့်အစုံ)၊ Web Title Info (Webpage ကိုအသုံးပြုချိန်တွင် Browser ၏ Title Bar တွင်ဖော်ပြသော စာသား) စသည်တို့ကို စိတ်ကြိုက် ရွေးချယ်ပေးလို့ရပါတယ်။

Maximum Lines Option ကတော့ Log file တစ် file မှာအများဆုံးအသုံးပြုမယ့် Line အရေအတွက်ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်၊

Log file တွေကို တစ်ရက်ကို တစ်File နှုန်းနဲ့သိမ်းစေချင်ရင်တော့ New Log Daily Option ကို ရွေးခဲ့ရမှာဖြစ်ပါတယ်။

Enable Flow Stats ကတော့ User တွေအနေနဲ့ Inertnet ကိုအသုံးပြုရာမှာ Receive byte နဲ့ Send byte တွေကို သိချင်တယ်ဆိုရင်ရွေးချယ်ပေးလို့ရပါတယ်။

အောက်ဘက်က Buttom တွေကတော့ Flow Stats ကတော့ Flow Stats File ကိုဖွင့်ကြည့်ရာမှာသုံးပြီး၊ Log File ကတော့လက်ရှိအသုံးပြုနေတယ့် Log File ကိုဖွင့်ကြည့်ရာမှာသုံးပါတယ်၊ Clear Log ကတော့ Log file တွေကိုဖျက်တယ့်နေရာမှာသုံးပါတယ်၊ Export Excel ကတော့ လက်ရှိအသုံးပြုနေတယ့် Log File ကို Excel file အနေနဲ့ပြောင်းရာမှာအသုံးပြုပါတယ်။

CCProxy အနေနဲ့ POP3 E-mail အသုံးပြုခွင့်နဲ့ပတ်သက်ပြီးပြင်ချင်ရင်တော့ Mail Tab ကိုရွေးပါ။


Mail Option မှာ POP3 Mail Client ကအသုံးပြုမယ့် SNTP နဲ့ POP3 ကအသုံးပြုမယ့် Port တွေကိုရွေးပေးရမှာဖြစ်ပါတယ်။ Anti Spam Check with RBL Option ကတော့ E-mail တွေကို Download လုပ်ရာမှာ Spam mail တွေပါမလာအောင် Real-time Blackhole List ကိုအသုံးပြုပြီး စစ်ဆေးစေချင်တယ် ဆိုရင်ရွေးပေးလို့ရပါတယ်။

Network နဲ့ပတ်သက်တယ့် Settings တွေကိုပြင်ချင်ရင်တော့ Network Tag ကို နှိပ်လိုက်ပါ။


Enable SOCKS4 Option ကတော့ Socks4 နဲ့ Socks4a Services ကိုအသုံးပြုချင်ရင်ရွေးလို့ရပါတယ်။

Disable External Users Option ကိုတော့ မိမိ LAN ထဲက IP Rance ကလွဲလို့ကျန်တယ့် IP Rance တွေကိုအသုံးမပြုစေချင်ရင် သုံးလို့ရပါတယ်။ LAN IP Rance ကိုသတ်မှတ်ရာမှာတော့ Configuration Windows အောက်ခြေက Local IP Address ညာဘက်မှာရွေးထားခဲ့တယ့် IP Rance ကိုအသုံးပြုမှာဖြစ်ပါတယ်။

Bandwidth Control Apply for Option ကိုတော့ User တွေကို Bandwidth limite လုပ်ရာမှာ Upload တစ်ခုကိုပဲ limite လုပ်မလား၊ ဒါမှမဟုတ် Download တစ်ခုကိုပဲ limite လုပ်မလား၊ ဒါမှမဟုတ် Upload ကော Download ကော limite လုပ်မလားဆိုတာကိုရွေးလို့ရပါတယ်။

Web Sites for On-line Checking Option ကတော့ CCProxy အနေနဲ့ Internet Connection ရမရစမ်းသပ်ရာမှာ အသုံးပြုစေချင်တယ့် Website Address တွေကိုထည့်သွင်းပေးခဲ့ရမှာဖြစ်ပါတယ်။
Socket Idle Disconnect Minutes Option ကတော့ Socket တွေကို အသုံးမပြုပဲထားရင် အသုံးမပြုတယ့် Socket ကို အလိုအလျောက် Connection ပြတ်သွားစေချင်ရင် သုံးလို့ရပါတယ်။ Connection ပြတ်သွားစေချင်တယ့် Minutes ကိုတော့ ရိုက်ထည့်ခဲ့ရပါမယ်။
အထက်မှာဖော်ပြခဲ့တာတွေအပြင် အခြားအသုံးပြုလို့ရမယ့် Setting တွေကို ပြင်ချင်ရင်တော့ Other Tab ကိုနှိပ်လိုက်ပါ။

Language Option ကတော့ CCProxy မှာအသုံးပြုချင်တယ့် Language ကိုရွေးပေးရမှာဖြစ်ပါတယ်။
Enable Remote Admin ကတော့ CCProxy ရဲ့ Account Manager ကို တစ်ခြားစက်ကနေ Internet Browser တစ်ခုခုကိုသုံးပြီး Control လုပ်ချင်တယ်ဆိုရင်ရွေးပေးရမှာဖြစ်ပါတယ်။ အဲ့လိုရွေးပေးပြီးရင်လဲ Remote Admin ကအသုံးပြုမယ့် TCP/IP Port ကိုရွေးပေးရပါမယ် Default Port ကတော့ 88 ဖြစ်ပါတယ်။

Admin Password ကတော့ CCProxy ကို Remote ၀င်ရာမှာပဲဖြစ်ဖြစ် Software ကိုပြင်ရာမှာပဲဖြစ်ဖြစ် အသုံးပြုမယ့် Password ကိုပေးခဲ့ရမှာဖြစ်ပါတယ်။

Password Protection ကတော့ Default အနေနဲ့ရွေးမထားပါဘူး၊ သူ့ကိုရွေးလိုက်ရင် Admin Password ကို မသိပဲ CCProxy ကို Run ထားတာကလွဲလို့ တစ်ခြားဘာကိုမှလုပ်လို့ရတော့မှာမဟုတ်ပါဘူး။
Need Password When Startup ဒီ Option ကတော့ CCProxy ကို Run ရာမှာ Password မသိပဲ Run လို့မရအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ သုံးလို့ရပါတယ်။

CCProxy ကိုအသုံးပြုပြီးတော့ Internet အသုံးပြုတယ့် User တွေကို Control လုပ်လို့ရပါတယ် အဲ့လို Control လုပ်ဖို့အတွက် Account Management ကိုသိရှိနားလည်ဖို့လိုပါလိမ့်မယ်၊ Account Management ကို နားလည်သဘောပေါက်သလောက်ကို အသေးစိတ်ရေးသားပေးသွားပါ့မယ်။

Account Management ကိုအသုံးပြုဖို့ CCProxy Main Windows ထဲက Account Manager ကိုနှိပ်လိုက်ပါ။


Account Manager Dialogbox ကို အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။


Permit Category မှာဆိုရင် ရွေးချယ်စရာ ၂ခုရှိပါတယ် တစ်ခုက Permit All နဲ့နောက်တစ်ခုကတော့ Permit Only ပဲဖြစ်ပါတယ်။  Permit All ကတော့ အခုလက်ရှိအသုံးပြုထားတယ့် CCProxy ကိုအသုံးပြုပြီး Network ထဲက ဘယ် User (Client) ကိုမဆို Internet ပေးသုံးချင်တယ်ဆိုရင် အသုံးပြုရမယ့် Option ပါ။ Permit Only ကိုတော့ Network ထဲမှာရှိတယ် User (Client) တွေကို ဘယ်သူ့ကိုတော့ ပေးသုံးမယ် ဘယ်သူ့ကိုတော့ ပေးမသုံးဘူး စတယ့် User (Client) တွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်ချင်တယ်ဆိုရင်အသုံးပြုလို့ရတယ့် Option တစ်ခုပါ။

Auth Type ကတော့ CCProxy ကိုအသုံးပြုရာမှာ အသုံးပြုခွင့်ရှိမရှိဆိုတာကို IP Address, MAC Address and User/Password စတာတွေနဲ့ စစ်ဆေးပေးလို့ရပါတယ်။

Web Filter ကိုတော့ ဘယ် Website တွေကို User (Client) တွေကိုပေးသုံးမယ် ဘယ် Website တွေကိုတော့ User တွေကို ပေးမသုံးဘူးစတာတွေကို သတ်မှတ်ပေးလို့ရပါတယ်။

Time Schedule ကိုအသုံးပြုပြီးတော့ User (Client) တွေရဲ့ Internet အသုံးပြုချိန်တွေကို စိတ်ကြိုက် ထိန်းချုပ်လို့ရပါတယ်။
New, Edit, Delete and Select All စတယ့် Buttons တွေကတော့ Account List ထဲက User Account တွေကိုပြင်ဆင်မှုလုပ်ရာမှာ အသုံးပြုလို့ရပါတယ်

Auto Scan ကိုအသုံးပြုပြီး LAN ထဲမှာရှိတယ့် Computer တွေရဲ့ computer name, IP adress နဲ့ MAC address စတယ့် Information တွေကိုသိချင်တယ့် အခါမှာအသုံးပြုလို့ရပါတယ်

Export and Import ကိုတော့ Account List ကို Export ပို့တယ့်အခါ Export လုပ်ထားတယ့် file တွေကို Import လုပ်တယ့်အခါတွေမှာ အသုံးပြုလို့ရပါတယ်။ ဘာနဲ့တူသလဲဆိုတော့ Account List ကို Backup လုပ်တာ Restore လုပ်တာနဲ့သွားဆင်တူပါတယ်။

NT User Auth ကတော့ Active Directory တင်ထားတယ့် Domain Server ထဲက Domain Account တွေကို Account List ထဲကိုပေါင်းထည့်တယ့် နေရာမှာ အသုံးပြုလို့ရပါတယ်။
မှတ်ချက်။   ။Domain Server Base Network မဟုတ်ရင်တော့ သုံးလို့ရမှာမဟုတ်ပါဘူး။

Flow Stats ကတော့ Account တစ်ခုချင်းစီက အသုံးပြုထားတယ့် Download နဲ့ Upload တွေကို byte နဲ့ပြပေးမှာဖြစ်ပါတယ်။
မှတ်ချက်။   ။Advance Option ထဲက Enable Flow Stats Checkbox ကိုမရွေးခဲ့ရင်တော့ ပြပေးမှာမဟုတ်ပါဘူး။


Created New Account

Account အသစ်ဖွဲ့ချင်ရင်တော့ Permit Category ထဲမှာ Permit Only ကိုရွေးပြီး New ကို Click နှိပ်ပါ။


Enable ကိုတော့ Account တွေကို enable ဒါမဟုတ် disable လုပ်တယ့်နေရာမှာသုံးပါတယ်။
User/Group Name ကတော့ User name ဒါမှမဟုတ် Group Name အနေနဲ့ CCProxy ကိုအသုံးပြုရာမှာ အသုံးပြုခွင့်ရှိ/မရှိကို စစ်ဆေးရာမှာအသုံးပြုပါတယ်။

Password ကိုတော့ အပေါ် User Name ထဲက User အတွက် Password သတ်မှတ်ရာမှာသုံးပါတယ်။

IP Address/IP Range ထဲမှာတော့ User Name ထဲက User အသုံးပြုမယ့် Computer ရဲ့ IP Address တစ်ခုထဲဒါမှမဟုတ် IP range တစ်ခုကို သတ်မှတ်ရာမှာ အသုံးပြုလို့ရပါတယ်။
For example: 192.168.0.1 or 192.168.0.1-192.168.0.10

MAC Address ကိုတော့ အခုဖွဲ့နေတယ့် User အသုံးပြုမယ့် Computer ရဲ့ MAC Address ကိုထည့်ပေးရမှာ ဖြစ်ပါတယ် တစ်ကယ်လို့ MAC Address ကိုမသိဘူးဆိုရင်တော့ “?” ကို Click နှိပ်ပြီး ပေါ်လာတယ့် Get Address Box ထဲမှာ Computer Name ဒါမှမဟုတ် IP address ကိုဖြည့်ပြီး Retrieve ကိုနှိပ်ပြီး MAC address ကို ရယူနိုင်ပါတယ်။

As Group ကတော့ အခုဖွဲ့နေတယ့် Account ကို Group အဖြစ် သတ်မှတ်ချင်ရင်အသုံးပြုပါတယ်။

Belongs to Group ကတော့ အခုဖွဲ့နေတယ့် Account ကို ဖွဲ့ပြီးသား Group တွေထဲကိုထည့်သွင်းချင်ရင်အသုံးပြုပါတယ်။

Maximum Connections ကတော့ Account တစ်ခုကို Connection ဘယ်နှစ်လိုင်းပေးသုံးမယ်ဆိုတာ သတ်မှတ်တယ့်နေရာမှာသုံးပါတယ်။ “-1″ ကိုတော့ Unlimited အနေနဲ့သတ်မှတ်ပါတယ်။

Bandwidth ကတော့ Account တစ်ခုကို ပေးသုံးမယ့် အမြင့်ဆုံး Bandwidth ကိုသတ်မှတ်တယ့်နေရာမှာအသုံးပြုပါတယ်။“-1″ ကိုတော့ Unlimited အနေနဲ့သတ်မှတ်ပါတယ်။

WWW, Mail, Telnet, Remote Dial-up, FTP, SOCKS, Others စတယ့် Option ကတော့ Account ကိုပေးသုံးစေချင်တယ့် Services တွေကိုရွေးပေးရမှာဖြစ်ပါတယ်။

Web Filter ကတော့ မိမိ ဖန်တီးထားတယ့် Web Filter ကို Account မှာအကျိုးသက်ရောက်စေချင်တယ့် နေရာမှာသုံးပါတယ်။
Time Schedule ကတော့ မိမိ ဖန်တီးထားတယ့် Time Scheduleကို Account မှာအကျိုးသက်ရောက်စေချင်တယ့် နေရာမှာသုံးပါတယ်။

Auto disable at ကိုတော့ Account ကိုဘယ်အချိန်မှာ Disable လုပ်မလဲဆိုတာကို အသုံးပြုချင်ရင် ရွေးပေးရမှာဖြစ်ပါတယ်။

Web Filter

Web Filter ကိုအသုံးပြုဖို့အတွက် Account Manager Windows ထဲက Web Filter ကိုနှိပ်လိုက်ပါ။


Web Filter Name ကတော့ မိမိဖန်တီးမယ့် Web Filter Rules ရဲ့ Name အနေနဲ့အသုံးပြုပါတယ်။

Site Filter ကိုအသုံးပြုမယ်ဆိုရင်တော့ ရွေးချယ်စရာ ၂မျိုးရှိပါတယ် Permitted Sites နဲ့ Forbidden Sites တော့ပါ။

Permitted Sites ကတော့ သုံးခွင့်ပေးချင်တယ့် Web sites တွေကိုသတ်မှတ်ချင်တယ့် နေရာမှာအသုံးပြုပါတယ်။ Forbidden Sites ကတော့ သုံးခွင့်မပေးချင်တယ့် Web sites တွေကိုသတ်မှတ်ချင်တယ့် နေရာမှာအသုံးပြုပါတယ်။

Permitted Sites ကိုရွေးပြီး Textbox ထဲမှာ *.google.com;???.facebook.com; လို့ရိုက်ထည့်လိုက်ရင် အဲ့ဒီ Web Filter Rules ဟာ Google နဲ့ Facebook ကလွဲလို့ ကျန်တာကို အသုံးပြုခွင့် ပိတ်ထားတာနဲ့ တူညီနေပါလိမ့်မယ်။

Forbidden Sites ကိုရွေးပြီး Textbox ထဲမှာ *.google.com;???.facebook.com; လို့ရိုက်ထည့်လိုက်ရင် အဲ့ဒီ Web Filter Rules ဟာ Google နဲ့ Facebook အသုံးပြုခွင့် ပိတ်ထားတာနဲ့ တူညီနေပါလိမ့်မယ်။

Forbidden URL ကိုတော့ URLs တစ်ခုချင်းစီ ဒါမှမဟုတ် URLs ထဲမှာပါဝင်လာမယ့် စာသားတစ်ခုချင်းစီကို အသုံးမပြုစေချင်တယ့်အခါမှာသုံးပါတယ်။ Forbidden URL Text box ထဲမှာ http://www.google.com/;*.zip;*.exe;*/mail/;လို့ရိုက်ထည့်ထားလိုက်ရင် www.google.com နဲ့ ZIP file extension တွေ EXE file extension တွေနဲ့ mail တွေကို အသုံးပြုခွင့်ပိတ်ထားတာနဲ့ တူညီပါလိမ့်မယ်။

Forbidden Content ကတော့ ညာဘက်က Test box ထဲမှာရိုက်ထည့်ထားတယ့် စာသား တစ်ခုခု Web page URL ထဲမှာ ရိုက်ထည့်ထားတယ့် စာသားတွေပါဝင်ခဲ့ရင် အဲ့ဒီ Webpag ကိုတားဆီးပေးမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ sex;sexy လို့ရိုက်ထည့်ထားလိုက်ရင် URL ထဲမှာ sex ဒါမှမဟုတ် sexy ဆိုတာပါခဲ့ရင် အဲ့ဒီ Webpage ကို မပြသပဲနေမှာဖြစ်ပါတယ်။


Time Schedule (Access Time Control)

Time Schedule ကိုအသုံးပြုချင်ရင်တော့ Account Manager Windows ထဲက Time Schedule button ကိုနှိပ်လိုက်ပါ။


Time Schedule Name ကတော့လက်ရှိ ဖန်တီးမယ့် Time Schedule Rule ရဲ့ နံမည်ပါ။
Sunday to Saturday ကိုတော့ မိမိပေးသုံးချင်တယ့် နေ့၊ အချိန် စတာတွေကို သတ်မှတ်ပေးရာမှာအသုံးပြုပါတယ်။

CCProxy Installation, Option Configuration နဲ့ Account Management ကတော့ဒီလောက်ပါပဲ။ CCProxy ကိုအသုံးပြုပြီး မိမိတို့ရဲ့ LAN ထဲက User တွေကို Internet Usague နဲ့ ပတ်သက်ပြီး ကိုယ့်စိတ်တိုင်းကျ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

CCProxy နဲ့ ပါတ်သက်ပြီး အခက်အခဲတွေဒါမှမဟုတ် တစ်ခြားမေးမြန်းလိုတာတွေရှိရင် Mandalar.Net@gmail.com ကို Mail ပို့ပြီးမေးဖြစ်စေ။ http://MandalarNet.mandalaybloggers.org မှာ Comment ရေးလို့ပဲဖြစ်စေ မေးမြန်းနိုင်ပါတယ် သိရှိသမျှကိုပြန်လည်ဖြေကြားပေးသွားမှာဖြစ်ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -