Posted by : Unknown Thursday, April 7, 2011

Running Squid Proxy Server on Window

Squid Proxy ဆိုတာကတော့ တော်တော်များများ သိကြမှာပါ ။

အင်တာနက်ကဖေးတွေရော ၊ ISP တွေ အထိပါ အသုံးပြုကြတဲ့ open source Proxy Server software တစ်ခုပါ။

web cache တွေရော ၊ bandwidth control , load balance စသဖြင့်တွေပေါ့ဗျာ .. အရမ်းအသုံးဝင်တဲ့

open source လေးပေါ့ ။ ဒီ squid နဲ့ ပက်သက်ပြီး ubuntu မှာ အင်စတောလုပ်နည်းကိုတော့ ကျွန်တော် ရေးခဲ့တာ

ဒီနေရာလေးမှာ တော့ရှိပါတယ်။ ဒါပေမဲ့ Ubuntu မှာ အသေးစိတ် configure လုပ်တာကိုတော့ မရေးဖြစ်သေးပါဘူး။

ကျွန်တော် squid နဲ့ပက်သက်ပြီး အသေးစိတ် ရေးပေးဖို့ စိတ်ကူးတော့ရှိပါတယ် ။

squid configure file ရဲ့ တစ်ကြောင်းချင်း လုပ်ဆောင်ပုံတွေကိုပေါ့ ။

အခုလောလာဆယ်တော့ ကျွန်တော် ဆွေးနွေးမှာက window မှာ အသုံးပြုနိုင်အောင်ပါ။ window မှာဆိုလို့ ဘယ်ဝင်းဒိုးမှာမဆို အသုံးပြုနိုင်ပါတယ်။

အခုဝင်းဒိုးမှာ squid proxy run ပုံကို ကျွန်တော့်ဆရာသမား ကိုရေခါးကိုယ်တိုင် newbie တွေ အတွက်ပါ အသုံးပြုနိုင်အောင်

program ရေးပြီးလုပ်ထားတဲ့ squid software ultility လေးနဲ့ တင်ပြလိုက်ပါတယ် ။ အသေးစိတ်ကို မြန်မာအင်ဂျင်နီယာဖိုရမ်မှာ ကိုရေခါးကိုယ်တိုင် ဆွေးနွေးပေးထားတာ ရှိပါတယ်။

အရင်ဆုံး ကိုရေခါး program ရေးထားတဲ့ ဒီဆော့ဖ်ဝဲလ်လေးကို အောက်ကလင့်မှာ ဒေါင်းလိုက်ပါခင်ဗျာ ။

Download Squid

http://www.mediafire.com/?f1mfb7s64h82y3s

(or)

http://ifile.it/mubrs2k

(or)

http://www.4shared.com/file/xFpaBv2r/ySquidSetup.html

ဒေါင်းလုပ်ချပြီးရင်တော့ အင်စတောလိုက်ပါခင်ဗျာ .. အားလုံးပြီးသွားရင်တော့ ဖွင့်လိုက်ပါ ။ အခုလိုပေါ်လာပါမယ်။

ကျွန်တော်တို့ စတင်အသုံးပြုလို့ရပါပြီး ။ အသုံးပြုချက်ကလဲ လွယ်လွန်းလှပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ squid ကို window service မှာ အင်စတောမလုပ်ပဲ

ရိုးရိုး Normal Start နဲ့ပဲ ဆာဗာကို စလိုက်ပါ။ ဒီနေရာမှာ အသက်ဟာ squid configuration ပါပဲ ။ Squid Configuration ကိုနှိပ်ပြီး Open With Notepad နဲ့ ဖွင့်လိုက်ပါ။

configure file ပေါ်လာပါလိမ့်မယ် ။ ကုတ်တွေက ကြည့်လိုက်ပါက အဓိကနေရာ ၃ ခုလောက်ပဲ သတိထားရမှာပါ။

မိမိအင်တာနက်က proxy number နဲ့ သုံးရတဲ့ parent proxy လိုမျိုးဆိုရင် cache_peer ကို enable ပေးရပါမယ်။

enable ပေးဖို့အတွက် # လေးကို ဖြုတ်လိုက်ယုံပါပဲ ။ disable ပြန်ပေးချင်ရင် #cache_peer ဆိုပြီး ရှေ့မှာ # လေးထည့်ပေးလိုက်ယုံပါ။

proxy number သများအတွက် cache_peer 10.50.0.45 parent 3128 3130 default နေရာမှာ 10.50.0.45 နေရာမှာ သင့် proxy host နဲ့ 3128 နေရာမှာ

သင့် proxy port ထည့်ပေးရမှာပါ။ တကယ်လို့ မိမိသုံးတဲ့အင်တာနက်က proxy host and port သာမက username and password ပါထည့်ရမယ်ဆိုပါက အောက်ကအတိုင်း

လုပ်ပေးလိုက်ပါ။

cache_peer 10.50.0.45 parent 3128 3130 login=username:password default

http_port 8080 ပေးထားတဲ့အတွက် client များအတွက် browser မှာ port 8080 နဲ့ ဖွင့်ရမှာဖြစ်ပါတယ်။ မိမိစိတ်ကြိုက်ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။

နောက်တစ်ခုက မိမိက NIC ၂ ကဒ်နဲ့ အင်တာနက်ပြန်ပေးသူဆိုရင်တော့ ACL(Access Control List) နေရာမှာ ပြင်ပေးရပါဦးမယ်။

တကယ်လို့ နောက် NIC တစ်ကဒ်ရဲ့ IP address က 192.168.1.0 ဆိုရင်

acl localnet src 192.168.1.0/255.255.255.0 ဆိုပြီးရေးပြီး ၊

http_access allow localnet ဆိုပြီး ရေးရပါမယ်။ အဲ့နေရာမှာ မိမိ IP address ပြောင်းလဲသလို ပြောင်းလဲပေးရပါမယ်။

ဆိုလိုတာက localnet ကို allow ပေးမယ်လို့ဆိုလိုတာပါ ။ မိမိက localnet နေရာမှာ မိမိစိတ်ကြိုက်နာမည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပေးတဲ့နာမည်ကို allow မှာလဲ အဲ့နာမည်ကို ခွင့်ပြုတာပါ။

ဥပမာ ..

acl phoelapyae src 192.168.0.1/24

http_access allow phoelapyae

အဲလိုပေါ့ ..

အဲဒါတွေ ပြင်ဆင်ပြီးဆိုရင်တော့ User Registration မှာ မိမိစိတ်ကြိုက် username and password ထည့်ပြီး Add user လုပ်လိုက်ပါ ။

ဘာလို့လဲဆိုတော့ browser ကနေ ဖွင့်တိုင်း username and password တောင်းမှာမို့ ပါ။

အဲဒါတွေ ပြီးရင်တော့ စတင်အသုံးပြုလို့ရပါပြီး ။

အရင်ဆုံးဆာဗာထိုင်တဲ့စက်က squid အောင်မြင်စွာအလုပ် လုပ်မလုပ်ကို browser ရဲ့ Network setting မှာ proxy host - localhost , port - 8080

လို့ရိုက်ပြီးထည့်လိုက်ပါ။

အဲလိုထည့်ပြီး ၀က်ဆိုက်တစ်ခုခုကို ဖွင့်လိုက်ရင် အခုလိုပဲ username and password တောင်းတာကို တွေ့ရပါလိ့မ်မယ်။

အဲဒီအခါ စောစောက User Registration မှာ မိမိ Add user လုပ်ထားတဲ့ username and password ကိုထည့်ပေးလိုက်ပါ။

ဒါဆို အင်တာနက်ရပါပြီး ။ ဆာဗာမှာ squid proxy အောင်မြင်စွာ ရမ်းနိင်ပါပြီး ။

NIC ၂ ကဒ်နဲ့ အသုံးပြုသူများအနေနဲ့ internal LAN အတွက် LAN IP address ကို 192.168.0.1 လို့ ပေးထားရင် client စက်ရဲ့ browser မှာ

proxy host - 192.168.0.1 နဲ့ ထည့်ပေးရမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ squid proxy ကို window မှာ အလွယ်တကူအသုံးပြုနိုင်ပါပြီး ။

မှတ်ချက် ။ ။ configuration ပြန်ပြင်ပြီးတိုင်း Squid Restart လုပ်ဖို့ မမေ့ပါနဲ့ ။

ဒါကတော့ ကိုရေခါးကျေးဇူးနဲ့ အလွယ်တကူလုပ်နိုင်တာပါ။

မိမိဘာသာ manual ကိုလဲ window မှာ စမ်းနိုင်ပါတယ် ။ သိပ်တော့ မကွာခြားလှပါဘူး ။ အဓိကကတော့ configuration ကို ပိုင်ပိုင်နိုင်နိုင် သိဖို့ပါပဲ။

နောက်ထပ် ကျွန်တော် ubuntu server အတွက် အချိန်ရရင် အသေးစိတ် ထပ်ရေးပေးပါ့မယ်။

အဲ့ကျရင်တော့ configuration file တွေ ဘယ် command က ဘာလုပ်တယ်ဆိုတာပါ ရေးပေးသွားပါ့မယ် ။ လုပ်နည်းတွေကတော့ တူတူပဲနော် ..

squid configration ကို သေချာသဘောပေါက်နားလည်ချင်ရင်တော့ အောက်ကလင့်ကို သွားလေ့လာနိုင်ပါတယ်ခင်ဗျာ ။

http://www.visolve.com/squid/squid24s1/contents.php

အားလုံး အဆင်ပြေပြေ သုံးနိုင်ကြပါစေခင်ဗျာ ။

{ 1 comments ... read them below or add one }

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -