Posted by : Unknown Saturday, April 23, 2011

မနေ့က သူငယ်ချင်းကွန်ပျူတာပျက်လို့ သွားပြင်ပေးတာနဲ့ သိတာလေးတစ်ခု ဝေမျှလိုက်တာပါ။
ကျနော်က hardware လဲ အမြဲပြင်တာမဟုတ်တော့ ဒီ computer error beeps တွေကို သိပ်နားမလည်ဘူး။
ဘာအသံမြည်ရင် ဘာပျက်တာလဲပေါ့ ။ မနေ့က သူငယ်ချင်းစက်မှာ စက်ဖွင့်တော့ error beep code အသံကြားတာနဲ့
google မှာ ရှာလိုက်တာ သူတို့ ဖော်ပြထားတာနဲ့ ကွက်တိပါပဲ။ ဖြစ်တာက အသံရှည်တစ်ချက်မြည်ပြီး ၊ အသံတို ၂ ချက် ပေးတာပါ။
google မှာ လိုက်ဖတ်တော့ VGA မကောင်းတာတဲ့ ။ အဲဒါနဲ့ စမ်းတပ်ကြည့်တော့ ဟုတ်နေတယ်။
ဒီတော့ ဘာအသံမြည်ရင် ဘာဖြစ်တာလဲဆိုတာ အကြမ်းဖျင်းလောက် ခန့်မှန်းကြည့်နိုင်အောင် ကြည့်သွားလိုက်ပါနော်။
နည်းနည်းလေးပါပဲ .. အသေးစိတ် beep code တွေ ချရေးပြရင် နားဝင်မှာမဟုတ်တော့ဘူး ။ အခုက နည်းနည်းလေးပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -