Posted by : Unknown Saturday, April 23, 2011

ကျနော့်အရင်ဘလော့ မပျက်ခင်တုန်းက ရေးခဲ့ဘူးတဲ့ ခေါင်းစဉ်တစ်ခုပါပဲ ။
ဒါပေမဲ့ အန်မတန်အသုံးဝင်လို့ မှတ်စုတစ်ခုအနေနဲ့ ပြန်လည်ရေးလိုက်တာပါ။
ကျွန်တော်ကတော့ firefox browser ကိုပဲ အကြိုက်ဆုံးပဲ ။ firefox ရဲ့ addon တွေ အရမ်းကောင်းလှပါတယ်။
နောက်မှ ကျွန်တော်အသုံးပြုတဲ့ addon အကြောင်း ရေးပါဦးမယ်။ ကျွန်တော်ကတော့ site တွေမှာ register လုပ်ရင်
အများအားဖြင့် password ကို မှတ်ထားတတ်ပါတယ်။ ပြီးတော့ browser setting ကို zawgyi-one ပြောင်း ၊
ပြီးတော့ ကြိုက်နှစ်သက်လှတဲ့ site တွေကို bookmark မှတ် စသဖြင့် စုံစိအောင် အသုံးပြုပါတယ်။ ပုံမှန်အားဖြင့် အကြောင်းမဟုတ်လှပေမဲ့

window ပြန်တင်ရင် အရမ်းဒုက္ခရောက်ပါတယ်။ အရင်မှတ်ထားတဲ့ ဆိုက်လိပ်စာတွေကပျောက် ၊ ပေးထားတဲ့ password က အမြဲဝင်နေကြမဟုတ်တော့ ဘာပေးထားမှန်မသိတော့ ..
စသဖြင့် အဲလိုတွေ ပြသနာကင်းဖို့ ကျွန်တော်ဝင်းဒိုးမချခင် အရင်ဆုံးလုပ်တာကတော့ firefox setting တွေကို ဘက်ကပ်လုပ်တာပါပဲ ။
သူက သုံးရတာအရမ်းလွယ်ပါတယ် ။ MozBackup ဆိုတဲ့ ဆော့ဖ်ဝဲလ်လေးပါ ။ တစ်ခြား ဘက်ကပ်ဆော့ဖ်ဝဲလ်တွေ ရှိပေမဲ့ ကျနော်ကတော့ ဒီကောင်လေးကိုပဲ နှစ်ခြိုက်စွာ
အသုံးပြုပါတယ် ။ သူ့ကို ဒေါင်းချင်ရင် မူရင်းဆိုက်မှာ ဖရီးဒေါင်းနိုင်ပါတယ် ။
http://mozbackup.jasnapaka.com/download.php
ဘက်ကပ်လုပ်နည်းကတော့ သူ့ကိုဖွင့်ပြီး အောက်ပါအတိုင်း Backup a Profile ကိုရွေး ၊

ပြီးရင်တော့ သူက မိမိဘက်ကပ်လုပ်မဲ့ဖိုင်ကို ဘယ်နေရာမှာ သိမ်းမလဲဆိုတာ မေးပါမယ်။ မိမိကြိုက်တဲ့နေရာမှာ သိမ်းလိုက်ပါ။

ပြီးရင်တော့ မိမိဘက်ကပ်လုပ်ချင်တဲ့ အစိတ်အပိုင်းတွေကို အမှန်ခြစ်ပေးယုံပါပဲ ။ မလိုအပ်တဲ့ဟာတွေကို အမှန်ခြစ်ဖြုတ်ပြီး ထားခဲ့ပေါ့ ။

ဒါဆိုရင် firefox setting တစ်ခုလုံးကို ဘက်ကပ်လုပ်ပြီးပြီးဖြစ်ပါတယ် ။ မိမိက အဲဒီအတိုင်း ပြန်လိုချင်ရင်တော့ import ကနေ စောစောက မိမိဘက်ကပ်လုပ်ထားတဲ့ဖိုင်ကို
ပြန်ညွှန်းပေးလိုက်ရင် သူ့ဘာသာအော်တို rewrite လုပ်သွားပါလိမ့်မယ်။ ဒါဆို အဆင်ပြေလိမ့်မယ်ထင်ပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

Powered by Blogger.

- Copyright © pw - Metrominimalist - Powered by Blogger - Designed by Johanes Djogan -